ဗဟုသုတ

“စာချုပ်စာတမ်းရေးသားတွင် ဆောင်ရန်၊ရှောင်ရန်အချက်များ”

စာချုပ်စာတမ်းရေးသားတဲ့နေရာမှာရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ချုပ်ဆိုသူရဲ့ကြံရွယ်ချက်သဘောထားကိုထင်ရှားသိသာအောင်ရေးရတယ်။တရားဥပဒေပါခဲရာခဲဆစ်စကားလုံးတွေကိုထည့်ရေးဖို့မလိုပါ။လိုအပ်တဲ့အချက်တွေကိုစေ့စုံကုံလုံအောင်ထည့်သွင်းရေးသားရတယ်။ဘာဖြစ်လို့လဲဆိုတော့ပဋိညာဉ်တစ်စုံတစ်ရာကိုလုပ်ရင်အဲ့ဒီစာချုပ်မှတစ်ပါးအခြားသက်သေကိုလက်ခံခွင့်မရလို့ဘဲ။

စာချုပ်မှာခု၊လ၊ ရက်တို့ကိုတိတိကျကျသေသေချာချာရေးဖို့လိုတယ်။အင်္ဂလိပ်သက္ကရာဇ်နဲ့မြန်မာသက္ကရာဇ်တွေက်ုပြိုင်တူတွဲပြီးရေးသားသင့်ပါတယ်။

ပစ္စည်းနဲ့ပတ်သက်ပြီးအကြောင်းရာရေးသားရင်ပစ္စည်းစာရင်းကိုစာချုပ်နောက်ပိုင်းမှာပစ္စည်းဇယားအနေနဲ့ပြည့်ပြည့်စုံစုံဖော်ပြရပါတယ်။

ချုပ်ဆိုတဲ့စာချုပ်ဟာဘယ်လိုအမျိုးအစားဖြစ်တယ်ဆိုတာအလွယ်တကူသိနိုင်အောင်စာချုပ်ခေါင်းစဉ်ဖော်ပြရပါတယ်။

စာချုပ်မှာပါ၀င်လက်မှတ်ရေးထိုးသူရဲ့အမည်၊နိုင်ငံသားမှတ်ပုံတင်အမှတ်၊နေရပ်လိပ်စာတွေရေးသားရပါမယ်။

စာချုပ်ချုပ်ဆိုရာမှာပါ၀င်ရမည့်ပုဂ္ဂိုလ်ဟာအသက်အရွယ်မပြည့်သူမဖြစ်ရပါဘူး။တကယ်လို့အသက်အရွယ်မပြည့်သေးတဲ့သူဖြစ်နေရင်အုပ်ထိန်းသူကလက်မှတ်ရေးထိုးရပါမည်။ဘာဖြစ်လ်ို့လဲဆိုလျှင်အသက်မပြည့်သူကပဋိညာဉ်ပြုပိုင်ခွင့်မရှိ၍ဖြစ်သည်။စိတ်မနှံ့သူဖြစ်လျှင်လည်းပဋိညာဉ်ပြုပိုင်ခွင့်မရှိ။

တချို့ပုဂ္ဂိုလ်တွေဟာစာချုပ် ချုပ်ဆိုရာမှာကိုယ်တိုင်ကိုယ်ကျမပါ၀င်ဘဲကိုယ်စားလှယ်နဲ့ချုပ်ဆိုကြတာလည်းရှိပါမည်။

ဦးဘ၏ကိုယ်စားလှယ်စာရသူ စသည်ဖြင့်လက်မှတ်ရေးထ်ိုးနိုင်ပါတယ်။ဒါပေမယ့်လက်မှတ်ရေးထိုးတဲ့ဦးမောင်မောင်ဟာဦးဘရဲ့ကိုယ်စားလှယ်စာရသူဖြစ်ရပါမည်။

စာချုပ်မှာ- နိဒါန်း
– အဖိုးစားနား

– ပိုင်းခြားဝေငှခြင်း

– စည်းမျည်းနဲ့သတ်မှတ်ချက်

– အကျိုးခံစားခွင့်ဆိုင်ရာဖော်ပြချက်

-ဖော်ထုတ်ပြုလုပ်တဲ့သဘောတူ ညီမှုနဲ့တာ၀န်ယူခြင်း

– နိဂုံး

-လက်မှတ်နဲ့မှန်ကန်ကြောင်းလက်မှတ်ရေးထိုးခြင်း

-ထပ်ဆင့်လက်မှတ်ရေးထိုးခြင်းနဲ့နောက်ဆက်တွဲစာချုပ်ဆိုတဲ့အပိုင်းတွေ သူ့စာချုပ်အလိုက်ပါရှိရမည်။

စာချုပ်တွေက်ိုရေးထိုးရာမှာဖျက်ရာမပါအောင်ရေးရပါမယ်။အကယ်၍ဖျက်ရာရှိခဲ့လျှင်ဖျက်ရာနေရာမှာနှစ်ဦးနှစ်ဖက်လက်မှတ်ရေးထိုးရပါမယ်။

ငွေပမာဏကိုဂဏန်းနဲ့ရေးရမယ့်အပြင်စာနဲ့လည်းရေရမည်။စာရေးရာမှာနောက်ထပ်ဖြည့်စွက်ရေးတာမျိုးမရှိနိုင်အောင်ကြားလပ်မရှိစေဘဲမျဉ်းကြောင်းစိပ်စိပ်ရေးရပါမယ်။

တံဆိပ်ခေါင်းပါတဲ့စာချုပ်မှာတစ်ချပ်တစ်ရွက်နဲ့မလုံလောက်ရင်နောက်ထပ်စာချုပ်တစ်ရွက်မှာရေးပါမယ်။တစ်မျက်နှာနဲ့မလုံလောက်ရင်လည်းစာရွက်ကျောဘက်မှာရေးတာမျိုးမလုပ်သင့်ပါ။စာချုပ်ခေါင်းပါတစ်ရွက်နဲ့မလုံလောက်တဲ့အတွက်နောက်ထပ်စာချုပ်ခေါင်းမပါတဲ့စာရွက်လွတ်မှာရေးတာမျိုးမလုပ်ရ။နောက်ထပ်စာချုပ်ခေါင်းတစ်ရွက်အပေါ်တွင်သာရေးသားသင့်ပါသည်။

စာရွက်တိုင်းမှာစာမျက်နှာဖော်ပြရပါမယ်။စာတစ်မျက်နှာကုန်ဆုံးရင်နောက်ထပ်စာမျက်နှာ(သို့)လို့စကားအဆုံးသတ်ရပါမည်။

စာချုပ်မှာလက်မှတ်ရေးထိုးခြင်းဟာအရေးပါတဲ့ကိစ္စဖြစ်ပါတယ်။လက်မှတ်တွေကိုချုပ်ဆိုသူတွေနဲ့သက်သေအဖြစ်ပါ၀င်သူတွေကိုယ်တိုင်ရေးထိုးကြရမှာဖြစ်တယ်။စာမျက်နှာတိုင်းမှာလက်မှတ်ရေးထိုးသင့်ပါတယ်။

စာချုပ်ချုပ်ဆိုရာမှာသက်သေကိုတကူးတကန့်ခေါ်ယူရတယ်။ရေးချုပ်ဖတ်ပြနေတုန်းမှာအမှတ်မထင်ရောက်လာတာမျိုးဟာသံသယမကင်းစရာဖြစ်တက်ပါတယ်။ဒါကြောင့်တမင်ခေါ်ယူပြီးတိတိကျကျသေသေချာချာပါ၀င်ချုပ်ဆိုရပါမယ်။စာချုပ်ပါအချက်တွေကိုသိရှိဖို့လိုပါမယ်။စာချုပ်ကိုသေသေချာချာဖတိကြည့်ခိုင်းပါ။စာချုပ်အတိုင်းဟုတ်မဟုတ်မေးဖို့လည်းလိုအပ်ပါတယ်။

ချုပ်ဆိုတဲ့စာချုပ်မှာတံဆိပ်ခေါင်းအလုံအလောက် ကပ်ဖို့လိုပါတယ်။

အားလုံးပဲအဆင်ပြေနိူင်ကြပါစေလို့ရည်ရွယ်ရင်းး

အကိုးး။ ။ဆရာကြီးဦးကျော်ဇေယျ၏စာချုပ်အမျိုးမျိုးချုပ်ဆိုနေကြသူများနှင့်သက်ဆိုင်သောပြညွန်းချက်များ

crd