ဗဟုသုတ

“ထိုင်းနိုင်ငံမှာအခြေတကျနေဖို့ ငွေဘယ်လောက်ကုန် မလဲ ?..ထိုင်းနိုင်ငံမှာ ရေရှည်နေထိုင်ခွင်ရဖို့ လမ်းကြောင်းများ. . .”

ထိုင်းနိုင်ငံမှာအခြေတကျနေဖို့ ငွေဘယ်လောက်ကုန် မလဲ ?

ထိုင်းနိုင်ငံမှာ ရေရှည်နေထိုင်ခွင်ရဖို့ ဘယ်လမ်းကြောင်းကိုရွေးသင့်သလဲ…? သိလိုပါက….👇

💢ထိုင်းနိုင်ငံမှာ PR ထိုင်း နိုင်ငံသားခံယူဖို့ အကြောင်းများ

💢ထိုင်းနိုင်ငံ ဗီဇာ ကိစ္စများအကြောင်း

💢ထိုင်းနိုင်ငံမှာ ဘာတွေဆက်လုပ်ကြမလဲ …..

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတစ်ယောက် နှစ်ရှည် နေထိုင် ခွင့်ရအောင် ကြိုးစားရတာ လွယ်မယောင်နဲ့ ခက်ပါတယ်။ ကြိုးစားရင်တော့ ဖြစ်နိုင်ပါတယ်။

✅ ပန်းရောင်ကဒ် ID ( အလုပ်သမားကဒ် )

ထိုင်းနိုင်ငံမှာ ရေရှည် နေဖို့ ဗီဇာ ကိစ္စငွေကြေးမတတ် နိုင်တဲ့သူများကြတော့ ထိုင်း၊ နိုင်ငံမှာ အခါအားလျှော်စွာ အလုပ် လုပ် နေထိုင်ခွင့် ပန်းရောင်ကဒ် ID Card ကို ထိုင်းတို့ လုပ်ပေးတဲ့အချိန် ဝင်လုပ်နိုင်ပါတယ်။

၁ နှစ်စာအတွက် ဘတ် 5,500 မှ 8,500 အတွင်း ပေးရပါတယ်စျေးနှုန်းနီးနီးစပ်စပ် ရေးထားပေးတာပါ။

အကျိုးဆောင်တွေ ပွဲစားတွေနဲ့ ဆက်သွယ်လုပ်ရင်ဒီထပ်ပို ကုန်ကျနိုင်ပါတယ်။

အဲဒီ ပန်းရောင်ကဒ်ကိုပဲ တစ်ချို့က ထိုင်းလဝကရုံးမှာ ပန်းရောင်ကဒ် + Passport နှင့်အတူ အခါအားလျှော်စွာ ပြောင်းထည့်ပြီးပါတ်စပို့အသက်သွင်းလို့ ရပါတယ်။ ပန်းရောင်ကဒ်မှတစ်ဆင့် CI > Myanmar Passport ကိုတရားဝင်ပြောင်းကိုင်လို့ရပါတယ်။

ပန်းရောင်ကဒ် ကနယ်ကျော်သွားလာလို့မရပါဘူး ။ ယာဉ်မောင်းလိုင်စင် + ဘဏ်အကောင့် များဖွင့်ခွင့်ရှိပြီး သတ်မှတ်ထားတဲ့ခရိုင် များမှာသာနေထိုင်ရပါတယ် ။

Passport ထဲအဆင့်ဆင့်ပြောင်းပြီးတဲ့အခါ နိုင်ငံခြားထွက်လည်းရပါတယ်။

ထိုင်းနိုင်ငံသို့ တရားမဝင်/ တရားဝင် လာရောက်သူများမှ စပြီး လျောက်ထားနိုင်ပါတယ်။

✅တောင်ပေါ်သားကဒ် ( ထိုင်းနိုင်ငံမှာ ၁၀ နှစ်နေထိုင်ခွင့်ရ )

ထိုင်းနိုင်ငံသား အတွင်း ၁၀ နှစ်နေထိုင်ခွင့် ရရှိပါတယ်။ ထိုင်းနိုင်ငံနယ်စပ်နဲ့တောင်ပေါ် မှာရွှေ့ပြောင်း နေထိုင်ကြတဲ့သူတွေအတွက် ထိုင်းနိုင်ငံသားမဟုတ်တဲ့ တောင်ပေါ်သားကဒ် က်ို ထုတ်ပေးကြပါတယ်။

ဘဏ်အကောင့် + ယာဉ်မောင်းလိုင်စင် လုပ်လို့ရပြီး ဘတ် 45,000 မှ 75,000 ဝန်းကျင်အထိ စျေးနီးနီးစပ်စပ်ပေးရပါတယ်။

ထိုင်းနိုင်ငံအတွင်း သွားလာတဲ့အခါ သက်ဆိုင်ရာနယ်မြေရုံးမှာ ခရီးသွားထောက်ခံစာယူပြီး ခရီးသွားလာလို့ရပါတယ်။ Oversea သွားလာလို့မရပါ။ ၁၀ နှစ်သက်တမ်းကုန်သွားတဲ့အခါ နောက်ထပ် သက်တမ်းတိုး လို့ရပါတယ်။

ပန်းရောင်ကဒ်နဲ့ ၁၀ နှစ်ခံနေထိုင်ခွင့်ကို ကျနော် ဘာလို့ရှင်းပြရသလဲဆိုတော့ ငွေကြေးမတတ်နိုင်တဲ့သူ ၊ အခွင့်အလမ်း နည်းပါးတဲ့ သူတွေအတွက် ရွေးချယ်လို့ရအောင်ပါ။

ထိုင်းနိုင်ငံ သို့ တရားမဝင် ခိုးဝင်တာကာတော့ အာမခံချက်မရှိပါဘူး။ တစ်ဆင့်စကားတစ်ဆင့်နားဖြင့် ပွဲစားများနဲ့ ချိတ်ဆက်ပြီး သွားရတာဖြစ်တဲ့အတွက် လမ်းခရီးမှာ တစ်ချို့ သားမယားပြုကျင့်ခံရတာ ၊ မိမိတစ်ယောက်ထဲလမ်းပျောက်ကျန်ခဲ့တာ ၊ရဲ ၊စစ်တပ် တို့ စောင့်ဖမ်းခံရတဲ့ Suprise တွေအများကြီး ရှိပါတယ်။

ပွဲစားကောင်းကောင်းနဲ့ချိတ်ဆက်မိသူများကတော့ ဘန်ကောက်ကို တစ်ရက်အတွင်း သက်တောင့်သက်သာ နဲ့လာလို့ရတဲ့ လူအနည်းစုလည်းရှိပါတယ်။

အဆက်အသွယ်ကောင်းက်ိုရှာပါ ။

✅ Permanent Residence

PR လျောက်ထားချင်တဲ့သူက Non-B Visa ကို ၃ နှစ်ဆက်တိုက် ကိုင်ထားရမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ၃ နှစ်ပြည့်တဲ့အခါ PR စတင်လျောက်ထားနိုင်ပြီး
ဘတ် ၂ သိန်းဝန်းကျင်ကုန်ကျနိုင်ပါတယ်။

🔶အသက် ၁၄ နှစ်အထက်မှာပြစ်မူ့ကင်းရှင်းလား၊

🔶လျောက်ထားသူ၏ ပညာရေးငွေကြေး ၊ မိသားစု ၊ လူမူ့ရေးအခြေအနေ နောက်ခံအားလုံးကို စုံစမ်းရမှာဖြစ်တဲ့အတွက် ရက်ပေါင်း 180 အတွင်း Approve လုပ်ပေးပါတယ်။

PR လျောက်ထားခြင်းကို နှစ်စဉ် အောက်တိုဘာ မှ ဒီဇင်ဘာလအတွင်း မှာ PR Results ကိုကြေငြာပေးပါတယ်။PR လျောက်ထားခြင်းကို နိုင်ငံတစ်နိုင်ငံအတွက် တစ်နှစ်ကို လူဦးရေ ၁၀၀ သာ သတ်မှတ်ထားပါတယ်။

လောလောဆယ် ထိုင်းမှာ မြန််မာနိုင်ငံက ပညာတတ် အများစု Tourist Visa နဲ့လက်ရှိရောက်နေပြီး အဲဒီ ဗီဇာကို သက်တမ်းတိုးရာမှာ ယခင်ကလောက်မလွယ်ကူတော့ပါဘူး ။

ထိုင်းနိုင်ငံ အရေးပေါ်အမိန့် ပယ်ဖျက်လိုက်တဲ့အခါ ထိုင်းနိုင်ငံမှ ပြန်လည်ထွက်ခွါပေးရမှာဖြစ်ပြီး ယခင်ကလိုပဲ Tourist Visa နဲ့ ထိုင်းနိုင်ငံ လေဆိပ်မှာလည်း အဝင်အထွက် အခက်အခဲတွေ့နိုင်ပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံမှာရေရှည် နေဖို့စဉ်းစားရင်

* Business (B-type)

* Marriage (O-type)

* Dependent or Retirement (O-type)

* Education (ED-type)

* E-lite Visa များပြောင်းလျှောက်နိုင်ပါတယ်။

* PR Permanent Residence

* Pink ID Card ( အလုပ်သမားကဒ် )များအကြောင်း အသေးစိတ်ကို ကျနော် နောက်ရေးပေးပါမယ်….

​ရေးသားသူ-ဘန်ကောက်လမ်းညွန်ကိုစိုင်း

အများသိစေရန် ထပ်ဆင့်တင်ပြသူ….

ရဲမင်း(AAC)—🚩

20/5/2022 ….