ဗဟုသုတ

“အိမ်မှာလုပ်ပြီး သိမ်းထားနိုင်တဲ့အပြင် စီးပွားဖြစ်ပါ လုပ်ရောင်းနိုင်မယ့် သရက်သီးသနပ် ပြုလုပ်နည်း”

သရက်သီးအစိမ်း (မချစ်စုပိုကောင်း) အစေ့ယှက်ခါနီးကိုထိပ်ဖြတ်ပြီး အစေးထွက်အောင် တစ်နာရီလောက် ရေစိမ်ထားပါ

#ရေစစ်ပြီး လက်မထိပ်လောက်အတုံးလေးတွေတုံးပါ

#ဆားနဲ့နယ်ပြီး တစ်ညအိပ်ထားပါ..

#ဆယ်ယူပြီး တစ်နေလှမ်းပါ

#ကျန်တဲ့အရည်ထဲကြက်သွန်ဖြူခွာထားတာစိမ်ထားပါ..

#မဆလာအတွက် ဇီယာ စမုန်စပါး နံနံစေ့ နဲ့ပဲနံ့သာစေ့တို့ကို သီးခြားစီလှော်ပြီးကြိတ်ပါ

#မုန်ညှင်းစေ့ကို လှော်ထားပါ..

#ဆီပူအောင်တည်ပြီးနနွင်းမှုန့်နဲ့ငရုတ်သီးအစိမ်းမှုန့်နည်းနည်းကို ကျက်ရုံဆီသတ် အအေးခံထားပါ

#တစ်နေလှမ်းပြီးသားသရက်သီးထဲ ကြိတ်ထားတဲ့မဆလာ ၊ ငရုတ်သီးအစိမ်းမှုန့်၊ သကြား၊မုန်ညှင်းစေ့လှော်တို့ထည့်ပြီးသမအောင် အရသာဝင်အောင်နယ်ပေးပါ.. ကြက်သွန်ဖြူထည့်ပါ

#ခြောက်သွေ့တဲ့ပုလင်းထဲကိုဖိထည့်ပါ အအေးခံထားတဲ့ဆီကျက်ကို သရက်သီးတွေထဲစိမ့်ဝင်အောင် သရက်သီးမြုပ်အောင်ထည့်ပါ

#သရက်သီးသနပ်ပုလင်းကို နေ ၄-၅ လောက်ပြပြီးရင်စားလို့ရပါပြီ..

လုပ်နည်းတွေကတချို့ကွဲပြား တာလေးတွေရှိပါတယ် ကိုယ်တိုင်လည်း ကိုယ်နဲ့အဆင်ပြေမယ်ထင်တဲ့နည်းလေးတွေကိုပေါင်းစပ်ပြီးလုပ်ကြည့်ရင်းအဆင်ပြေသလိုရှိသွားတာပါ..

ဝါသနာအရ လေ့လာသင်ယူဆဲပါရှင့်.. သရက်သီးအစိမ်းသနပ်လုပ်ဖို့စိတ်ဝင်စားတဲ့စားချက်မောင်နှတွေအားလုံး သရက်သီးသနပ်လုပ်ရင်း အဆင်ပြေ ပျော်ရွှင်ကြပါစေ..

😍😘

crd win win han