အိန္ဒိယနိုင်ငံမှာ မင်္ဂလာအတူဆောင်နေစဉ်မီးပျက်သွားတဲ့အတွက် ညီအမနှစ်ယောက်သတို့သားမှားသွား တဲ့ကိစ္စဖြစ်ခဲ့ပါတယ်။
ဇာတ်လမ်းဘယ်ကစသလဲဆိုတော့ သတို့သမီးတွေရဲ့အဖေဖြစ်သူ Rameshlal Railot က သူ့သား (၁) ယောက်နဲ့ သမီး (၃) ယောက်ကို လေးစုံတွဲအတူတစ်ရက်တည်း မင်္ဂလာဆောင်ကျင်းပဖို့ စီစဉ်ခဲ့တာပါ။
အတော်တွက်ခြေကိုက်မယ့်အကြံပါ။
သတို့သမီးညီအမ (၃) ယောက်စလုံးဟာ မင်္ဂလာဝတ်စုံအရောင်တူပုံစံတူဝတ်ပြီး ဒေသထုံးစံအတိုင်းမျက်နှာကိုပုဝါအုပ်ထားကြပါတယ်။
အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ် Aslana ရွာမှာ ညဘက် ၉ နာရီမှာ အဲ့လိုမင်္ဂလာပွဲကျင်းပနေတုန်း မီးပျက်သွားပါသတဲ့။
အဲ့ဒီအချိန်မှာ သတို့သမီး Nikita ဟာ Bhola ဆိုသူနဲ့ လက်ထပ်ရမှာဖြစ်ပေမဲ့ သူ့ညီအမ Karishma ယူရမယ့် Ganesh နဲ့ အတွဲခြင်းလူမှားကာ လက်ထပ်ပွဲဆက်လက်ကျင်းပခဲ့ပါတယ်။
ကံကောင်းတာက မင်္ဂလာပွဲပြီးလို့ အိပ်ခန်းမဝင်ခင်မှာ မီးပြန်လာခဲ့တယ်လို့ဆိုပါတယ်။
သတို့သမီးတွေရဲ့ဦးလေးဖြစ်သူ Sitaram ရဲ့အပြောအရ ဘာမှဆိုဘာမှမဖြစ်လိုက်ပါဘူးတဲ့။
မင်္ဂလာပွဲရိုးရာဓလေ့အတိုင်းဆက်ကျင်းပခဲ့ပေမဲ့ (ဥပမာ – လူကြီးတွေကန်တော့တာဘာညာဆက်လုပ်ခဲ့ပေမဲ့) မင်္ဂလာကတိကဝတ်မဆိုခင်မှာ လူကြီးတွေက အချိန်မီသိခဲ့တယ်လို့ ဆိုပါတယ်။
ညဘက်မှောင်မှောင်မည်းမည်းမို့မှားသွားတာပါတဲ့။
ဒါ EPC ကြောင့်ပါ … EPC မကောင်းလို့တဲ့။
#RichardMyoThant
11-May-2022