မေ ၂၄၊ ၂၀၂၂
သေ့ဘော့ဘိုး စခန်းသိမ်းအောင်ပွဲအနေနဲ့ ကော်ဘရာစစ်ကြောင်းနဲ့ ဗိုလ်အယ်ဆေးဝါးဦးဆောင်တဲ့ KNDO တပ်ဖွဲ့ဝင်တွေ၊ ပူးပေါင်းတပ်ဖွဲ့တွေကို ဒေသခံပြည်သူလူထုက ဒီနေ့မေ(၂၄)ရက် မနက်ပိုင်းမှာ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
ကော်ဘရာစစ်ကြောင်းက တပ်ဖွဲ့ဝင်ကိုမျိုးသူရကိုကိုက “စစ်သားဘဝအပျော်ဆိုတာ ပြည် သူ့မေတ္တာပါ။ မေတ္တာဖြင့်လုံခြုံနွေးထွေးပါတယ်” ဆိုပြီး ပြည်သူတွေပန်းကုံးတွေနဲ့ကြိုဆို ဂုဏ်ပြုပုံ တွေနဲ့အတူ သူ့ရဲ့လူမှုကွန်ရက် Facebook မှာရေးသားထားပါတယ်။
မြဝတီ-ဝေါ်လေ ကားလမ်းနံဘေးက သေ့ဘော့ဘိုးရွာအနီးရှိ စစ်ကောင်စီရဲ့ သေ့ဘော့ဘိုးတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ(၆)လက် အောက်ခံတပ်ရင်း (၂၇)၊
တပ်ခွဲ(၂)က ဒုခွဲမှူး ဗိုလ်ဒါ့ဘော(လက်ရှိ Cobraစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး)နဲ့ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ (KNDO)က ဗိုလ်အယ်စေးဝါး တို့က မေ(၁၈)ရက်မနက်ပိုင်းမှာ ဦးဆောင်တိုက် ခိုက်ခဲ့ပြီး ညနေပိုင်းမှာစခန်းကို သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား(၅)ဦးသေဆုံးခဲ့ပြီး (၇)ဦးကိုအရှင်ဖမ်းမိခဲ့ကာ လက်နက်ခဲ ယမ်းအများအပြားလည်းသိမ်းဆည်းရမိခဲ့ပါတယ်။
Photos-Cobra Column