ဗေဒင်

“အင်္ဂါ သား သမီးများအတွက် 2022 ခုနှစ်၊ မေလ တစ်လစာ ဟောစာတမ်း”

အင်္ဂါသားသမီး

စီးပွားရေးကံကတော့ ကောင်းသထက်ကောင်းလာပါပြီ။ ငွေကြေးလာဘ်လာဘတွေ များစွာဝင်လာပါမယ်။

အနုပညာနဲ့ ပတ်သက်တဲ့လုပ်ငန်းများ၊ စားသောက်ကုန်၊ လယ်ယာစိုက်ပျိုးမွေးမြူထွက်ကုန် ပင်လယ်နဲ့ ရေထွက်ပစ္စည်းများ၊ စပ်တူရှယ်ယာလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းများ အကျိုးပေးနေပါတယ်။

ငွေဝင်အား ကောင်းနေပါတယ်။ ရစရာ ရှိတဲ့ အကြွေးတွေပြန်ရနိုင် သလို ပေးစရာရှိတာတွေလဲ ပြန်ပေးနိုင်ပါမယ်။သတိထားရမှာက ငွေကြေးပျောက်တာ၊ ငွေကြေးကံကောင်းနေပေမဲ့ အာမခံတာ၊ကတိစာချုပ်တွေလုပ်တာမျိုးတော့ သတိထားရပါမယ်။အထူးသဖြင့် နာမည်မှာ က ပ ဒ ဓ န ပါတဲ့ အမည်တွေကို ပိုပြီး သတိပြုသင့်ပါတယ်။

ကိုယ့်ရဲ့ အပြင်မိတ်ဆွေတွေထဲက လူတွေနဲ့ အလုပ်မှာ ပြသနာလေးတွေကြုံရတတ်ပါတယ်။

မေတ္တာရေးမှာ ချစ်သူနဲ့ဝေးကွာနေသူများ၊ Ex များနဲ့ ပြန်လည်ဆုံတွေ့ပါလိမ့်မယ်။LDRS များအနေနဲ့ ချစ်သူနဲ့မိမိ နှစ်ဦးကြား နားလည်မှု အပြည့်နဲ့ ဘဝတစ်ခု တည်ထောင်ဖို့ သေချာပုံဖော်ရမဲ့အချိန်ပါပဲ။ ချစ်သူမရှိသေးသူများ ချစ်သူရဖို့ အခွင့်လမ်းတွေ ပေါ်လာပါမယ်။

အလုပ်ကို ဦးစားပေးလွန်းပြီး မိသားစုအရေး ဂရုစိုက်ဖို့ လစ်ဟင်းနေတတ်ပါတယ်။

ကျန်းမာရေးကတော့ ဒေါင်ဒေါင်မည်ပါပဲ။ သက်ကြီးရွယ်အိုများကတော့ သွေးတိုး၊ ဆီးချို ဆောင့်တက်တာမျိုး ရှိတတ်တာမို့ အစားအသောက်ဆင်ခြင်ရပါမယ်။

ကိုယ့်ဘက်က ကိုယ်တိုင် ကံ၊ ဉာဏ်၊ ဝီရိယ အားစိုက်ထုတ်ပြီး အပတ်တကုတ် ကြိုးစားလုပ်ဆောင်ရမယ့်ကာလပါ။ အင်တာဗျူးဖြေမည့်သူများ၊ အလုပ်စတင်ဝင်ရောက်မည့်သူများ၊ ပေါင်မှုန့်လေး စားပြီးသွားပါ။

ကံအထောက်ပံ့

ကံအထောက်ပံ့ကောင်းများရရှိစေဖို့ အညိုပုပ်ရောင် များများပါသောအဝတ်အစားကို မကြာခဏ ဝတ်ဆင်ပေးပါ။ ထမင်းနှင့် ဘုရားဆွမ်းတော်ကပ်ပြီး အနီးနားရှိမိတ်ဆွေများကို ဒါနပြုပါ။ ကံကောင်းစေတဲ့ဂဏန်းကတော့ 1/5/3ဖစ်ပါတယ်။

ယတွာ

အင်္ဂါနေ့ မနက် ၉နာရီမှ ၉နာရီခွဲအတွင်း စေတီတစ်ဆူရဲ့စနေထောင့်ဘုရားမှာ နှင်းဆီနီ ၇ ပွင့် ဖယောင်းအနီ ၇ တိုင်၊ အမွှေးတိုင် ၇ တိုင်ဒါန်းပူဇော်၊ ဘုရားရှိခိုးပြီး လိုရာဆုတောင်းပါ။