News

“ဆီထည့်ဖို့လည်း မလို ၊အားသွင်းဖို့လည်း မလိုတဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ကားတွေ ထုတ်လုပ်တော့မယ်”

ဘက္ထရီ အားမသြင္းဘဲ လအတန္ၾကာသည္အထိ ေမာင္းႏွင္ႏိုင္မယ့္ ဆိုလာပါဝါ သုံးတဲ့ လွ်ပ္စစ္ကားကို မ်ားမၾကာခင္မွာ စတင္ထုတ္လုပ္ေတာ့မယ္လို႔ ဆိုပါတယ္။Lightyear One လို႔အမည္ေပးထားတဲ့ လွ်ပ္စစ္ကားကို နယ္သာလန္ႏိုင္ငံမွာ ဒီဇိုင္းထုတ္ပါတယ္။ နမူနာထုတ္လုပ္ထားတဲ့ကားကို အီတလီမွာ အစမ္းေမာင္းၾကည့္ေနပါတယ္။

သီအိုရီအရ Lightyear One က လအတန္ၾကာ ဘက္ထရီ အားမသြင္းဘဲ ေမာင္းႏွင္လို႔ ရတယ္လို႔ ကားထုတ္လုပ္တဲ့အဖြဲ႕က ဆိုပါတယ္။ ကားမွာ ဆိုလာျပား တပ္ဆင္ထားၿပီး ေနေရာင္ျခည္စြမ္းအင္ကို ရယူေပးေနတာေၾကာင့္ ကားမွာ တပ္ဆင္ထားတဲ့ 60kWh ဘက္ထရီက အားဝင္ေနပါတယ္။ Lightyear One ရဲ႕ အေပၚမ်က္ႏွာျပင္မွာ တပ္တင္ေပးထားတဲ့ ဆိုလာျပား ဧရိယာက ၄ စတုရန္းမီတာ ရွိပါတယ္။ ကားေရွ႕ဖုံး၊ အမိုး၊ ေနာက္ဖုံးတို႔မွာ ဆိုလာျပားေတြ ခင္းထားပါတယ္။

တစ္နာရီ ရယူေပးတဲ့အားက ကားကို ၁၂ ကီလိုမီတာအထိ ေမာင္းႏွင္ႏိုင္ပါတယ္။ဒီေတာ့ ေနသာတဲ့ေန႔ ၈ နာရီ အားဝင္ထားရင္ ခရီးတာ ၉၆ ကီလိုမီတာ ေမာင္းႏွင္ႏိုင္ပါတယ္။ တစ္ေန႔တာ ၿမိဳ႕တြင္းသြားလာမႈအတြက္ လုံေလာက္တဲ့ ခရီးတာ ျဖစ္ပါတယ္။ မိုးအုံ႔ေနတဲ့ေန႔ဆိုရင္ေတာ့ Lightyear One က ၄၀ ကီလိုမီတာ ခရီးတာအတြက္ အားသြင္းေပးႏိုင္စြမ္း ရွိပါတယ္။အားအျပည့္သြင္းၿပီး တစ္နာရီ ၁၃၀ ကီလိုမီတာ (၈၁ မိုင္) အျမန္ႏႈန္း ပုံေသထားၿပီး ေမာင္းရင္ ၄၀၀ ကီလိုမီတာအထိ ေမာင္းလို႔ ရပါတယ္။

ကားမွာ ပါတဲ့ 60kWh က သာမန္အားျဖင့္ ေမာင္းႏွင္ရင္ ၇၂၅ ကီလိုမီတာအထိ ေမာင္းႏွင္ႏိုင္တယ္လို႔ ဆိုပါတယ္။လက္ရွိအစမ္းေမာင္းႏွင္ၾကည့္ၾကတာမွာ တစ္နာရီ ကီလိုမီတာ အျမန္ႏႈန္းျဖင့္ ေမာင္းရင္ ကီလိုမီတာ ၁၀၀ ကို ဘက္ထရီအား 14.1kWh ကုန္တယ္။ ပုံမွန္ေမာင္းရင္ 8.3kWh ပဲ အားကုန္တယ္။ ယာဥ္အေလးခ်ိန္မ်ားရင္ ဘက္ထရီအား ပိုစားတာေၾကာင့္ ယာဥ္ကို ေပါ့ပါးေအာင္ ႀကံဆလုပ္ကိုင္ေပးထားၾကတယ္။

ကားကိုယ္ထည္ကို ေပါ့ပါးတဲ့ အလူမီနီယမ္သတၱဳနဲ႔ ကာဘြန္ဖိုင္ဘာတို႔ျဖင့္ တည္ေဆာက္ေပးထားၿပီး ယာဥ္အေလးခ်ိန္ ၁,၃၁၅ ကီလိုဂရမ္ပဲ ရွိတယ္။ေလခြင္းအား ေကာင္းရင္ ဘက္ထရီအား ကုန္တာ သက္သာလို႔ ကိုယ္လုံးကိုယ္ထည္ကို ‘မ်က္ရည္စက္’ ပုံသ႑ာန္ ဒီဇိုင္းထုတ္ထားတယ္။ေလတုံ႔ျပန္တြန္းကန္မႈ ေျမႇာက္ေဖာ္ကိန္း drag coefficient က 0.20cd ပဲ ရွိပါတယ္။ေလခြင္းအား အေကာင္းဆုံး အဲ႐ိုဒိုင္နမစ္ aerodynamic အျဖစ္ဆုံးဆိုတဲ့ Mercedes-Benz ရဲ႕ လွ်ပ္စစ္ကား EQS အသစ္ရဲ႕drag coefficient ကလည္း 0.20cd ျဖစ္ပါတယ္။

ဘီးတစ္ဘီးစီအတြက္ ေမာ္တာတစ္လုံးစီ ထိုင္ေပးထားတယ္။ ေမာ္တာ ၄ လုံး စုစုေပါင္း ပါဝါ 101kW ရွိၿပီး ႐ုန္းအား 1200Nm ရရွိႏိုင္ပါတယ္။၅ ဦးအထိ စီးလို႔ရတဲ့ ဆီဒင္ကားက သုညမွ တစ္နာရီ ကီလိုမီတာ ၁၀၀ အျမန္ႏႈန္း ေရာက္ေအာင္ ၁၀ စကၠန႔္ျဖင့္ အရွိန္တင္ေပးႏိုင္စြမ္း ရွိပါတယ္။Lightyear One ကို နယ္သာလန္မွာ ဒီဇိုင္းထုတ္ၿပီး အီတလီမွာ စမ္းသပ္ေမာင္းႏွင္ၾကည့္ပါတယ္။ အေျမာက္အျမား ထုတ္လုပ္မယ္ စက္႐ုံကို ဖက္လန္မွာ ထားရွိပါတယ္။ အရင္ဆုံး ဥေရာပမွာဘဲ ေရာင္းခ်ပါမယ္။

၂၀၂၂ ႏွစ္လယ္ပိုင္းေလာက္မွာ ႀကိဳတင္မွာၾကား ဝယ္ယူသူေတြကို ကား စေပးႏိုင္မယ္လို႔ လ်ာထားပါတယ္။ ေဈးႏႈန္းက ယူ႐ို ၁၅၀,၀၀၀ ျဖစ္ပါတယ္။ ကားစီးေရ ၉၄၆ စီးမွ်သာ ထုတ္လုပ္မွာ ျဖစ္ပါတယ္။ယခုေမာ္ဒယ္ထက္ ေဈးသက္သာမယ့္ ေမာ္ဒယ္ကို ထုတ္လုပ္ဖို႔ ကုမၸဏီက လုပ္ကိုင္ေနၿပီလဲ ျဖစ္ပါတယ္။ ေမာ္ဒယ္အသစ္ကို Lightyear Two လို႔ အမည္ေပးထားၿပီး ၂၀၂၄/၂၅ မွာ စတင္ေရာင္းခ်နိုင္ဖို႔ ေမွ်ာ္မွန္းထားပါတယ္။ ေဈးႏႈန္းက ယူ႐ို ၃၀,၀၀၀ ျဖစ္ပါတယ္။

Crd..automobiledirectory

👇Unicode👉

ဘက်ထရီ အားမသွင်းဘဲ လအတန်ကြာသည်အထိ မောင်းနှင်နိုင်မယ့် ဆိုလာပါဝါ သုံးတဲ့ လျှပ်စစ်ကားကို များမကြာခင်မှာ စတင်ထုတ်လုပ်တော့မယ်လို့ ဆိုပါတယ်။Lightyear One လို့အမည်ပေးထားတဲ့ လျှပ်စစ်ကားကို နယ်သာလန်နိုင်ငံမှာ ဒီဇိုင်းထုတ်ပါတယ်။ နမူနာထုတ်လုပ်ထားတဲ့ကားကို အီတလီမှာ အစမ်းမောင်းကြည့်နေပါတယ်။

သီအိုရီအရ Lightyear One က လအတန်ကြာ ဘက်ထရီ အားမသွင်းဘဲ မောင်းနှင်လို့ ရတယ်လို့ ကားထုတ်လုပ်တဲ့အဖွဲ့က ဆိုပါတယ်။ ကားမှာ ဆိုလာပြား တပ်ဆင်ထားပြီး နေရောင်ခြည်စွမ်းအင်ကို ရယူပေးနေတာကြောင့် ကားမှာ တပ်ဆင်ထားတဲ့ 60kWh ဘက်ထရီက အားဝင်နေပါတယ်။ Lightyear One ရဲ့ အပေါ်မျက်နှာပြင်မှာ တပ်တင်ပေးထားတဲ့ ဆိုလာပြား ဧရိယာက ၄ စတုရန်းမီတာ ရှိပါတယ်။ ကားရှေ့ဖုံး၊ အမိုး၊ နောက်ဖုံးတို့မှာ ဆိုလာပြားတွေ ခင်းထားပါတယ်။

တစ်နာရီ ရယူပေးတဲ့အားက ကားကို ၁၂ ကီလိုမီတာအထိ မောင်းနှင်နိုင်ပါတယ်။ဒီတော့ နေသာတဲ့နေ့ ၈ နာရီ အားဝင်ထားရင် ခရီးတာ ၉၆ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။ တစ်နေ့တာ မြို့တွင်းသွားလာမှုအတွက် လုံလောက်တဲ့ ခရီးတာ ဖြစ်ပါတယ်။ မိုးအုံ့နေတဲ့နေ့ဆိုရင်တော့ Lightyear One က ၄၀ ကီလိုမီတာ ခရီးတာအတွက် အားသွင်းပေးနိုင်စွမ်း ရှိပါတယ်။အားအပြည့်သွင်းပြီး တစ်နာရီ ၁၃၀ ကီလိုမီတာ (၈၁ မိုင်) အမြန်နှုန်း ပုံသေထားပြီး မောင်းရင် ၄၀၀ ကီလိုမီတာအထိ မောင်းလို့ ရပါတယ်။

ကားမှာ ပါတဲ့ 60kWh က သာမန်အားဖြင့် မောင်းနှင်ရင် ၇၂၅ ကီလိုမီတာအထိ မောင်းနှင်နိုင်တယ်လို့ ဆိုပါတယ်။လက်ရှိအစမ်းမောင်းနှင်ကြည့်ကြတာမှာ တစ်နာရီ ကီလိုမီတာ အမြန်နှုန်းဖြင့် မောင်းရင် ကီလိုမီတာ ၁၀၀ ကို ဘက်ထရီအား 14.1kWh ကုန်တယ်။ ပုံမှန်မောင်းရင် 8.3kWh ပဲ အားကုန်တယ်။ ယာဉ်အလေးချိန်များရင် ဘက်ထရီအား ပိုစားတာကြောင့် ယာဉ်ကို ပေါ့ပါးအောင် ကြံဆလုပ်ကိုင်ပေးထားကြတယ်။

ကားကိုယ်ထည်ကို ပေါ့ပါးတဲ့ အလူမီနီယမ်သတ္တုနဲ့ ကာဘွန်ဖိုင်ဘာတို့ဖြင့် တည်ဆောက်ပေးထားပြီး ယာဉ်အလေးချိန် ၁,၃၁၅ ကီလိုဂရမ်ပဲ ရှိတယ်။လေခွင်းအား ကောင်းရင် ဘက်ထရီအား ကုန်တာ သက်သာလို့ ကိုယ်လုံးကိုယ်ထည်ကို ‘မျက်ရည်စက်’ ပုံသဏ္ဍာန် ဒီဇိုင်းထုတ်ထားတယ်။လေတုံ့ပြန်တွန်းကန်မှု မြှောက်ဖော်ကိန်း drag coefficient က 0.20cd ပဲ ရှိပါတယ်။လေခွင်းအား အကောင်းဆုံး အဲရိုဒိုင်နမစ် aerodynamic အဖြစ်ဆုံးဆိုတဲ့ Mercedes-Benz ရဲ့ လျှပ်စစ်ကား EQS အသစ်ရဲ့drag coefficient ကလည်း 0.20cd ဖြစ်ပါတယ်။

ဘီးတစ်ဘီးစီအတွက် မော်တာတစ်လုံးစီ ထိုင်ပေးထားတယ်။ မော်တာ ၄ လုံး စုစုပေါင်း ပါဝါ 101kW ရှိပြီး ရုန်းအား 1200Nm ရရှိနိုင်ပါတယ်။၅ ဦးအထိ စီးလို့ရတဲ့ ဆီဒင်ကားက သုညမှ တစ်နာရီ ကီလိုမီတာ ၁၀၀ အမြန်နှုန်း ရောက်အောင် ၁၀ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်စွမ်း ရှိပါတယ်။Lightyear One ကို နယ်သာလန်မှာ ဒီဇိုင်းထုတ်ပြီး အီတလီမှာ စမ်းသပ်မောင်းနှင်ကြည့်ပါတယ်။ အမြောက်အမြား ထုတ်လုပ်မယ် စက်ရုံကို ဖက်လန်မှာ ထားရှိပါတယ်။ အရင်ဆုံး ဥရောပမှာဘဲ ရောင်းချပါမယ်။

၂၀၂၂ နှစ်လယ်ပိုင်းလောက်မှာ ကြိုတင်မှာကြား ဝယ်ယူသူတွေကို ကား စပေးနိုင်မယ်လို့ လျာထားပါတယ်။ ဈေးနှုန်းက ယူရို ၁၅၀,၀၀၀ ဖြစ်ပါတယ်။ ကားစီးရေ ၉၄၆ စီးမျှသာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ယခုမော်ဒယ်ထက် ဈေးသက်သာမယ့် မော်ဒယ်ကို ထုတ်လုပ်ဖို့ ကုမ္ပဏီက လုပ်ကိုင်နေပြီလဲ ဖြစ်ပါတယ်။ မော်ဒယ်အသစ်ကို Lightyear Two လို့ အမည်ပေးထားပြီး ၂၀၂၄/၂၅ မှာ စတင်ရောင်းချနိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဈေးနှုန်းက ယူရို ၃၀,၀၀၀ ဖြစ်ပါတယ်။

Crd..automobiledirectory