ဗဟုသုတ

“အမျိုးသမီးတစ်ယောက် အိမ်ထောင်ကျတဲ့အခါ. . .”

အမျိုးသမီးတစ်ယောက် အိမ်ထောင်ကျတဲ့အခါ

သူမရဲ့ အရာရာကို စွန့်လွှတ်လိုက်ရပြီ…

သူမရဲ့ အိမ် ပြောင်းလိုက်ရပြီ

ငယ်စဉ်ကတည်းက အတူတူနေခဲ့တဲ့ မိဘတွေကို စွန့်ခွာခဲ့ရပြီ

မင်းလှမ်းရာ ခြေလှမ်းရဲ့ အစိပ်အကျဲအတိုင်း နောက်ကနေသူမ တကောက်ကောက် လိုက်ပါနေရပြီ

မင်းနဲ့အတူ နေထိုင်ဖို့ အိမ်တစ်လုံးဆောက်ရပြီ

မင်းရဲ့ မျိုးဆက်လေးတွေ လောကမှာ အခြေချနိုင်ဖို့ကိုယ်ဝန်ဆောင်ရပြီ

ကလေးမွေးဖွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ မခံမရပ်နိုင်တဲ့ နာကျင်မှုတွေကို မီးဖွားခန်းထဲ ကြိတ်မှိတ်ခံစားရင်း လက်လျှော့လုနီးပါးဖြစ်ခဲ့ရတဲ့ အချိန်တွေလည်းရှိတယ်

ကိုယ်ဝန်ဆောင်ရခြင်းဟာ သူမရဲ့ ခန္ဓာကိုယ်ကို လုံးဝပြောင်းလဲသွားစေတယ်

သူမရဲ့ ပုံပန်းသဏ္ဍာန်ပျက်သွားလို့ မင်းစိတ်ခုမှာ အမြဲပူပန်နေရပြီ

သူမရင်ကနေ ပေါက်ဖွားလာတဲ့ ကလေးတွေကိုတောင် မင်းရဲ့ နာမည်အဖျားလေးယူကာ ကင်ပွန်းတပ်ပေးတယ်

သူမသေဆုံးတဲ့အချိန်ထိ ဘဝတစ်လျှောက်လုံး အိမ်တစ်လုံးထဲမှာပဲ တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေပြီးသူမရဲ့ နုပျိုခြင်းတွေကို စတေးခဲ့ရတယ်

သူမလုပ်ဆောင်ရတဲ့ အရာရာတိုင်းဟာ…

ထမင်းဟင်းချက်ရတာ

အိမ်သန့်ရှင်းရေးလုပ်ရတာ

မင်းရဲ့ မိဘတွေကို ပြုစုပေးရတာ

ကလေးတွေကို ရင်ဝယ်ပိုက်ကာ ပျိုးထောင်ပေးရတာ

မင်းရဲ့လုပ်ငန်းကို ပိုမိုကောင်းမွန်စေဖို့ အကြံဥာဏ်ပေးရတာ

မင်းရဲ့ စိတ်ဖိစီးမှုတွေကို အတူလိုက်ပါခံစားပြီး ပျော်ရွှင်စရာတွေ ဖန်တီးပေးတာ

မိသားစုကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းပေးရတာ

မင်း အကျိုးအမြတ်ရှိစေမယ့်အရာရာကို ကူညီလုပ်ဆောင်ပေးတာ…

သူမဟာ ဝါသနာတွေကို စွန့်လွှတ်ပြီး မင်းအတွက် သူမရဲ့ ကျန်းမာရေးနဲ့ အလှတရားစတဲ့…အရာရာကိုတောင် အနစ်အနာခံကာ စွန့်လွှတ်ဝံ့သူ အမျိုးသမီးတစ်ယောက်ပါ

ချစ်ခင်ရသော အမျိုးသားလေးတို့ရေ…

မင်းရဲ့ ဘဝတစ်လျှောက်လုံး ဘေးနာမှာ အမြဲရပ်တည်ပေးနေတဲ့ အမျိုးသမီးလေးကို တန်ဖိုးထားတတ်ပါစေ

ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတစ်ယောက်ဖြစ်ရတာ တကယ်မလွယ်လို့ပါ

အမျိုးသမီးတစ်ယောက်ဖြစ်ခြင်းဟာ တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ အရာပါ

သတိရပါ သူမ မင်းအပေါ် ဘုရင်တစ်ပါးလို ဆက်ဆံစေချင်ရင် ..သူမကို မိဖုရားတစ်ပါးလို ဆက်ဆံဖို့တော့ မမေ့ပါနဲ့

လေးစားစွာ

သျှန်သျှန်လင်း

#HlyanHlyanLynn