ရွှေဖီမြေ၊ မေလ ၂ ရက်၊ မိုင်းကိုင်
ရှမ်းတောင် မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စု ကုန်ပေါင်းရွာမှာ နေထိုင်တဲ့ အသက် (၁၆)နှစ်အရွယ် ကိုရင်လေး အရှင်ဓမ္မသေနဟာ အရိုးကင်ဆာ ဝေဒနာ ခံစားနေရပြီး ငွေကြေး အခက်အခဲ ရှိနေပါတယ်။
အရိုးကင်ဆာ ဖြစ်နေတာကြောင့့် လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကနေ လက်ရှိအချိန်ထိ မန္တလေးရှိ ဇီဝိတဒါန သံဃဆေးရုံမှာ ကုသမှုခံယူနေရပါတယ်။
ကိုရင်လေးရဲ့ ဦးလေးဖြစ်သူ ဦးဉာဏ်လင်းက “ကျနော်တို့ မနှစ်ကတည်းက ဆေးကုတာ။ ပိုက်ဆံမရှိလို့ ရွာပြန်ခေါ်လာလိုက်တာ။ ၁၂ လပိုင်းက ကျနော်တို့ ဆေးရုံ ပြန်တင်ပေးလိုက်တယ်။
သူ့မိဘတွေက ပိုက်ဆံမရှိလို့ အိမ်ခေါ်ပြန်မယ်ဘဲ ပြောနေတယ်။ ဆေးရုံက အခမဲ့ကုပေးတယ်။ ဆေးရုံမှာမရှိတဲ့ဆေးကျတော့ ကိုယ်ဟာနဲ့ကိုယ် ဝယ်ရတယ်။ စားစရိတ်ဖိုးလောက်ပဲလိုတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။
ကိုရင် ရှင်ဓမ္မသေနအတွက် ပါဝင်ကူညီပေးလိုသူတွေအနေနဲ့ ဖုန်း 09-899 826 834 (K-Pay, Wave)သို့ ဆက်သွယ်နိုင်ပါတယ်။
#အရိုးကင်ဆာ #ကိုရင်လေး #အကူအညီ #လိုအပ်နေ #မိုင်းကိုင်
#ဓာတ်ပုံ- Local