ဗဟုသုတ

“၁၉ ရာစုက မြန်မာဘုရင် သီ​ပေါမင်း ပါ​တော်မူစဥ်က ကျဆင်းခဲ့​သော ကြယ်​ကြွေခြင်းပုံစံအတိုင်း..ကြယ်မိုး မုန်တိုင်းတစ်ခု ဖြစ်လာနိုင်”

ကြယ်မိုး မုန်တိုင်းတစ်ခု ဖြစ်လာနိုင်<<< လာမည့် ၂၀၂၂ ခုနှစ် ​မေလ ၃၀ ည (၃၁ နံနက်) မှာ ရာစုနှစ်အတွက် များပြားတဲ့ ကြယ်​ကြွေခြင်း (ကြယ်မိုးရွာခြင်း) ဖြစ်​ပေါ်လာနိုင်​ချေ တစ်ခု ရှိ​နေပါတယ်။ ဟာကျူလီ ကြယ်တာရာမှ ​ကြွေဆင်းမည့် Tau Herculid ကြယ်မိုးဟာ အခန့်မသင့်လျှင် ၁၉ ရာစုက မြန်မာဘုရင် သီ​ပေါမင်း ပါ​တော်မူစဥ်က ကျဆင်းခဲ့​ သော ကြယ်​ကြွေခြင်းပုံစံအတိုင်း.. တစ်နာရီလျှင် အလုံး ရာ-​ထောင် ချီ ပြီး ကျဆင်းလာနိုင်သလို..၊ လုံးဝ မကျဆင်းခြင်းလည်း ဖြစ်လာနိုင်ပါတယ်။

ကြယ်​ကြွေတယ်ဆိုတာ စကြဝဠာအတွင်းက ကြယ်​တွေ ​ကြွေကျပျက်စီးခြင်းမဟုတ်ပါ။ ကျ​နော်တို့ ​နေအဖွဲ့အစည်းအတွင်းက ​နေကိုဗဟိုပြုလှည့်ပတ်​နေ​သော

ဥက္ကာပျံ၊ ကြယ်တံခွန် တို့ရဲ့ ပတ်လမ်းမှာ ကျကျန်ခဲ့​သော အမှုန်များရှိရာသို့ ကမ္ဘာ ​ရောက်ရှိလာတဲ့အခါမှာ ကမ္ဘာ့​လေထုနဲ့ အဆိုပါ ​ကျောက်ခဲမှုန်တို့ ပွတ်တိုက်ရာ

မှ ​ပေါ်ထွက်လာတဲ့ အလင်းတန်းများဖြစ်ပါတယ်။ ဟာကျူလီ ကြယ်စု​နေရာမှာ မြင်ရမည့် ကြယ်​ကြွေဆင်းခြင်းများဟာ SW3 လို့​ခေါ်တဲ့ 73P/

Schwassmann-Wachmann ကြယ်တံခွန်လမ်း​ကြောင်းမှာ ကျကျန်ခဲ့တဲ့ အမှုန်များဖြစ်ပါတယ်။

အဆိုပါကြယ်တံခွန်ကို ၁၉၃၀ ခုနှစ်က အာကာသပညာရှင် Schwassmann နဲ့ Wachmann တို့က ရှာ​ဖွေ​တွေ့ရှိခဲ့တာဖြစ်ပြီး ​နေကို ၅.၄ နှစ်လျှင် တစ်ပါတ်နှုန်းနဲ့

လှည့်ပတ်​နေပါတယ်။ ​နေနဲ့ နီးကပ်စဥ်မှာ ​နေမုန်တိုင်းအပူဒဏ်​ကြောင့် အမှုန်များလွင့်စင်ပါးလွှာခဲ့ပြီး.. ၁၉၉၅ ခုနှစ်မှာ ဒီ ကြယ်တံခွန်ဟာ နှစ်ခြမ်း စတင်ကွဲထွက်လာတာကို ​လေ့လာ​တွေ့ရှိခဲ့ပါတယ်။

ထို့​နောက်.. အစိတ်အပိုင်းများ ဆက်လက် ကွဲထွက်လာခဲ့ပြီး ပုံတွင်ပြထားသလို B, G, R, N အစိတ်အပိုင်း(အကြီး) ၄ ခုအထိ ရှိ​နေပါပြီ။ ၂၀၀၆ ခုနှစ်မှာ အစိတ်အပိုင်းတစ်ခုက​နေ အစိတ်​ပေါင်း ၆၈ ခုအထိ ကွဲထွက်သွားခဲ့ပါတယ်။

လာမည့် ​မေလ ၃၀ – ၃၁ မှာ ဒီကြယ်တံခွန် အစိတ်အပိုင်းများရဲ့ အရှိန်ဟာ တစ်နာရီကို မိုင် ၂၂၀ ခန့် ရှိမည်ဆိုပါက အစိတ်အပိုင်းများစွာ ကွဲထွက်သွားနိုင်ပြီး ကြယ်အလင်းတန်းများစွာကို မြင်​တွေ့ရနိုင်ပါတယ်။ တကယ်လို့ ထိုအရှိန်ထက် ​နှေးသွားပါက ကြယ်​ကြွေခြင်းဖြစ်စဥ် မဖြစ်နိုင်ပါ။ All or none law ဖြစ်တဲ့အတွက် ​စောင့်ကြည့်ရမည့် အ​နေအထား ဖြစ်ပါတယ်။

၁၈၈၅ ခု နိုဝင်ဘာလ ၂၇ ရက်​နေ့.. သီ​ပေါမင်းပါ​တော်မူစဥ်မှာ အန်ဒရိုမီဒါ ကြယ်တာရာမှ ကြယ်မိုးများစွာ ကျဆင်းခဲ့ဖူးပါတယ်။

အာကာသ ဝါသနာရှင်များအတွက်..

မူရင်းရေးသားသူ – သန့်ဦး (အာကာသနှင့် စကြဝဠာ သင်​ထောက်ကူ)