မိုးႀကိဳး ပစ္ပံု ပစ္နည္း (၄) မ်ိဳးႏွင့္ မိန္းမေတြထက္ ေယာက်္ားေတြဟာ အပစ္ခံရႏိုင္ေျခ ပိုမ်ား…
မိုးႀကိဳးပစ္ခံရတယ္ဆိုတာက… ရာသီဥတုအေပၚ အမ်ားစု အေျခခံၿပီး တစ္ခါတေလမွာေတာ့ အေၾကာင္းျပခ်က္မဲ့ ကြင္းထဲ၊ လမ္းထဲမွာ ပစ္ခံရတတ္ပါတယ္။ အဓိက အေနနဲ႔
အပူ၊ အေအး ထိပ္တိုက္ေတြ႕ဆုံမႈမွာ မိုးႀကိဳးဟာ ျဖစ္ေပၚတာျဖစ္ၿပီး ျဖစ္ပြားခ်ိန္မွာ လွ်ပ္စစ္ဓာတ္အေနနဲ႔ ေျမျပင္ကို ပစ္လႊတ္ပါတယ္။ လူေတြကို မိုးႀကိဳးပစ္တဲ့အခါ
နည္းေပါင္းဘယ္ႏွမ်ိဳးနဲ႔ ပစ္ေလ့ရွိၾကလဲ ဆိုတာ မွတ္တမ္းတစ္ခုရွိပါတယ္။ ၿပီးေတာ့ အခု စာရင္းျပဳေဖာ္ျပလိုက္တဲ့ မိုးႀကိဳးပစ္ပုံ အမ်ိဳးအစားေတြထဲက ဘယ္ပုံစံနဲ႔ပဲ ပစ္ခဲ့ပစ္ခဲ့ ေသေစႏိုင္ပါတယ္။
အကယ္၍ မိုးႀကိဳးပစ္ခံရတဲ့ အေျခအေနတစ္ခုနဲ႔ ေတြ႕ႀကဳံခဲ့ရရင္လည္း မိုးႀကိဳးပစ္ခံခဲ့ရသူကို အသက္ဆက္လက္ရွင္သန္ႏိုင္ေရးအတြက္ ေဆးဝါးကုသေစာင့္ေလွ်ာက္မႈ ျပဳလုပ္ေပးႏိုင္မယ့္ ဌာနဆိုင္ရာေတြကို ခ်က္ခ်င္းအေၾကာင္းၾကားေပးသင့္ပါတယ္။
၁။ တိုက္႐ိုက္ ပစ္ျခင္း
ပင္မ လွ်ပ္စီးေၾကာင္း ထုတ္လႊတ္မႈလမ္းေၾကာင္းရဲ႕ အစိတ္အပိုင္း တစ္ခုကေန ျဖစ္ေပၚလာတဲ့ လွ်ပ္စီးေၾကာင္းဟာ လူကို တိုက္႐ိုက္ ထိခိုက္ႏိုင္ပါတယ္။ ဆိုလိုတာက… လူေတြေပၚမွာ မိုးႀကိဳးပစ္ျခင္း တိုက္႐ိုက္
သက္ေရာက္ေစႏိုင္ပါတယ္။ မ်ားေသာအားျဖင့္ေတာ့ အမိုးအကာ မရွိတဲ့ ကြင္းျပင္ (သို႔) ဟင္းလင္းျပင္လို ေနရာမ်ိဳးေတြမွာ လူရွိေနမယ္ဆိုရင္ မိုးႀကိဳးပစ္ခတ္မႈ တိုက္႐ိုက္ျဖစ္ေပၚေစပါတယ္။
၂။ လွ်ပ္စီး စက္ကြင္း
အနီးအနားမွာရွိတဲ့ သစ္ပင္ အျမင့္ႀကီးေတြကို မိုးႀကိဳးပစ္တဲ့အခါ လွ်ပ္စီးစက္ကြင္းကို ျဖစ္ေပၚေစၿပီး လွ်ပ္စီးေၾကာင္းရဲ႕ အစိတ္အပိုင္းတစ္ခုက အပင္စတဲ့ ျမင့္မားတဲ့အရာေတြကို ေက်ာ္သြားၿပီး
လူဆီကို လာေရာက္ ထိမွန္ရျခင္း ျဖစ္ပါတယ္။ အဓိကအားျဖင့္ေတာ့… လူကို လွ်ပ္စီး ထုတ္လႊတ္မႈမွာ ရွိေနတဲ့ စြမ္းအင္အခ်ိဳ႕က “short circuit” တစ္ခုအျဖစ္နဲ႔ လုပ္ေဆာင္ပါတယ္။
၃။ ေျမေအာက္ လွ်ပ္စီးေၾကာင္း
သစ္ပင္ (သို႔) အျခားေသာ အရာဝတၳဳတစ္ခု ကို မိုးႀကိဳးပစ္တဲ့အခါ၊ စြမ္းအင္ ေတာ္ေတာ္မ်ားမ်ားဟာ မိုးႀကိဳးပစ္တဲ့ ေနရာကေန ေျမမ်က္ႏွာျပင္တစ္ေလွ်ာက္ကို ေလွ်ာက္သြားေစပါတယ္။ ဒါကို…
ေျမအာက္ လွ်ပ္စီးေၾကာင္းလို႔ ေခၚပါတယ္။ မိုးႀကိဳးပစ္လိုက္တဲ့ေနရာနဲ႔ အနီးအနား တစ္ဝိုက္မွာ တစ္ေယာက္ေယာက္ ရွိေနခဲ့မယ္ဆိုရင္ ေျမေအာက္ လွ်ပ္စီးေၾကာင္းရဲ႕ စီးကူးမႈေၾကာင့္ မိုးႀကိဳး ပစ္ခံရႏိုင္ေျခ ရွိပါတယ္။
၄။ လွ်ပ္ကူးျခင္း
လွ်ပ္စီးေၾကာင္းေတြဟာ ဝါယာႀကိဳး (သို႔) အျခားေသာ သတၱဳမ်က္ႏွာျပင္ေတြ တစ္ေလွ်ာက္လုံးကို စီးကူးသြား ႏိုင္ပါတယ္။ သတၱဳေတြက လွ်ပ္စီးေၾကာင္းေတြကို မဆြဲငင္ႏိုင္ၾကပါဘူး။ ဒါေပမဲ့…
လွ်ပ္စီးေၾကာင္းေတြ ေရာက္လာဖို႔ရာအတြက္ေတာ့ လမ္းေၾကာင္း တစ္ခုအျဖစ္နဲ႔ ကူညီေထာက္ပံ့ေပးပါတယ္။သတင္းစာ အမ်ားစုမွာ ပါေနက်ျဖစ္တဲ့ မိုးႀကိဳးပစ္ခံရမႈ ေသဆုံးသြားသူမ်ားဆိုတဲ့ သတင္းေတြ အမ်ားစုဟာ
ထူးဆန္းမႈအေနနဲ႔ ေယာက်္ားေလးေတြ ျဖစ္ေနတတ္ပါတယ္။ ဘယ္ေလာက္ထိေအာင္လဲဆိုရင္ (၈၀) ရာခိုင္ႏႈန္းဟာ ေယာက္်ားေလးေတြပဲ ျဖစ္ေနတတ္ၿပီး၊ (၁၀) ေယာက္မွာ (၂) ေယာက္သာ ပွ်မ္းမွ်က မိန္းကေလးျဖစ္ေနတတ္တယ္လို႔ ဆိုပါတယ္။ ဘာေၾကာင့္ပါလဲ…
ဒီအေၾကာင္း ကို အေျဖရွာထားတဲ့ အေမရိကန္က သုေတသန စာတမ္းတစ္ေစာင္မွာေတာ့ အေျခခံက်က်ပဲ အခ်က္နဲ႔ ရွင္းထားတာကိုေတြ႕ရပါတယ္။ မိုးႀကိဳးပစ္ခံရတဲ့ အေနအထားရွိသူ အမ်ားစုဟာ
ပင္လယ္၊ ျမစ္ေခ်ာင္းအနီးမွာရွိတဲ့သူေတြ ျဖစ္တတ္ၿပီး၊ အမ်ားစုက ငါးဖမ္းေနခ်ိန္၊ ပင္လယ္ထဲမွာ ရွိေနခ်ိန္ေတြမွာ အပစ္ခံရတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ကြင္းလယ္ေခါင္ႀကီးမွာ ေဂါက္႐ိုက္ေနခ်ိန္၊ ကြင္းျပင္ထီးထီးႀကီးမွာ အလုပ္လုပ္ေနခ်ိန္မ်ိဳးေတြလို႔ ဆိုပါတယ္။
ေျပာခဲ့တဲ့အလုပ္ေတြကို အဓိကလုပ္တဲ့သူေတြက ေယာက်္ားေလးေတြျဖစ္ၿပီး… အမ်ားစုဟာ ေၾကာက္႐ြံ႕ျခင္း မရွိၾကသလို သတိေပးခ်က္ ထုတ္ျပန္ထားရင္ေတာင္ ဂ႐ုမစိုက္ဘူးလို႔ ဆိုပါတယ္။ ေနာက္တစ္ခ်ိန္က မိုးႀကိဳးရွိခ်ိန္၊ မုန္တိုင္းရွိခ်ိန္ေတြမွာ
စူးစမ္းဖို႔သြားတဲ့လူအမ်ားစုနဲ႔ မိုးႀကိဳးထိမွန္ၿပီး ေသဆုံးသူဟာ ေယာက်္ားေလးေတြပဲျဖစ္ၿပီး၊ တခ်ိဳ႕က ဗီဒီယို လိုက္႐ိုက္ရင္း အသက္ေသဆုံးတာေတြ ရွိပါတယ္။ ဆိုရရင္ေတာ့ မိုးႀကိဳးပစ္ႏိုင္တဲ့ အေနအထားရွိတဲ့ဘယ္အခ်ိန္ေတြမဆို
ေယာက်္ားေလးေတြဟာ မေၾကာက္မလန႔္နဲ႔ ပုံမွန္အတိုင္းသြားလာေနၾကခ်ိန္ မိန္းကေလးေတြက မိုးေရထြက္ခ်ိဳးတာေတာင္ မလုပ္တဲ့အတြက္ေၾကာင့္လို႔ ဆိုပါတယ္။
ဒီအခ်က္ဟာ ဆင္ျခင္ရမယ့္အခ်က္ျဖစ္ၿပီး… ဒီေနရာမွာ မိန္းကေလးေတြရဲ႕ အႏၲရာယ္ရွိတဲ့ေနရာကို သတိထားတဲ့ စိတ္ကို လိုက္နာက်င့္သုံးရမယ္လို႔ သိရပါတယ္။ ဒါေပမဲ့ အမႈမဲ့ အမွတ္မဲ့ အမ်ားစုကေနတတ္ၾကၿပီး
အႏၲရယ္ရွိခ်ိန္ေတြကိုမွာ စြန႔္စားၿပီး ျပဳလုပ္သူေတြ ရွိေနတာေၾကာင့္ မိုးႀကိဳးပစ္ခံရတဲ့ စာရင္းမွာ ေယာက်္ားေလးေတြက မ်ားေနမွာ ျဖစ္ၿပီး…
မိန္းကေလးတစ္ေယာက္ထက္ ေယာက်္ားေလးတစ္ေယာက္ဟာ မိုးႀကိဳးပစ္ခံရဖို႔ အခြင့္အေရး (၆) ဆပိုမ်ားတယ္လို႔ သိရပါတယ္။
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။ျပန္လည္မွ်ေ)ျခင္း ျဖစ္ပါသည္။
Unicode
မိုးကြိုး ပစ်ပုံ ပစ်နည်း (၄) မျိုးနှင့် မိန်းမတွေထက် ယောကျ်ားတွေဟာ အပစ်ခံရနိုင်ခြေ ပိုများ…
မိုးကြိုးပစ်ခံရတယ်ဆိုတာက… ရာသီဥတုအပေါ် အများစု အခြေခံပြီး တစ်ခါတလေမှာတော့ အကြောင်းပြချက်မဲ့ ကွင်းထဲ၊ လမ်းထဲမှာ ပစ်ခံရတတ်ပါတယ်။ အဓိက အနေနဲ့
အပူ၊ အအေး ထိပ်တိုက်တွေ့ဆုံမှုမှာ မိုးကြိုးဟာ ဖြစ်ပေါ်တာဖြစ်ပြီး ဖြစ်ပွားချိန်မှာ လျှပ်စစ်ဓာတ်အနေနဲ့ မြေပြင်ကို ပစ်လွှတ်ပါတယ်။ လူတွေကို မိုးကြိုးပစ်တဲ့အခါ
နည်းပေါင်းဘယ်နှမျိုးနဲ့ ပစ်လေ့ရှိကြလဲ ဆိုတာ မှတ်တမ်းတစ်ခုရှိပါတယ်။ ပြီးတော့ အခု စာရင်းပြုဖော်ပြလိုက်တဲ့ မိုးကြိုးပစ်ပုံ အမျိုးအစားတွေထဲက ဘယ်ပုံစံနဲ့ပဲ ပစ်ခဲ့ပစ်ခဲ့ သေစေနိုင်ပါတယ်။
အကယ်၍ မိုးကြိုးပစ်ခံရတဲ့ အခြေအနေတစ်ခုနဲ့ တွေ့ကြုံခဲ့ရရင်လည်း မိုးကြိုးပစ်ခံခဲ့ရသူကို အသက်ဆက်လက်ရှင်သန်နိုင်ရေးအတွက် ဆေးဝါးကုသစောင့်လျှောက်မှု ပြုလုပ်ပေးနိုင်မယ့် ဌာနဆိုင်ရာတွေကို ချက်ချင်းအကြောင်းကြားပေးသင့်ပါတယ်။
၁။ တိုက်ရိုက် ပစ်ခြင်း
ပင်မ လျှပ်စီးကြောင်း ထုတ်လွှတ်မှုလမ်းကြောင်းရဲ့ အစိတ်အပိုင်း တစ်ခုကနေ ဖြစ်ပေါ်လာတဲ့ လျှပ်စီးကြောင်းဟာ လူကို တိုက်ရိုက် ထိခိုက်နိုင်ပါတယ်။ ဆိုလိုတာက… လူတွေပေါ်မှာ မိုးကြိုးပစ်ခြင်း တိုက်ရိုက်
သက်ရောက်စေနိုင်ပါတယ်။ များသောအားဖြင့်တော့ အမိုးအကာ မရှိတဲ့ ကွင်းပြင် (သို့) ဟင်းလင်းပြင်လို နေရာမျိုးတွေမှာ လူရှိနေမယ်ဆိုရင် မိုးကြိုးပစ်ခတ်မှု တိုက်ရိုက်ဖြစ်ပေါ်စေပါတယ်။
၂။ လျှပ်စီး စက်ကွင်း
အနီးအနားမှာရှိတဲ့ သစ်ပင် အမြင့်ကြီးတွေကို မိုးကြိုးပစ်တဲ့အခါ လျှပ်စီးစက်ကွင်းကို ဖြစ်ပေါ်စေပြီး လျှပ်စီးကြောင်းရဲ့ အစိတ်အပိုင်းတစ်ခုက အပင်စတဲ့ မြင့်မားတဲ့အရာတွေကို ကျော်သွားပြီး
လူဆီကို လာရောက် ထိမှန်ရခြင်း ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့… လူကို လျှပ်စီး ထုတ်လွှတ်မှုမှာ ရှိနေတဲ့ စွမ်းအင်အချို့က “short circuit” တစ်ခုအဖြစ်နဲ့ လုပ်ဆောင်ပါတယ်။
၃။ မြေအောက် လျှပ်စီးကြောင်း
သစ်ပင် (သို့) အခြားသော အရာဝတ္ထုတစ်ခု ကို မိုးကြိုးပစ်တဲ့အခါ၊ စွမ်းအင် တော်တော်များများဟာ မိုးကြိုးပစ်တဲ့ နေရာကနေ မြေမျက်နှာပြင်တစ်လျှောက်ကို လျှောက်သွားစေပါတယ်။ ဒါကို…
မြေအာက် လျှပ်စီးကြောင်းလို့ ခေါ်ပါတယ်။ မိုးကြိုးပစ်လိုက်တဲ့နေရာနဲ့ အနီးအနား တစ်ဝိုက်မှာ တစ်ယောက်ယောက် ရှိနေခဲ့မယ်ဆိုရင် မြေအောက် လျှပ်စီးကြောင်းရဲ့ စီးကူးမှုကြောင့် မိုးကြိုး ပစ်ခံရနိုင်ခြေ ရှိပါတယ်။
၄။ လျှပ်ကူးခြင်း
လျှပ်စီးကြောင်းတွေဟာ ဝါယာကြိုး (သို့) အခြားသော သတ္တုမျက်နှာပြင်တွေ တစ်လျှောက်လုံးကို စီးကူးသွား နိုင်ပါတယ်။ သတ္တုတွေက လျှပ်စီးကြောင်းတွေကို မဆွဲငင်နိုင်ကြပါဘူး။ ဒါပေမဲ့…
လျှပ်စီးကြောင်းတွေ ရောက်လာဖို့ရာအတွက်တော့ လမ်းကြောင်း တစ်ခုအဖြစ်နဲ့ ကူညီထောက်ပံ့ပေးပါတယ်။သတင်းစာ အများစုမှာ ပါနေကျဖြစ်တဲ့ မိုးကြိုးပစ်ခံရမှု သေဆုံးသွားသူများဆိုတဲ့ သတင်းတွေ အများစုဟာ
ထူးဆန်းမှုအနေနဲ့ ယောကျ်ားလေးတွေ ဖြစ်နေတတ်ပါတယ်။ ဘယ်လောက်ထိအောင်လဲဆိုရင် (၈၀) ရာခိုင်နှုန်းဟာ ယောက်ျားလေးတွေပဲ ဖြစ်နေတတ်ပြီး၊ (၁၀) ယောက်မှာ (၂) ယောက်သာ ပျှမ်းမျှက မိန်းကလေးဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။ ဘာကြောင့်ပါလဲ…
ဒီအကြောင်း ကို အဖြေရှာထားတဲ့ အမေရိကန်က သုတေသန စာတမ်းတစ်စောင်မှာတော့ အခြေခံကျကျပဲ အချက်နဲ့ ရှင်းထားတာကိုတွေ့ရပါတယ်။ မိုးကြိုးပစ်ခံရတဲ့ အနေအထားရှိသူ အများစုဟာ
ပင်လယ်၊ မြစ်ချောင်းအနီးမှာရှိတဲ့သူတွေ ဖြစ်တတ်ပြီး၊ အများစုက ငါးဖမ်းနေချိန်၊ ပင်လယ်ထဲမှာ ရှိနေချိန်တွေမှာ အပစ်ခံရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကွင်းလယ်ခေါင်ကြီးမှာ ဂေါက်ရိုက်နေချိန်၊ ကွင်းပြင်ထီးထီးကြီးမှာ အလုပ်လုပ်နေချိန်မျိုးတွေလို့ ဆိုပါတယ်။
ပြောခဲ့တဲ့အလုပ်တွေကို အဓိကလုပ်တဲ့သူတွေက ယောကျ်ားလေးတွေဖြစ်ပြီး… အများစုဟာ ကြောက်ရွံ့ခြင်း မရှိကြသလို သတိပေးချက် ထုတ်ပြန်ထားရင်တောင် ဂရုမစိုက်ဘူးလို့ ဆိုပါတယ်။ နောက်တစ်ချိန်က မိုးကြိုးရှိချိန်၊ မုန်တိုင်းရှိချိန်တွေမှာ
စူးစမ်းဖို့သွားတဲ့လူအများစုနဲ့ မိုးကြိုးထိမှန်ပြီး သေဆုံးသူဟာ ယောကျ်ားလေးတွေပဲဖြစ်ပြီး၊ တချို့က ဗီဒီယို လိုက်ရိုက်ရင်း အသက်သေဆုံးတာတွေ ရှိပါတယ်။ ဆိုရရင်တော့ မိုးကြိုးပစ်နိုင်တဲ့ အနေအထားရှိတဲ့ဘယ်အချိန်တွေမဆို
ယောကျ်ားလေးတွေဟာ မကြောက်မလန့်နဲ့ ပုံမှန်အတိုင်းသွားလာနေကြချိန် မိန်းကလေးတွေက မိုးရေထွက်ချိုးတာတောင် မလုပ်တဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။
ဒီအချက်ဟာ ဆင်ခြင်ရမယ့်အချက်ဖြစ်ပြီး… ဒီနေရာမှာ မိန်းကလေးတွေရဲ့ အန္တရာယ်ရှိတဲ့နေရာကို သတိထားတဲ့ စိတ်ကို လိုက်နာကျင့်သုံးရမယ်လို့ သိရပါတယ်။ ဒါပေမဲ့ အမှုမဲ့ အမှတ်မဲ့ အများစုကနေတတ်ကြပြီး
အန္တရယ်ရှိချိန်တွေကိုမှာ စွန့်စားပြီး ပြုလုပ်သူတွေ ရှိနေတာကြောင့် မိုးကြိုးပစ်ခံရတဲ့ စာရင်းမှာ ယောကျ်ားလေးတွေက များနေမှာ ဖြစ်ပြီး…
မိန်းကလေးတစ်ယောက်ထက် ယောကျ်ားလေးတစ်ယောက်ဟာ မိုးကြိုးပစ်ခံရဖို့ အခွင့်အရေး (၆) ဆပိုများတယ်လို့ သိရပါတယ်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ပြန်လည်မျှေ)ခြင်း ဖြစ်ပါသည်။