News

“ဒုက္ခရောက်နေလို့ ကလေးကို အပ်ခဲ့ပါရစေဆိုပြီး လူမှုကူညီရေး အသင်းကို လိမ်စားသွားတဲ့ အမျိုးသမီး”

ယမန်နေ့ (18-5-2022)ရက်နေ့ နေ့လည်ပိုင်း ကအသက်(1)နှစ် (2)လ ခလေးလေး လာအပ်ပြီး ကျွန်မတို့ အလိမ်ခံခဲ့ရတဲ့အတွက် အများပြည်သူများသိရှိစေရန် တင်ပြပေးခြင်းဖြစ်ပါတယ်ရှင်

မနေ့က နေ့လည်ကျွန်မတို့ ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေး အသင်းရုံးအထိ လာရောက်၍ အကူညီတောင်းခံလာခဲ့သည်မှာ ခလေးလေးတစ်ယောက်နဲ့
ဒုက္ခယောက်ပြီး နေစရာမရှိသွားစရာမရှိ ဒုက္ခရောက်နေလို့ပါ ဆိုပြီး အကြောင်းမျိုးစုံပြခါ သူ လိုအပ်–သည့် များကို ကျွန်မတို့ အား တောင်းပါတယ်

နာမ်မည် ဒေါ်ပပလှိုင် ဖြစ်ပြီး မကွေးတိုင်း ဒေသကြီးမင်းတုန်းမြို့နယ် လွှာဝအုပ်စု မှိုက်ရွာ နေသူဖြစ်ပြီးတာချီလိတ်မြို့တွင်နေစရာ သွားစရာမရှိဒုက္ခရောက်​နေလို့ ခလေးအား ကျွန်မတို့ *မိုးမေတ္တာ* ဂေဟာသို့အပ်နှံခဲ့ပြီး သူကတော့ သူရဲ့နေရပ် ပြန်တော့မည်ဟုဆိုကာ ကျွန်မတို့လဲ ခလေး လေးအား သနား၍ သူ
အတွက် ဖုန်း တစ်လုံးနှင့် သူ ပြန်ရန် လမ်းစရိတ်ကျပ်ငွေ (15,0000)ကျပ် တိတိ တို့အား အသင်းမှထောက်ပံ့ပေးခဲ့ပါတယ်ရှင်

ယနေ့ နေ့လည်ပိုင်း ကျတော့ သူ နေရပ် မပြန်ဘဲ သူခလေးကို လာပြန်တောင်းပါတော့တယ် ကျွန်မတို့လမ်းစရိတ် ထောက်ပံ့ပေးခဲ့သည့် ပိုက်ဆံများလဲ မ
ရှိတော့ပါ ကျွန်မတို့ ဝယ်ပေးခဲ့သည့် ဖုန်းလဲ ရောင်းစားပြစ်လိုက်ပါပြီ

ကျွန်မတို့လဲ ခလေးအတွက် ကြည့်ခါ သနား၍သားလေးကို ပြန်ထည့်ပေးလိုက်ပါတယ်ရှင်

(သူမ ​၏ မျက်နှာ နှင့် အမည်ကို မဖျက်ပေးရခြင်းမှာ အများပြည်သူများ ကျွန်မတို့ လို အညာမခံရအောင် တင်ပြပေးခြင်းဖြစ်ပါတယ်ရှင်)

ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း

တာချီလိတ်မြို့

09442747077

09690876226

19-5-2022 pm(3:27)မိနစ်