ဗဟုသုတ

“အင်းဝပျက်ကိန်းနဲ့ တစ်ထပ်တည်းဖြစ်နေတဲ့ ယနေ့ပြန်မာပြည် အခြေအနေ”

အင်းဝပျက်ကိန်းနဲ့တထပ်တည်းပါလား.💥❓

အင်းဝပြည်ကြီး အလုံးစုံ ပျက်စီးစေတဲ့၊ ဖျက်ဆီးခဲ့တဲ့မင်းဟာ,ကြာသပတေးမင်းခေါ် ဟံသာဝတီမင်းပါတဲ့၊

၁၆နှစ်နဲ့ ဘုရင်ဖြစ်ခဲ့၊

ဗေဒင်၊ယတြာ၊အလွန်ယုံတယ်၊

အဆောင်,လက်ဖွဲ့ ၊ အထက်လမ်း၊အောက်လမ်း၊ အစီအရင်,ဂါထာ,မန္တရား တွေကို၊ပြုလုပ်စေတယ်၊ဆောင်ထားတယ်၊

အသိပညာညဏ်၊ အလွန်အမင်း၊အားနည်းတယ်။

ပညာရှိ မှူးမတ်တွေကို၊သတ်တယ်၊ဖမ်းတယ်၊ဖယ်ရှားတယ်၊

လူမိုက်တွေကို မြှောက်စားတယ်၊

ဘွဲ့ထူး,ဂုဏ်ထူးတွေကို ပေးတယ်၊မိမိကိုယ်ကိုလဲ? မတန်မရာဘွဲ့ထူး,ဂုဏ်ထူးတွေကို၊သတ်မှတ်အမည်တပ်တယ်၊

သူ့ခေတ်မှာ၊ဆင်းစီး၊ ရွှေထီးဆောင်းပြီးလူဆိုးက၊ ဓါးပြတိုက်တယ်၊

သာသနာမှာလဲ ဖျက်တယ်၊ရဟန်းကြီးကြိုက်ဆိုတဲ့ သေရည်အရက်ကိုတောင် ဖန်တီးခဲ့တယ်၊

ဂုံးချော,ဂုံးတိုက်စကားတွေကို၊ အလွန်ယုံကြည်တယ်၊

အရပ် လေးမျက်နှာမှာ၊ စစ်ဖြစ်တယ်၊ စစ်မျက်နှာပွင့်တယ်၊ စစ်ဗိုလ်,စစ်သားတို့ လွန်စွာဖေါက်ပြန်, ဆင်းရဲခြင်းဖြစ်တယ်။

သူ့ရဲ့အဆိုအမိန့်တခုက၊

ငါချစ်သူကို_ချစ်ရမယ်၊

ငါမုန်းသူကို_မုန်းရမယ်၊

ငါနဲ့မတဲ့သူဟာ_ငါ့ရန်သူပဲ၊ တဲ့။

အဲဒီအာဏာရူးဘုရင် လက်ထက်မှာ အင်းဝပြည်ဟာ အလုံးစုံပျက်စီးသွားတယ်၊

အင်းဝထီးနန်းဟာလုံးဝ ပျက်သုဉ်းသွားတယ်၊

ရာဇဝင်မှာ အယုတ်ညံ့ဆုံး၊ အနိမ့်ကျဆုံး၊ညဏ်အနည်းဆုံး မင်းလို့ သတ်မှတ်ကြတယ်၊

အခု၊ အင်းဝပျက်ကိန်း,ဆိုက်နေပြီ၊ တထပ်ထည်း နီးပါးတူညီနေတယ်။

လောကနိယာမ တရားအရ၊ အဆိုးတရားတွေ၊ပျက်သုဉ်းပီးရင်တော့ အကောင်းတရားတွေဟာ၊မုချ ရောက်လာမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲ ဧဝဧကံ အမှန်တရားပါဘဲလို့။

မြန်မာပြည်ကြီးငြိမ်းချမ်းပါစေသော်..🌈

U Than Win

Via, Myo Zin