ရပ်စောက်မြို့တောင်ဖက် ၇မိုင်အကွာ ပိန္နဲကုန်းကျေးရွာမှာ ရှာတွေ့ထားတဲ့ ထူးထူးခြားခြား ပစ္စည်းလေးတွေပါ
ဒါလေးတွေကို ရှာတွေ့သူကတော့ Shwe Boon ဆိုတဲ့ အကောင့်ပိုင်ရှင်က ရှာတွေ့ထားပြီး မြန်မာတိုင်းရင်းဆေး group ထဲမှာ တင်ထားတာဖြစ်ပါတယ်
ဒါလေးတွေကို ခြတောင်ပို့ထဲက တွေ့ရှိခဲ့တာဖြစ်ပြီး နာမည်အမျိုူမျိုးခေါ်နေကြပါတယ်
တွေ့ရှိသူကိုယ်တိုင်ကတော့ ချဆီဖူးလို့ ခေါ်ပြီး အခြားလူတွေကတော့ ခြသံ၊ ခြသည်းချေ စသည်ဖြင့် အမျိုူမျိုးပြောနေကြတာကို တွေ့ရပါတယ်
လူတစ်ယောက်ကလည်း
ချ သည်းခြေလို့ခေါ်ပေါတယ် အလုံးထိပ်က အညှာရှိတယ် ချက်တံလိုလို ကြာလို့ ဆွေးရင် နှိပ်ကြည့်ပေါက်သွား သုံးမရဘူး.. လတ်ဆတ်နေရင် နေလှန်း လုံးကျစ်လာမယ် ရေငတ်ဝမ်းသွားတာတို့ လေဖြတ်တာတို့ အသုံးပြုကြတယ် ..
ချပို့က နှစ်ကြာလို့ရှိတာပါ နှစ်အနည်းငယ်ဆိုမရှိပါ ..ချသည်းခြေက ရှားပါးပါတယ် အသုံးလိုရင် သုံးလို့ရအောင်သိမ်းထားပါ လို့ ရေးသားထားတာကိုလည်း တွေ့ရပါတယ်
နောက်တစ်ဦးကလည်း
နှစ်ကြာပို့ ဂလိုင်ဆို ရှာကြည့်ပါ ချသံဆိုတာ ရှိတတ်တယ် ဇကာကွက်လို အဲ့ဒါက ရွှေဖြစ်တာ ရွှေဆို ပျော်စရာကြီးနော် ချသံက ရရင် အကော်ကြီး လို့ မှတ်ချက်ပေးထားပါတယ်
နောက်တစ်ယောက်ကလည်း
တစ်ဗူးထဲနဲ့တင်သူဌေးဖြစ်တယ်ဆေးကုစားစုန်းကဝေ၊ပရောဂအကုန်ကောင်းတယ် ဆိုပြီး ရေးသားထားပါတယ်
ပရိတ်သတ်ကြီးလည်း ဒီလို ပစ္စည်းမျိုးကို မြင်ဖူးကြလား ဘယ်လိုတွေအစွမ်းရှိလဲ မှတ်ချက်ပေးခဲ့ပါဦး
ဒီချဆီဖူးလေးတွေကို တွေရှိခဲ့တဲ့ Shwe Boon ဆိုတဲ့ အကောင့်ပိုင်ရှင်က တော့ စိတ်ဝင်စားသူတွေ ဆက်သွယ်ဖို့ ဖုန်းနံပါတ် 09794075693 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ် ဆိုပြီး ပြောထားပါတယ်