ကြေကွဲ မှတ်တမ်း

အညာသား ကျောမွဲတွေတဲ့. . . ဟုတ်ပါတယ် ဘာတစ်ခု မှ မကျန်တော့အောင် မွဲပါတယ် ရိုးသားဖြူစင်တဲ့ အကြောင်းကိုတော့ ပြာပုံကိုကိုင်ပြီး သစ္စာဆိုဝံ့ ပါသတဲ့ 😥

စစ်ကိုင်းတိုင်းအတွင်းက နယ်တွေမှာ မီးတွေရှို့တော့မိုးတွေညို့ပြီး ရွာချစေချင်တယ် ⛈️

မီးသတ်သမားနဲ့ မီးငြိမ်းသတ်ပေးမယ့် ကားလည်းမရှိ။

ရေရှားလှတဲ့ ကျနော်တို့ အညာ ၊အာဏာရှုးရဲ့ ကျွန်သဘောက်ခွေးတွေလာတော့တစ်ရွာလုံး ပြာကျကုန်ပြီပေါ့ဗျာ ။

မီးတောက်မီးလျှံနဲ့ ဝဲပျံနေတဲ့ ကျည်ဆန်တွေကြား🔥ဘုရားတရားတပြီး ပြေးရုံကလွဲလို့ အခြားမရှိ ၊

ဘာများတတ်နိုင်မှာမို့လို့လဲ 😞

တသက်လုံး စုဆောင်းထားသမျှ ၊အာဏာရှုး ခွေးတသိုက်က မီးရှို့လို့ ကုန် 🥺

တုန်တုန်ရီရီနဲ့ အဘိုးအဘွား ၊ ကလေးနဲ့ ဆိတ်၊နွားပါမချန် မြေလှန်ရှာပြီး သတ် 😠

အဲ့တာ မြန်မာပြည်က လပ်တီး🖕

မိုးဦးကျယာ ပြင်ဖို့ ထွန်ယက်စရာလည်း နွားမရှိ 🐄

ထန်းရွက်ရှာပြီး တဲထိုးလို့ ခိုကိုးရာမဲ့ အိမ်အမှတ်နဲ့ မြေပြင်မွေ့ရာ ကျောခင်းရင်း စားဖို့ရာ ဝမ်းရေးအတွက် တဖန်စဉ်းစားရ။

ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်စီးပြီးမှ ငါတို့နိုင်ပြီလို့ ပြောတဲ့ ၊ မင်းတို့လို အာဏာရှုး(မအလ)ရဲ့ ကျွန်သဘောက်ခွေးအဖွဲ့အစည်းတွေကို ၊ငါတို့ တော်လှန်နေတာ မှားလား …

ငါတို့ ရွံတာ မှားလား…

အညာသား ကျောမွဲတွေ ဟုတ်ပါတယ်

ဘာတစ်ခု မှ မကျန်တော့အောင် မွဲပါတယ်

ရိုးသားဖြူစင်တဲ့ အကြောင်းကိုတော့ပြာပုံကိုကိုင်ပြီး သစ္စာဆိုဝံ့ ပါသတဲ့ 😥

(crd)

htookhantzaw(အမေ့သား)

21.May.2022

ကာကွယ်ရေးဝန်ကြီးဌာန သက်ဆိုင်ရာဌာန သိရှိ့စေရန်

စစ်ကိုင်းတိုင်း အညာမြေပြန့်ဒေသ ခင်ဦး ရေဦး တန့်ဆည် နယ်တွေမှာ နေ့တိုင်းလိုလို တိုက်ပွဲတွေထိတွေမှုတွေဖြစ်နေကြတယ်။

သို့သော် ဆုံးရူံးမှုများမှာလဲ စခများ၏ လူစိတ်မရှိ့မှုကြောင်း ရေမတွက်နိုင်အောင်ပါပဲ တစ်နေ့တစ်နေ့မှာ ပျက်စီးဆုံးမှုများနှင့် အသက်တွေပါပေးနေရတယ်။

ကာကွယ်ရေးဝန်ကြီးဌာန သက်ဆိုင်ရာဌာနတို့လဲ ကြားသိရမယ်လို့ ထင်ပါတယ်။ကျွန်တော်တို့မြို့နယ်တွေမှာ အရင်လတွေထက် ထောက်ပံ့မှုများနှင့်လက်နက်ခဲယမ်းပိုမိုပြီး အဆင်မပြေမှုများဖြစ်လာကြတယ်။

အရင်ကဆို တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပြန်လှန်ဖေးမရင်း ယခုဆို သူလဲမရှိ့ ကိုမှာလဲမရှိ့ ဖြစ်နေတဲ့အတိုင်းမျိုးတွေ ကြုံလာကြတယ်။ ဘာလိုလဲဆို အဖွဲ့စည်းတိုင်းမှာ အရင်လို ထောက်ပံ့မှုက ၁လကို ၁၀သိန်းရဖို့တောင်မလွယ်ဘူး

ကာကွယ်ရေးဝန်ကြီးဌာန သက်ဆိုင်ရာဌာန အသီးသီးမှာမြေပြန့်က Local တွေကိုတစ်ချက် ကြည့်စေချင်တယ်

ဒီလိုပဲ ဒီတိုင်းပဲ သွားမယ်ဆို ရေရှည်ဆို ကျွန်တော်တို့တွေ ရှေ့ဆက်နိုင်ဖို့ မဖြစ်နိုင်တဲ့အတိုင်းတာမျိုးတွေပါ။

လိုင်းပေါမှာ လေနဲ့အလုပ်မလုပ်ပါနဲ့

#စစ်အာဏာရှင်မုချကျရူံးရမည်။✊️✊️✊️

#ခင်ဦးပြည်သူကာကွယ်ရေးတပ်ဖွဲ့

#KUPDF

#ဗိုလ်သံမဏိ