News

သားရီးရာ . . မင်းပြောနေကျ. .ရုပ်ပေါက်နေပြီ ဆိုတဲ့ စကားလေး ပြောပါဦးလားကွာတဲ့. . .ဗီဒီယို ကြည့်ပြီး မျက်ရည်တောင်ကျတယ်. . .

ရန်ကုန်၊ မေ ၁၈

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ဘက် ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီတပ်၏ သေ့ဘောဘိုးတပ်စခန်းကို ယမန်နေ့ မေလ ၁၇ ရက် ညမှစ၍ KNLA ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ယနေ့မွန်းလွဲပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ပြီး စစ်သားများ အကျအဆုံးများစွာဖြင့် ထွက်ပြေးသွားကာ စခန်းရှိ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သေ့ဘောဘိုးစခန်းကုန်းကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်စဉ် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂ စီး၊ တိုက်ခိုက်ရေးရဟတ် ယာဉ် ၂ စီး၊ CH 3 Drone ၁ စီးဖြင့် အကြိမ် ၂၀ နှင့် အထက် ရဟတ် ယာဉ်နှင့်လေယာဉ်များ မီးခိုးထွက်သည်အထိ လာရောက် ဗုံးကျဲ တိုက်ခိုက်၍ စခန်းပြန်ရရန် တိုက်ခိုက်သော်လည်း နောက်ဆုံးတွင် စစ်သား သေဆုံးမှုများစွာဖြင့် အရှုံးပေးထွက်ပြေးသွားရကြောင်း သိရှိရသည်။

စခန်းသိမ်းတိုက်ပွဲတွင် KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ အနည်းဆုံး ၁ ဦး ကျဆုံးခဲ့ကြောင်း သိရှိရပြီး နှစ်ဖက် ကျဆုံးစာရင်းနှင့် လက်နက်ခဲယမ်းမည်မျှ သိမ်း ဆည်းရမိသည်ကို KNLA ဘက်မှ တရားဝင်သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။

“အလောင်းတွေကို စစ်တပ်က ပြန်ဆွဲသွားတယ်။ ကျနော် ငါးလောင်းမြင်လိုက်တယ်။ လေးယောက်တော့အရှင်မိထားတယ်” ဟု တိုက်ပွဲတွင် ပါဝင်သော PDF ရဲဘော်တစ်ဦးက ပြောဆိုသည်။

အဆိုပါ စခန်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၁၃ လက်အောက်ခံ ဘုတ်ပြင်းအခြေစိုက် ခမရ ၅၅၉ တပ်ရင်းမှ တပ်စွဲထားကြောင်း သိရှိရသည်။

KNLA၊ KNDO၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိသော စစ်ကောင်စီ ၏သေ့ဘောဘိုးစခန်းသည် မြဝတီ-လေးကေ့ကော်-ဖလူး-သေ့ဘောဘိုး-ဝေါ်လေမြိုင် ကားလမ်းပေါ်တွင် တည်ရှိနေသော စခန်းဖြစ်ပြီး ဗျူဟာအရ အရေးပါသော စခန်းတစ်ခုလည်းဖြစ်သည်။

ဒီစခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့သူကေတာ့ အာဇာနည်သူရဲကောင်း ရဲဘော်သမာဓိ..ဖြစ်ပါတယ်

ရဲဘော်သမာဓိရဲ့ နောက်ဆုံး ခရီးမှာ သူရဲ့ သူငယ်ချင်းတွေရဲ့ ဝမ်းနည်းကြေကွဲမှုကတော့ ပြောမပြတတ်အောင်ပါပဲ. ..ဗီဒီယို ကြည့်ပြီး မျက်ရည်တောင် ကျမိပါတယ်

ရုပ်သံကြည့်ရန်

သေ့ဘောဘိုးစခန်းကို ၁၉၉၀ ခုနှစ်တွင် အကြမ်းဖက်စစ်တပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၃၂ နှစ်ခန့်အကြာမှ KNLA ပူးပေါင်းတပ်က ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။