ဗေဒင်

“ကြာသပတေး သားသမီးများအတွက် 2022 ခုနှစ်၊ မေလ တစ်လစာ ဟောစာတမ်း”

ကြာသပတေးသားသမီး

အလုပ်မှာ ဖိအားတွေများနေတတ်တာမို့ ဒီအချိန်မှာ ဘယ်အလုပ်ကို လုပ်လုပ် တည်တည်ငြိမ်ငြိမ်နဲ့ စိတ်မလောပဲလုပ်ဆောင်ဖို့လိုပါတယ်။ လှုပ်ရှားသွားလာရတဲ့အလုပ်တွေ၊ မြေ၊ ခြံ၊ ဥယျာဉ်၊ လယ်ယာလုပ်ငန်းများ အဆင်ပြေနေပါမယ်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ အာမခံလုပ်ငန်း တွေအဆင်ပြေပါလိမ့်မယ်။ သစ်၊ သံ၊ သဲ၊ သွပ်၊ အိမ်ဆောက်ပစ္စည်းများ အကျိုးပေးနေပါမယ်။

အတွင်းအပြင်ရန်သဘာဝတွေ များစွာ စိုးမိုးနေချိန်မို့ အပြောအဆို၊ အနေအထိုင်၊ အသွားအလာကစပြီး အရာရာကို သတိဝီရိယနဲ့ လုပ်ဆောင်သင့်ပါတယ်။အထူဖြင့်ဝန်ထမ်းများ အထက်လူကြီးရဲ့ ဖိအားပေးမှုတွေ များနေတတ်တယ်။

ငွေကြေးကတော့ ပုံမှန်ဝင်နေပါမယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူများ၊ အတိုက်ခံများသလောက် ငွေကြေးလည်းအဆင်ပြေနေပါမယ်။ အထူးသဖြင့် ရွှေလုပ်ငန်း လုပ်ကိုင်နေသူများ ငွေအဝင်များပါမယ်။

ငွေကြေးအချေးအငှားတွေတော့ အရမ်းမလုပ်သင့်သေးပါဘူး။

ငယ်ရွယ်သူများ ချစ်သူနဲ့ အဆင်ပြေ အိုကေနေပါမယ်။ ချစ်သူမရှိသေးတဲ့ အပျိုကြီး၊ လူပျိုကြီးများ ကိုယ့်ကိုချစ်နေတဲ့သူမျိုး ပေါ်လာပါမယ်။ LDRS များ ချစ်သူအဆင့်မှ အိမ်ထောင်ရှင်ဘဝသို့ တက်လှမ်းရတတ်ပါတယ်။ LGBT များ အချစ်ရေးမှာ အများနဲ့ မတူအောင် RO ပြပါလိမ့်မယ်။

အိမ်ထောင်ရေးမှာ အရင်က ပြဿနာဟောင်းလေးတွေပေါ်လာတတ်ပြီး အထင်လွဲစရာ ကိစ္စလေးတွေဖြစ်လာတတ်ပါတယ်။အထူးသဖြင့် ယောက္ခမတွေနဲ့ အဆင်မပြေတာလေးတွေပါ ကြုံတွေ့ရတတ်တာမို့ ပြဿနာမဖြစ်အောင်တော့ နေပေါ့ဗျာ။

ခါးအောက်ပိုင်းထိခိုက်တာ၊ အချွန်အတက်တွေထိမိတာ၊ အဆိပ်ရှိသတ္တဝါကိုက်ခံရတာမျိုးတွေ ကြုံရတတ်ပါတယ်။ အသက် ၄၁/၄၉/၅၈/၆၆ နှစ်အရွယ် အမျိုးသမီးများအနေနဲ့ ဝမ်းဗိုက်နဲ့ ပတ်သက်တဲ့ ပြသနာတွေကြုံရတတ်ပါတယ်။ ကလေးငယ်များရှိပါက မကောင်းတဲ့ပယောဂ အတိုက်ခိုက်များ ပြုစားခံရတာမျိုး ကြုံရတတ်ပါတယ်။

ပညာရေးနဲ့ပတ်သက်ပြီး ရွေးချယ်စရာ ၂ခွဖြစ်နေတတ်တယ်။ ကုမ္ပဏီ အလုပ်လျှောက်မည့်သူများ ရွေးချယ်စရာ ၂ခုကြား ဗျာများနေတတ်ပါတယ်။ ရာထူးတိုး၊ လစာတိုး အနည်းငယ်ကြန့်ကြာနေတတ်ပါတယ်။ တနင်္ဂနွေနေ့မနက် ၇ – ၇:၁၅ နာရီအတွင်း နှင်ဆီပန်း၁၅ ညွန့်ကို ဘုရားစေတီတစ်ဆူဆူရဲ့ အင်္ဂါထောင့်မှာ လှူပြီးဆုတောင်းပါက မြန်မြန်ဆန်ဆန် အဆင်ပြေပြေ ဖြစ်သွားပါလိမ့်မယ် ။

ကံအထောက်အပံ့

ကံအထောက်ပံ့ကောင်းများရရှိစေဖို့အတွက် ပန်းရောင်၊ နို့နှစ်ရောင် များများပါတဲ့ အဝတ်စားကို ဝတ်ဆင်ပေးပါ။ အိမ်ဘုရားမှာ ခေါက်ဆွဲကြော် မကြာခန လှူပေးပါ။

ယတွာ

ကြာသပတေး နေ့မနက် ၉နာရီမှ ၉နာရီ၄၅ မိနစ်အတွင်း ရေသတ္တဝါကို အစာကျွေးပြီး ဘုရားမှာ သစ်သီးစုံဆွမ်း ကပ်လှူပေးပါ။