News

“NUG အစိုးရ နဲ့ ရခိုင်တပ်မတော် AA တို့ တွေ့ဆုံဆွေးနွေးပြီ”

ဒီနေ့ မေလ ၁၆ရက်နေ့ မနက်ပိုင်းမှာ အမျိုးသားညီညွတ် ရေးအစိုးရ (NUG)နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (AA)တို့ အွန်လိုင်းကနေ ၂နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ NUG က သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဒေါ်ဇင်မာအောင်၊ ဦးမင်းကိုနိုင် ဦးဆောင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာညိုထွန်းအောင်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဆွေးနွေးပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို ရင်းနှီးပွင့်လင်းစွာ နှစ်ဖက်အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်ကြားအမြင်တွေလည်း ဖလှယ်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရဘက်က လက်ရှိလုပ်ဆောင်နေတဲ့ အခြေအနေ၊အခင်းအကျင်းတွေကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

မေလ ၁၆ရက်

Ref:NUG