News

“ဒေါ်လာ ၂၇,၁၇၀ ( ၃၅၈ သိန်းကျော်) ဖြင့် ရောင်းထွက်ခဲ့တဲ့ ပန်းချီကားချပ်ကို ရေးဆွဲခဲ့တဲ့ အိမ်မွေးဝက်မလေးတစ်ကောင် (ရုပ်သံ)

ပန်းချီဆွဲတဲ့ အိမ်မွေးဝက်မတစ်ကောင်ဟာ သူမရဲ့နောက်ဆုံးထွက်ပန်းချီကားဖြစ်တဲ့ “ Wild AND FREE” ကို Peter Esser အမည်ရှိ ဂျာမန်ဝယ်သူတစ်ခုမှ အမေရိကန်ဒေါ်လာ ၂၇,၁၇၀ ( ၃၅၈ သိန်းကျော်) ဖြင့် ရောင်းချခဲ့ပြီးနောက် သူမရဲ့အိမ်သို့ ဝင်ငွေအမြောက်အများဝင်လာစေခဲ့ပါတယ်။ ၎င်းပန်းချီကားဟာ သူမရဲ့ ယခင် ဒေါ်လာ ၁၉,၆၉၃ (သိန်း ၂၆၀ နီးပါး) တန်ပန်းချီကားရဲ့စံချိန်ကို ချိုးဖျက်ခဲ့တာပါ။

၎င်း Pigcasso အမည်ရှိ အနုပညာရှင် ဝက်မလေးဟာ လွန်ခဲ့တဲ့ငါးနှစ်က သူမ၏ပိုင်ရှင် Joanne Lefson က သားသတ်ရုံမှ ကယ်တင်ခဲ့တာပါ။ Joanne ဟာ သူမရဲ့ စုတ်တံများကို မတော်တဆ ဂိုဒေါင်ထဲမှာ ကျန်ထားခဲ့မိပြီးတဲ့နောက်မှာ Pigcasso ၏ အနုပညာစွမ်းရည်ကို သူမ သတိပြုမိသွားခဲ့ပါတယ်။

Joanne က “ ကျွန်မ Pigcasso ကို အရင်က သူမ မလုပ်ဖူးတဲ့အရာတစ်ခုကို ဖန်တီးစေချင်ခဲ့တယ် ၊ ဥပမားအားဖြင့် သူမကို တိရိစ္ဆာန်တစ်ကောင်ကဖန်တီးထားတဲ့ အနုပညာလက်ရာတစ်ခုရဲ့ ပင်ကိုယ်တန်ဖိုးကို စိန်ခေါ်နိုင်သည့် သူမရဲ့အရွယ်အစားထက်ပိုကြီးတဲ့ ကေးဗတ်ပေါ်ကို ပုံဆွဲစေချင်ခဲ့တာပါ ၊ အခုတော့ သူမ အဲ့ဒီပန်းချီကားကို တန်ဖိုးကြီးကြီးနဲ့ လေလံရောင်းချနိုင်ခဲ့ပြီ ” ဟု ပြောကြားခဲ့ပါတယ်။ Pigcasso က ၎င်းပန်းချီကားကို အပြီးသတ်ပြီးသွားတဲ့အခါ ၎င်းပန်းချီကားအား ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ပြီးနောက် ထုတ်ဝေပြီး ၇၂ နာရီအကြာမှာ ရောင်းထွက်သွားခဲ့ပါတယ်။

“ Pigcasso ဆွဲလိုက်တဲ့ အစိတ်အပိုင်းတစ်ခုစီတိုင်းက စိတ်ဝင်စားစရာကောင်းနေခဲ့တယ်၊ အဲ့ပန်းချီကားက မြင်သာထင်သာရှိပြီး လှပရုံသာလှပတဲ့ပန်းချီကားတစ်ချပ်မဟုတ်ပါဘူး။ အဲ့ပန်းချီကားက Pigcasso အတွက်နှင့် မွေးမြူရေးတိရိစ္ဆာန်တွေအတွက် လေးနက်တဲ့ အခိုက်အတန့်ပါဘဲ။

အဲဒါကို သင်မမြင်နိုင်ပေမဲ့လည်း ၎င်းတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနှင့် တီထွင်ဖန်တီးနိုင်စွမ်းကို ပိုတန်ဖိုးထားမိသွားတတ်ပါလိမ့်မယ် ” လို့လည်း ပိုင်ရှင်ဖြစ်သူ Joanne က ဂုဏ်ယူစွာ ဆက်လက်ပြောကြားခဲ့ပါတယ်။

ရုပ္သံၾကည့္ရန္

ဝက်တစ်ကောင်က ဆွဲတဲ့ပန်းချီကားက သိန်းရာချီနဲ့ရောင်းချနိုင်တယ်ဆိုတော့ စာဖတ်သူတို့ကော ဝက်လေးတစ်ကောင် မွေးချင်သွားပြီမလားဗျာ ။

JRose (KB Chimmy One)

Reference : 9gag