ဗဟုသုတ

“တစ်ရက် နှစ်ရက် သုံးရက်…အပျင်းဖျားပြီး အဖျားလုံးဝမကျဘူးဆို…တစ်ကိုယ်လုံးချွတ်ပြီး…ဒီလို အနာလေးတွေ ရှာကြည့်ပါ…”

တစ်ရက် နှစ်ရက် သုံးရက်…အပျင်းဖျားပြီး အဖျားလုံးဝမကျဘူးဆို…တစ်ကိုယ်လုံးချွတ်ပြီး…ဒီလို အနာလေးတွေ ရှာကြည့်ပါ…

အနာဟာ…ဝက်ခြံ ပြည်ဖုတို့နဲ့မတူပါ…

အနာရဲ့ အလည်မှာ..ကိုက်လိုက်တဲ့ အကောင်ရဲ့ အဆိပ်ကြောင့် မည်းနေတဲ့ necrotic area ရှိပါတယ်…

ဆူဆူဂါမူရှိဆိုတဲ့ ဘက်တီးရီးယားပိုးကို သယ်ဆောင်ထားတဲ့…မွှား…သန်း…လှေး…ကမြင်းနီကောင်တို့အကိုက်ခံရတာကြောင့်ဖြစ်ပါတယ်…

စောစောမသိခဲ့ရင်…အသက်အန္တာရာယ်ဆုံးရှုံးရသည်အထိ…အရေးကြီးတဲ့ ရောဂါဖြစ်ပါတယ်…

စောစောသိခဲ့ရင်လဲ…လွယ်လွယ်ကူကူနဲ့…စျေးပေါတဲ့…တစ်ကတ် ၅၀၀-၁၀၀၀ လောက်သာ ရှိတဲ့…Doxy ဆိုတဲ့ဆေး မနက်တစ်လုံး ညတစ်လုံး…
သောက်လိုက်တာနဲ့ တစ်ရက်နှစ်ရက်ဆို အဖျားကျပါတယ်…

ပြီးရင်…ဆေးပတ်လည်အောင်…တစ်ပတ်တိတိလောက်ထပ်သောက်လိုက်တာနဲ့…လုံးဝ အရှင်းပျောက်ကင်းနိုင်ပါတယ်…

ဝေးလံခက်ခဲပြီး…ကျန်းမာရေးစောင့်ရှောက်မှု ရှားပါးတဲ့နေရာတွေအတွက်…သိသလောက်လေး…မျှဝေပါတယ်…😊

credit : Thet Khine Min