ဗေဒင်

“သောကြာ သားသမီးများအတွက် 2022 ခုနှစ်၊ မေလ တစ်လစာ ဟောစာတမ်း”

သောကြာသားသမီး

အလုပ်အကိုင်တွေ တဖြည်းဖြည်း နဲ့ကံကောင်းခြင်းတွေ ရောက်ရှိလာပါပြီ။

ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စားသောက်ကုန်လုပ်ငန်း၊ ထီ၊ တွင်းထွက်ပစ္စည်းများ၊ အဆင်ပြေအောင်မြင်ပါမယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများ၊ ကုမ္ပဏီ လုပ်ငန်း လုပ်ကိုင်နေသူများ အထူးသတိထားရမှာက ကံက ကိုယ့်ဘက်ပါနေသော်လည်း ခုချိန်ကာလရဲ့ နေရာ၊ ဒေသ၊ ဈေးကွက်တွေကိုတော့ သေချာချိန်ဆပြီးလုပ်ဖို့လိုပါတယ်။

May15ရက်နောက်ပိုင်းက စလို့ ကံကောင်းလာပြီ။ ရစရာရှိတဲ့ ငွေကြေးတွေလည်း မျှော်မှန်းထားသလိုတွေ ရရှိလာတော့မှာပါ။

လူမှုရေးအညံ့မရှိပါဘူး။ မိတ်ဆွေကောင်းတွေကြောင့် အပေါင်းသင်းမိတ်ဆွေ အကြီးအကဲတွေရဲ့ အကူညီတွေရတတ်ပါတယ်။

မေတ္တာရေးမှာ ရတာမလို လိုတာမရ ဖြစ်နေတတ်ပြီး လက်ရှိချစ်သူရှိနေသော်လည်း အထီးကျန်ဆန်နေရတတ်ပါတယ်။

LDRS များကြား တတိယလူဝင်လာတတ်ပါတယ်။ စနိုက်ကြော်တွေ၊ တွေ သတိပြုကြပေါ့နော်။

အိမ်ထောင်ရှင်များ တစ်ဦးနဲ့တစ်ဦး နားလည်မှုအပြည့်ရှိဖို့ လိုအပ်ပါတယ်။ အိမ်တွင်းရေး သောကလေးတွေ တန်းစီနေတတ်ပြီး သားသမီးအရေး၊ မိသားစုအရေး တွေတန်းစီနေပါလိမ့်မယ်။

သွေးသားသဘာဝအရ အမျိုးသမီးများ သားအိမ်၊ အူ၊ ဝမ်းဗိုက်ပြဿနာလေးတွေကြုံတတ်သလို အသက် ၄၀မှ ၄၅အတွင်း သွေးတိုး ဆီးချို၊ နှလုံး၊ ကျောက်ကပ် နဲ့ ပတ်သက်တာ၊ လေဖြန်းတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ရေကြောင်းခရီးအသွားအလာဆင်ခြင်ဖို့ လဲ သတိပေးလိုက်ပါတယ်။

ပညာရေးကြိုးစားသလောက် အဆင်ပြေမဲ့အချိန်ပါပဲ။ဘယ်အရာကို လုပ်လုပ် ကံ၊ ဉာဏ်၊ ဝီရိယအားစိုက်ထုတ်ဖို့တော့ လိုပါတယ်။ အလုပ်သစ်လျှောက်လိုသူများ၊ ကုမ္ပဏီဝန်ထမ်း၊ နိုင်ငံခြားသွားလိုသူများအနေနဲ့. ဆင်းရဲချို့တဲ့သူကို ဖိနပ်ဝယ်လှူပြီးလိုက်ပါက ပိုမိုထိရောက် အဆင်ပြေပါလိမ့်မယ်။

ကံအထောက်ပံ့

ကံအထောက်ပံ့ကောင်းများရရှိစေဖို့အတွက် စိမ်းပြာရောင် များများပါသော အဝတ်စားကို ဝတ်ဆင်ပေးပြီး နှင်းဆီနီ ၇ ပွင့် လှူပေးပါ။ကံကောင်းစေတဲ့ ဂဏန်းကတော့ 1/7 ဖြစ်ပါတယ်။

ယတွာ

ဗုဒ္ဓဟူးနေ့ နံနက် ၇နာရီခွဲမှ ၉နာရီအတွင်း စနေထောင့် ဂြိုဟ်နံဘုရားမှာ နှင်းဆီနီ ၁၀ ပွင့် + ဆီမီး ၃တိုင်၊ ရေကြည်တော် ၄ခွက် လှူဒါန်းပေးပါ။

ဆရာဒေဝမင်းထက် ဗေဒင်နှင့်ယတြာ