ဗဟုသုတ

“ကိုယ်သုံးမယ့် ဘက်ထရီနှင့် သင့်တော်မယ့် အင်ဗာတာ အားကို တွက်ချက်နည်း”

Battery and Inverter Size တွက်နည်း

Battery ကို တွက်တော့မယ်ဆိုရင်

1. မိမိအသုံးပြုမဲ့ ပစ္စည်တွေရဲ့ လျှပ်စစ် စားသုံးမှု တန်ဖိုး ( Watt )

2. အသုံးပြုမဲ့ အချိန်

3. မိမိအသုံးပြုမဲ့ Battery ရဲ့ V ( အင်ဗာတာက်ိုပေးရမယ် V တန်ဖ်ုး)

4. Losses တန်ဖိုး ( 0.8 ,0.85,0.9 )batteryတွေက မသုံးဘဲထားရင် အားကုန်တတ်တာ လူတိုင်းသိကြမာမှာ အဲ့တာကိုပါ ထည့်စဉ်းစားရပါမယ်

5. DoD ( Depth of Discharge 0.8 ) battery ကို အား၁၀၀သွင်းထားရင် ဘယ်လောက်သုံးမာလဲ

ဥပမာ ၈၀ လား ၇၀ လား ၈၀ ဆိုရင် 0.8 ၇၀ ဆိုရင် 0.7 ပါ

1. Wh ရှာပါမယ်( အသုံးပြုမဲ့ ပစ္စည်းရဲ့ တန်ဖိုးက်ို အသုံးပြုမဲ့ အချိန်နဲ့မြှောက်)

ဥပမာ မီးချောင်း ၁၀ချောင်း ကို ၆နာရီသုံးမယ်

မီးချောင်းက 40w ဝန်းကျင် ရှိပါတယ်

အဲ့တော့ 40 *10 = 400W ( 400*6= 2400)

ရေခဲသေတ္တာ 300W ကို ၅နာရီသုံးမယ်

300*5 = 1500

ထမင်းဟင်းချက်မယ် 300W 3နာရီ

300*3 = 900

Wi-Fi 25 W 6နာရီ = 150W

အသုံးပြုမဲ့ဟာတေကို ရှာပြီးရင် အကုန်ပေါင်းလိုက်

2950 ရပါတယ်

2. အချက် V ကို 12 V နဲ့တွက်ပါမယ်

3.အချက် losses တန်ဖိုးကို 0.9 ယူပါမယ်

4. အချက် DoD တန်ဖိုးကို 0.8 ယူပါမယ်

Battery size ကိုလိုချင်ရင်

Bty size = Wh / V *losses* DoD

= 4950/12*0.9* 0.8

= 572.9 Ah

အဲ့တော့ အပေါ်ကပစ္စည်းတွေကို အဲ့အချိန်တိုင်းသုံးရင် battery ကို 572.9 Ah ဝယ်ရပါမယ်

စျေးကွက်မာ 572.9 ah ထပ်တူမရနိုင်ပါဘူးအဲ့တော့ အနီးစပ်ဆုံးဝယ်ရပါမယ်

Inventer size ကို လိုချင်ရင် total Wကို 2နဲ့ မြှောက်ပါ

မီးချောင်း ၁၀ချောင်း 400W

ရခေဲသတ်ေတာ 300W

ထမင်းဟင်းချက်တာက 300W

Wi-Fi 25W

စုစုပေါင်း 1025W

Inventer size = 1025 *2 = 2050 Wရှိတဲ့ Inventer ကိုဝယ်ရပါမယ်

အနီစပ်ဆုံးဝယ်ရပါမယ် များလို့ရပါတယ်

Credit…Original Writer