News

“ဆရာတော်တစ်ပါးရဲ့ တိုက်တွန်းစကား”

စစ်သား : အရှင်ဘုရား တပည့်တော်တို့ ဒီခေါက်ဆွဲခြောက်ဖာလေးနဲ့ ကန်တော့ပါရစေ။

ဆရာတော် : ဒါကာကြီးတို့ ဒီပစ္စည်းကို ဘယ်က ရခဲ့ပါသလဲ။

စစ်သား : တင်ပါ့ ဘုရား ၊ ရန်သူတွေ အိမ်က သိမ်းဆည်းရခဲ့ပါတယ်။

ဆရာတော် : လက်နက်ကိုင်သောင်းကျန်းသူတွေလားကွဲ့။

စစ်သား : မဟုတ်ပါဘူး ဘုရား ၊ အကြမ်းဖက်သမားတွေကို အားပေးတဲ့သူတွေပါ။

ဆရာတော် : သူတို့က ဒါကာကြီးတို့ကို အန္တရာယ်ပြုသလားကွဲ့။

စစ်သား : မပြုပါဘူး ဘုရား။

ဆရာတော် : ဒါဖြင့် ဘာလို့ ရန်သူလို့ သတ်မှတ်သလဲ။

စစ်သား : ရန်သူကို အားပေးလို့ပါ ဘုရား။

ဆရာတော် : ဒါဖြင့် ဦးဇင်းဟာရော ရန်သူကို အားပေးနေသူဖြစ်မနေနိုင်ဘူးလား။

စစ်သား : မဖြစ်နိုင်ပါဘူး ဘုရား။

ဆရာတော် : ဘာကြောင့်များလဲ။

စစ်သား : အတိအကျတော့ မသိပါဘူး ဘုရား ၊ ဒီတိုင်း ယုံကြည်စိတ်ကြောင့်ပါပဲ။

ဆရာတော် : ဒါဖြင့် စောနက ရန်သူကို အားပေးတယ်ဆိုတာရော ဘယ်လိုကြောင့်ပြောနိုင်တာလဲ။

စစ်သား : အကြမ်းဖက်သမားတွေရဲ့ တည်နေရာကို မေးတာ မဖြေလို့ပါ ဘုရား။

ဆရာတော် : ဒါနဲ့ပဲ ရန်သူအားပေးလို့ သတ်မှတ်ပြီး ရန်သူလို့ သဘောထားလိုက်တာပဲလား။

စစ်သား : တင်ပါ့ ဘုရား။

ဆရာတော် : ဒါကြောင့်ပဲ ရွာကို မီးရှို့လိုက်တာပေါ့။

စစ်သား : အထက်အမိန့်အရပါ ဘုရား။

ဆရာတော် : ဒါကာတို့ သင်တို့ပစ္စည်းတွေ ပြန်ယူသွားပါ။ နောက်နောင် ဦးဇင်းကိုလည်း လာမကန်တော့ကြပါနဲ့။ သူများမသိအောင် ယူထားတဲ့ ပစ္စည်းဟာ ခိုးမှုမြောက်ပါတယ်။ အဲ့ဒီပစ္စည်းနဲ့ လာကန်တော့တာကို ဦးဇင်းလက်မခံနိုင်ပါဘူး။ အခုပဲ ပြန်ကြပါတော့။

စစ်သား : တပည့်တော်တို့ နားလည်ပါပြီ ဘုရား။

(မှတ်ချက် – အခုတော့ အဲ့ဒီဆရာတော်လည်း မီးရှို့ခံရတဲ့ထဲ ပါလို့ဆုံးသွားပါပြီ။ အခုလိုဟောပြောပြီး တစ်ပတ်လောက်အကြာမှာပဲ အဆိုပါရွာကို အထက်က မီးရှို့ရမယ်လို့ ညွန်ကြားလို့ ရှို့လိုက်တာ ဆရာတော်ပါ ပါသွားခဲ့တာပါ။

ဆရာတော်ရဲ့ တရားကို နာကြားလိုက်ရတဲ့ တပ်မတော်သားများကတော့ ယူကျုံးမရဖြစ်ပြီး တပ်ကနေ ထွက်ပြေးသွားကြပါပြီ။ ဘယ်သူ့ကိုမှ ငဲ့ညှာမှုမရှိဘဲ ကိုယ့်ဘာသာရဲ့ သာသနာအဆောက်အဦတွေကိုပါ မီးရှို့ခိုင်းတဲ့ အထက်က အမိန့်ဆိုတာတွေကို ဆန့်ကျင်ပြီး ပြည်သူနဲ့ ပူပေါင်းကြဖို့ ဦးဇင်းက တိုက်တွန်းလိုပါတယ်။ သတ္တဝါများ ကျန်းမာချမ်းသာကြပါစေ။)

# ဘုန်းဘုန်းMinthu Nyazero