News

လစာမရလို့ အိမ်ငွားခပေးဖို့ မတတ်နိုင်တော့တဲ့အချိန်မှာ ကျောင်းသားလေးတွေကစုစုပြီး ပေးတဲ့လက်ဆောင်ကြောင့် မျက်ရည်ကျခဲ့ရတဲ့ ဆရာ(ရုပ်သံ)




ရုပ်သံကြည့်ရန်

Rain (For Ialinks)

Unicode

လစာမရ၍ အိမ်ဌားခပေးဖို့မတတ်နိုင်တော့တာကြောင့် ကျောင်းမှာအိပ်ခဲ့ရသော ဆရာဖြစ်သူကို မုန့်ဖိုးလေးတွေစုပြီး ပေးခဲ့ကြသည့် ကျောင်းသားလေးများ

ဘရာဇီးလ်နိုင်ငံရှိ ကျောင်းတစ်ကျောင်းတွင် မီးဖွားခွင့်ယူထားသော ဆရာမတစ်ယောက်ရဲ့နေရာမှာ ကောင်လေးတစ်ဦးအား အစားထိုးဆရာအဖြစ် ခန့်အပ်ခဲ့ရာတွင် စာရင်းကိုင်ရဲ့ မှားယွင်းမှုကြောင့် ၂လအထိ လစာမရရှိခဲ့ပေ။

ကောင်လေးသည် အိမ်ဌားနဲ့နေရတာကြောင့် လစာကလည်းမရသောအခါ အခက်တွေ့နေရပြီး ကျောင်းမှာပဲ အိပ်ခဲ့ရတာတွေကို တပည့်လေးတွေမှ သိရှိသောအခါ စိတ်မကောင်းဖြစ်ကုန်ကြပြီး ဆရာဖြစ်သူအား အံ့အားသင့်ဖွယ် လက်ဆောင်လေးတစ်ခု ပြင်ဆင်ခဲ့ကြသည်။

အတန်းထဲရှိ တပည့်လေးတွေသည် ဆရာဖြစ်သူရဲ့ အခက်အခဲကို ကူညီရန်အတွက် သူတို့ရဲ့မုန့်ဖိုးလေးတွေကို စုဆောင်းခဲ့ကြပြီး ဒေါ်လာ၄၀၀နဲ့ ဆရာဖြစ်သူကို Suprise လုပ်ကာ နွေးထွေးစွာ ပွေ့ဖက်ပြီးတော့ အားပေးခဲ့ကြသည်။

Rain (For Ialinks)