ငါးထမင်းဆိမ့်(ရှမ်းထမင်းချဉ်)… လုပ်နည်းလေး မျှဝေ လိုက်ပါတယ်ရှင်… 😋ဂျူးမြစ်လေးကအသက်😍
ပါဝင်ပစ္စည်းများ
ချက်ပြီသား ရှမ်းဆန် – နို့ဆီဘူး ၂လုံး ။
ရေချိုငါး (ငါးရံ့(သို့) ငါးကြင်း) – ၂၀ကျပ်
သား (အတုံးကြီးများ တုံးထားပါ)။
ခရမ်းချဉ်သီး – ၃လုံး (အစေ့ထုတ်ပြီ အရှည်ပါးပါးလှီးပါ)။
ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း ။
အာလူး – ၂လုံး (ပြဲအောင် ရေဖြင့် ပြုတ်ထားပေးပါ)
ဆနွင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း။
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း။
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း။
ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
ဂျူးမြစ် – တွဲဖက် သုံးဆောင်ရန်
ငရုတ်သီးနီခြောက် – ၈ခု (ဆီဖြင့် ကြော်ထားပေးပါ)
ကြက်သွန်ဖြူ – ၅မွှာ (နှုတ်နှုတ်စဉ်း) (ဒယ်ထဲ ဆီထည့် ဆနွင်းမှုန့်၊ ကြက်သွန်ဖြူ ထည့်ပြီ ဆီချက် ချက်ထားပါ)
မှတ်ချက် ။ ။ ဆီချက် ဆီနှင့် ကြက်သွန်ဖြူ ကြော်များကို သက်သက်စီခွဲထားပါ ။
ပြင်ဆင်နည်း……
၁။ အရင်ဆုံး စတီအိုးတစ်ခုထဲတွင် ရေအပြည့်ထည့်ပြီ အာလူးများကို ပြဲသည်အထိ တည်ထားပေးပါ။
၂။ အာလူး တည်ထားစဉ် နောက် ဒယ်အိုးတစ်ခုထဲတွင် ရေချိုငါး၊ ခရမ်းချဉ်သီး၊ ဆနွင်း၊ ငါးငံပြာရည်၊ ရေ(၂ခွက်) တို့ကို ထည့်ပြီ ရေအနည်းငယ် ကျန်သည်အထိ အဖုံးအုပ်ပြီး တည်ထားပေးပါ။
၂။ ပုံတွင် ပါသည့်အတိုင်း ရေအနည်းငယ်ကျန်ပြီ ခရမ်းချဉ်သီးများ ပြဲသွားလျှင် မီးပိတ်လိုက်ပါ။
၃။ ထို့နောက် ငါးများကို ဆယ်ပြီ အရိုး၊ အရေခွံများဖယ်ကာ အသားနွှင်ပေးပါ။
ငါးထမင်းချဉ် လုပ်နည်း…
၁။ ငါးထမင်းချဉ် စနယ်ပါမည်။ ဇောက်ခွက်တစ်ခုထဲ ထမင်း(၃ယောက်စာ)၊ ပြုတ်ထားသော အာလူး(လက်ဖြင့်ခြေပြီ)၊ ငါးအသား၊ ခရမ်းချဉ်သီး အနှစ်၊ ကြက်သွန်ဖြူ ဆီချက် ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း)၊ ဆား၊ ကြက်သားမှုန့် တို့ကို ထည့်ပါ။
၂။ ထို့နောက် ထမင်း နှင့် ငါး၊ အာလူး၊ ခရမ်းချဉ်သီး နှစ်များကို သမအောင် ရောနယ်ပေးပါ။
၃။ အရသာ အနေတော်ပြီဆိုလျှင် အပေါ်မှ ကြက်သွန်ဖြူကြော်၊ ကြက်သွန်မြိတ် များဖြူးပေးပါ။
၄။ အရသာကောင်းမွန်သော ငါးထမင်းချဉ်ကို ဂျူးမြစ်၊ ငရုတ်သီးကြော်၊ ကြက်သွန်ဖြူ တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…။
#Crd