ဗဟုသုတ

အပေါ်လိုင်းနဲ့ အောက်လိုင်းဆိုပြီး နှစ်ပိုင်းရှိတဲ့ YBS ဘတ်စ်ကားပေါ်က ခါးပိုက်နှိုက်များ အကြောင်း..

YBS ခရီးသွား ညီအစ်ကို မောင်နှစ်မများ အတွက် ခါးပိုက်နှိုက်အကြောင်း ကျွန်တော် သိသလောက်လေး ပြန်လည် မျှဝေပေးချင်လို့ပါ၊၊ ခါးပိုက်နှိုက်မှာ အပေါ်လိုင်းနဲ့ အောက်လိုင်းဆိုပြီး နှစ်ပိုင်း ရှိပါတယ်၊၊ အပေါ်လိုင်းကတော့ ကျွန်တော်တို့ YBS စီးသူများ အမြဲကြုံတွေ့နေရတဲ့ ခါးပိုက်နှိုက်အမျိုးအစားဘဲ ဖြစ်ပါတယ်၊၊

အပေါ်လိုင်းခါးပိုက်နှိုက်ထဲမှာမှ ငြိမ်ဆွဲ၊ တိုးဆွဲ/တိုက်ဆွဲ ဆိုပြီး ရှိပါသေးတယ်၊၊ ငြိမ်ဆွဲ ဆိုတာ ကတော့ ရပ်ပြီး နှိုက်တာပါ၊၊ သူတို့ရဲ့ ဦးထုပ်၊ လွယ်အိတ်၊ လက်ကိုင်ပဝါ တို့အောက်ကနေ ဘရိတ်ဓား ထက်ခြမ်းနဲ့ အိတ်ကို ခွဲပြီး နှိုက်တာပါ၊၊

တိုးဆွဲ/တိုက်ဆွဲ ကတော့ ကျွန်တော်တို့ ကားပေါ်က ဆင်းခါနီး (သို့) တက်ခါနီး နှိုက်တာပါ၊၊ သူတို့ခါးပိုက်နှိုက်တွေမှာ အနည်းဆုံး နှစ်ယောက်ကနေ သုံးယောက်အထိ ပါတတ်ပါတယ်၊ အဲ့ထဲကမှ အာသမား အကြောင်းပြောချင်ပါတယ်၊၊ အာသမားဆိုတာ အာရုံပြောင်းတဲ့လူပါ၊၊ အာရုံပြောင်းတယ်ဆိုတာ သူတို့နှိုက်မယ့်လူကို အချိန်မေးတာ၊ ကိုယ်စောင်းတိုက်ပြီး အာရုံလွှဲတာမျိုးပါ၊၊

နောက်ပြီး အာသမားက လမ်းကြောင်းလည်း ရှင်းပေးရပါသေးတယ်၊၊ လမ်းကြောင်းရှင်းတယ်ဆိုတာ နှိုက်ခံရတဲ့လူ ပစ္စည်းပျောက်ကြောင်း သိတဲ့အခါ အဲ့လူကို သူ့ပစ္စည်း တစ်ခြားနေရာ ကျခဲ့တာတို့ စသည်ဖြင့် အာရုံလွှဲရတဲ့ လူပါ၊၊ ကျွန်တော် YBS ၃၂ စီးပြီး အောင်မင်္ဂလာ အဝေးပြေးမှာ ဖုန်း အနှိုက်ခံရတဲ့ အကြောင်းလေး ပြောချင်ပါတယ်၊၊

ကျွန်တော်လည်း ဖေ့စဘွတ်မှာ ခါးပိုက်နှိုက်တွေ သောင်းကျန်းနေမှန်း သူများတွေတင်နေတာ သိလို့ သတိထားပြီး သွားရင်းနဲ့ကို အနှိုက်ခံရတာပါ၊၊ အောင်မင်္ဂလာ အဝေးပြေး မှတ်တိုင်းဆင်းခါနီးလေးမှာ နှိုက်တာပါ၊၊ နှိုက်သွားတာက ကားပေါ်ကလူကနှိုက်ပြီး အောက်ကလူကို ပေးလိုက်တာပါ၊၊ ဖုန်းပါသွားမှန်း သိသိချင်း အရှေ့ကိုလိုက်မလို့ လုပ်နေတုန်းမှာဘဲ ကားပေါ်က အာသမားက ညီလေးဖုန်း အရှေ့နားမှ ထွက်ကျခဲ့တယ်ဆိုလို့ လူက ထူပူနေတုန်းမို့ အရှေ့မှာ ပြန်သွားရှာတာပါ၊၊

ရှာလို့ မတွေ့မှ အောက်ဆင်းပြီး ဖုန်းဌားဆက်တော့ နောက်နှစ်မှတ်တိုင် အလိုလောက်မှာ ကျန်ခဲ့လို့ လာယူပါဆိုလို့ ဆိုင်ကယ် ကယ်ရီဌားပြီး လိုက်တာပါ၊၊ ပြန်သွားတဲ့ အချိန် ဖုန်းကို ဆက်ပိတ်လိုက်ပါပြီ၊၊ အဲ့အချိန် လူက ထူပူနေတော့ ဘာကိုမှ မစဉ်းစားမိတော့ပါဘူး၊၊ အာ့ကြောင့် အာသမားနဲ့ တွေ့ရင် ဗျင်းပါ၊ ဖမ်းပြီး သူ့ကို မေးရင် ပြန်ရနိုင်ပါသေးတယ်၊၊ ကျွန်တော့လို မခံရအောင် YBS ခရီးသွားများ ခါးပိုက်နှိုက်ရန်မှ ကာကွယ်ဖို့ သိသလောက်လေး ပြန်လည် မျှဝေပေးခြင်းပါ၊၊

YBS ခရီးသွား ညီအစ်ကို မောင်နှစ်မများ ခါးပိုက်နှိုက်ရန်မှ သတိထား ကာကွယ်နှိုင်ကြပါစေဗျာ၊၊ (Pyae Sone) မှတ်ချက် – ပုံတွေက စာနဲ့မဆိုင်ပါ၊ စိတ်ဝင်စားဖို့ ကောင်းလို့ပါ။