ဗဟုသုတ

“ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးအား (၃) ကြိမ်မြောက် မိုးကြိုးခမှု နှင့် ထူးခြားသော တိုက်ဆိုင်မှုများ”

အချိန်နဲ့တိုက်ဆိုင်တဲ့ မိုးကြိုးစက်ကွင်းရှိနေတာလား

း ကျိုက်ထီးရိုးစေတီတော်မြတ်၏ ကျောက်လုံးတော် မိုးကြိုးစက်ကွင်းခ၍ ရွှေပြားများ ကွာကျခဲ့တဲ့သတင်းကတော့ အားလုံးသိပြီးသား ဖြစ်နေပါပြီး။

အားလုံးမသိတဲ့အချက်က ခုလို စက်ကွင်းထိတာ ဒီတကြိမ် ထဲမဟုတ်ပါဘူး။

– 2015

– 2019

– ယခု 2022

မှတ်မိသမျှ စုစုပေါင်း (၃)ကြိမ် ရှိပြီးဖြစ်သလိုယခုလိုမျိုး မေလ (၁၅)ရက်နေ့ ညပိုင်းမှာ မိုးသည်းထန်စွာရွာပြီး စက်ကွင်းထိခဲ့ကာ ယခုလိုပဲကျောက်တုံးမှာ ကပ်ထားတဲ့ ရွှေဆိုင်းများ ကွာကျခဲ့တာပါပ။

2015 မှာ ရွှေ တပိသာကျော်ခန့် ကွာကျခဲ့ပါတယ်။

2019 မှာ ရွှေ ခုနှစ်ပိသာကျော်ခန့် ကွာကျခဲ့ပါတယ်။

ယခု 2022 မှာတော့ ရွှေ ဘယ်လောက် ကွာကျသွားမှန်းမသိရသေးပါဘူး။

ပုံတွေကတော့ ယနေ့ နံနက်ပိုင်း မိုးကြိုးစက်ကွင်းထိခဲ့တဲ့ ကျိုက်ထီးရိုးဘုရားပုံတွေနဲ့ 2019 တုန်းက ထိမှန်ခဲ့တဲ့ ပုံတွေပါ။

2019 တုန်းက ကျွန်တော်တင်ခဲ့တဲ့ ဒီသတင်းကို ဖတ်ကြည့် နိုင်ပါတယ်

(ကျိုက်ထီးရိုးတောင်တစ်ဝိုက်တွင် မိုးကြိုးပစ်ခတ်မှုကြောင့် မိုးကြိုးစက်ကွင်းထိမှန်ကာ စေတီတော်ရှိ ရွှေအချို့ ကွာကျခဲ့ပြီး CCTV စောင့်ကြည့်ထိန်းချုပ်ခန်းမှ System Unite ပုံး လောင်ကျွမ်းမှုဖြစ်ပွား

မေ ၁၆ ရက်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်တစ်ဝိုက်တွင် မေ ၁၅ ရက်၊ ညက မိုးကြိုးပစ်ခတ်မှုကြောင့် မိုးကြိုးစက်ကွင်းထိမှန်ကာ ကျိုက်ထီးရိုးစေတီတော်ရှိ ရွှေအချို့ကွာကျခဲ့ပြီး CCTV စောင့်ကြည့်ထိန်းချုပ်ခန်းမှ System Unite ပုံး လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ကျိုက်ထီးရိုးဂေါပကအဖွဲ့မှ သိရှိရသည်။

“ည ၁၀ နာရီလောက်က မိုးတော်တော်ရွာတယ်။ မိုးကြိုးလည်း သုံးကြိမ်လောက်ပစ်တယ်။

မိုးကြိုးစက်ကွင်း မ လွတ်တဲ့ သဘောပါ။ ဘုရားကတော့ အများကြီး ထိခိုက်ပျက်စီးတာမရှိဘူး။ ရွှေဖတ်တွေ ကွာကျသွားတယ်။ ကွာကျသွားတဲ့နေရာကို သရိုးကိုင်ပြီးတော့ ပြန်လုပ်သွားမှာပါ။ အခုမနက်(မေ ၁၆ ရက်)ကျတော့ ကွာကျသွားတဲ့ ရွှေတွေက အောက်မှာ ကျနေတော့ ပြန်စုထားတာ။ နွံတွေကော သရိုးပါတာတွေကော အမှိုက်တွေကော ပြန်ခြစ်ယူထားတာ။ တစ်ပိဿာနှစ်ဆယ်သားလောက်တော့ ပြန်ရထားတာ။ နောက်မှ ရွှေပြန်ထွက်လာအောင် ပြန်သန့်စင်မှာပါ။”ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့ တာဝန်ခံ ဦးကျော်ဝင်းလှိုင်က ပြောသည်။

မိုးကြိုးစက်ကွင်းကြောင့် ထိခိုက်ပျက်စီးမှုများအား သြဝါဒဆရာတော်များထံ ခွင့်တောင်းကာ ပြန်လည်ပြု ပြင်မှုများ ဆက်လက် လုပ်ဆောင်သွားရန်ရှိကြောင်း သိရသည်။

မေလ ၁၅ ရက် ည ၁၀ နာရီဝန်းကျင်တွင် မိုးသည်းထန်စွာရွာသွန်းနေပြီး ကျိုက်ထီးရိုးစေတီတော် တောင်တန်း မြစိမ်းတောင်နှင့် စမတောင် လျှိုအတွင်းသို့ မိုးကြိုးပစ်ခဲ့ခြင်းကြောင့် မိုးကြိုးစက်ကွင်းထိမှန်သဖြင့် စေတီတော် ကျောက်လုံးတော်ကြီး အနောက်မြောက်ဘက် အများပြည်သူရွှေသင်္ကန်းကပ်လှူပူဇော်သည့်နေရာ၏ အထက် ၂ ပေခန့်တွင် ရွှေသင်္ကန်းကပ်လှူပူဇော်ထားသည့်နေရာမှ သစ်စေးနှင့် ရွှေသရိုးဖတ်များကွာကျခဲ့ပြီး မိုးကြိုးစက် ကွင်းအရှိန်ကြောင့် ကျိုက်ထီးရိုးစေတီတော်တွင် တပ်ဆင်ထားသည် CCTV ၇၂ လုံးအား ထိန်းချုပ်သည့် System Unite ပုံး တန်ဖိုး ၃ သိန်းကျပ်ခန့် လာင်ကျွမ်းသွားခဲ့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင်လည် မိုးကြိုးစက်ကွင်းထိမှန်မှုကြောင့် စေတီတော်မှရွှေပြားများ အကွက်လိုက်ကွာကျမှုဖြစ်ပေါ် ခဲ့ပြီး ရွှေ ၇ ပိသာခန့်ကွာကျခဲ့ဖူးကြောင်း သိရသည်။)

မိမိတို့ရဲ့ ယုံကြည်ချက် ခံယူချက်တွေအပေါ်မူတည်ပြီး သိပ္ပံနည်းနဲ့တွေးလို့ရသလို ဝိဇ္ဇာနည်းနဲ့လဲတွေးလို့ရပေမဲ့ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်က ဘာမှ မဖြစ်သွားပဲ ပုံမှန်အတိုင်း ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရာ စေတီတော်မြတ်အဖြစ် တည်ရှိနေဦးမှာပါ။

ဇင်မိုး

16.5.2022

အတိတ်တဘောင် နိမိတ်ဆောင်လို့ သတိပေး ရေးသားပါရစေ။

၂၀၁၅ ခုနှစ်မှာ ကျိုက်ထီးရိုးဘုရားကို မိုးကြိုးပစ်ရာ ရွှေ ခုနှစ်ပိသာ ကွာကျခဲ့ပါတယ်။ အဲ့ချိန်မှာ အုပ်ချုပ် မင်းလုပ်နေတဲ့ ပြည်ခိုင်ဖြိုးပါတီ ဦးသိန်းစိန် အစိုးရဟာ မဲရှုံးပြီး ပြုတ်ကျခဲ့ပါတယ်။ စစ်တပ်ရော၊ ပြည်ခိုင်ဖြိုးအဖွဲ့ရော လုံးဝ မထင်မှတ်ထားတာကြောင့် အစိုးရအိမ်တော်တွေမှာ သူတို့တွေ ပြင်ဆင်ထားတဲ့ အဆောက်အဦးတွေ၊ အဲကွန်း လေအေးပေးစက်တွေ ဖြုတ်ကြ၊ ဖျက်ချကြ၊ စိုက်ထားတဲ့ အပင်တွေ၊ မြက်ခင်းတွေ တူးယူကြနဲ့ အတော်လေး ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပါတယ်။

၂၀၁၉ မှာ တခါ မိုးကြိုးထိမှန်ပြီး ကျိုက်ထီးရိုးဘုရား ရွှေ ၇၂ ကျပ်သား ကွာကျခဲ့ပြန်ပါတယ်။ အဲ့ဒီခေတ်မှာ တာဝန်ယူထားတဲ့ အယ်နံဒီ အစိုးရဟာ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် နိုင်ခဲ့ပေမယ့်လည်း စစ်အာဏာ သိမ်းခံလိုက်ရပါတယ်။ အယ်နံဒီ အစိုးရ ပြုတ်ကျသွားပါတယ်။

ဟော.. အခု ၂၀၂၂ မေ ၁၆ မှာ ကျိုက်ထီးရိုး ဘုရားကြီး မိုးကြိုး ထပ်ခပြန်ပါပြီ။ လက်ရှိ အာဏာယူထားတဲ့သူတွေ၊ ယခု အုပ်ချုပ်နေတဲ့ စစ်အစိုးရ တဖွဲ့လုံးအတွက် လုံးဝ နိမိတ်မကောင်းပါ။

သမားစဥ်အရ၊ အတိတ်တဘောင် အရ ပြောရမယ်ဆိုရင်.. စစ်အာဏာသိမ်း အဖွဲ့ရဲ့ ကံကြမ္မာဟာ လုံးဝ အပျက်ဖက်ကို ရောက်သွားပါပြီ။ ဘုရားကြီးပေါ်က ရွှေသားတွေ အက်ကွဲကုန်တဲ့အတွက် ခေါင်းဆောင်ပိုင်းသာ ကွာကျတာမျိုးတင်မဟုတ်ပဲ အာဏာယူထားတဲ့ အဖွဲ့ကြီးတခုလုံး ကွဲအက်ပြိုပျက်ရမယ့် နိမိတ် ဖြစ်နေပါတယ်။

ငလျင်နိမိတ်ဆိုရင် မြေနတ်မင်း ဖြစ်ပါတယ်။ တိုင်းသူပြည်သားတွေနဲ့ပါ သက်ဆိုင်တဲ့ နိမိတ် ဖြစ်တာမို့ ယျတြာချေလို့ ရနိုင်ပါသေးတယ်။ မြေနတ်မင်း ကျေနပ်အောင် တောင်းပန်နိုင်ရင် ရနိုင်ပါ​သေးတယ်။

မိုးကြိုးကတော့ သိကြားလက်နက်ပါ။ အုပ်ချုပ်သူတွေနဲ့သာ ဆိုင်တဲ့နိမိတ်ပါ။ ယျတြာချေလို့ မရပါ။ အကုသိုလ် လမ်းဆုံးသွားပြီမို့ တောင်းပန်၍လည်း မရပါ။ သိကြားသာသနာ ဖြစ်တာမို့ အုပ်ချုပ်သူ မင်းရာဇာနဲ့ အပေါင်းအပါများ ကျဆုံးခန်းဟာဖြင့် မနှေးအမြန် ရောက်လာတော့မှာ မလွဲ​ကေန် ဖြစ်ပါတယ်။

သံသရာပါဆက်မယ့် အကြောင်းတရားမို့ လက်ရှိ မင်းမှုထမ်း၊ စစ်သည်ဗိုလ်ပါများအနေဖြင့် မင်းစိုးရာဇာတို့ရဲ့ အကုသိုလ် စက်ကွင်းကနေ လွှတ်မြောက်နိုင်စေဖို့ မဖြစ်ဖြစ်တဲ့ နည်းနဲ့ အမြန်ဆုံး စွန့်ခွာနိုင်ကြစေရန် သတိပေးလိုက်ပါရစေ။

#ပထမံဆရာဘီ #ဘိုးတော်အဘဘီ #credit