ဒန့်သလွန်သီး အချဥ်ဟင်း 👩🍳
ပါဝင်ပစ္စည်း 👩🍳
ဒန့်သလွန်သီး
ငါး (ငါးရံ့/ငါးကြင်း)
ခရမ်းချဉ်သီး
မန်ကျည်းမှည့်
ကြက်သွန်ဖြူ+နီ
မဆလာ
နံနံပင်
ပြုလုပ်နည်း 👩🍳
-ပထမဆုံး ဒန့်သလွန်သီးတွေကို အပေါ်ယံကို ပြောင်စင်အောင် ခြစ်ထားပါရှင်။မပြောင်ရင် ခါးတတ်ပါတယ်နော်။လိုသလို လှီးဖြတ်ထားပြီး ရေဆေးထားပါ။ငါးကတော့ ကိုယ်ကြိုက်နှစ်သက်ရာ ငါး သုံးလို့ရပါတယ်။
ငါးတွေကို ဆေးကြော သန့်စင်ထားပါ။ခရမ်းချဥ်သီး ညှပ်ထားပါ။မန်ကျည်းမှည့် အရည်ဖျော်ထားပါ။ကြက်သွန်ဖြူနီ ထောင်းထားပါ။
– ချက်မဲ့ အိုးထဲကို ဆီအနည်းငယ် ထည့်ပြီး အပူပေးပါ။ကြက်သွန်ဖြူနီ ထောင်းထားတာ ထည့်ပါ ဆနွင်းမှုန့် အနည်းငယ် ထည့်ပါ အရောင်တင်မှုန့်ထည့်ပါ
ဆီသတ်မွှေးလာရင် ခရမ်းချဥ်သီးညှပ်ထားတာ ထည့်ပါ။ကျေနေအောင်ချေပါ။ပြီးလျင် ငါးထည့်ပါ တင်းတင်းလေးဖြစ်အောင်လုံးပါ။ငါးတွေ အပေါ်ယံ တင်းလာပြီဆိုရင် ဒန့်ဒလွန်သီး ထည့်ပြီး လုံးရေ နဲနဲထည့်ပြီး အဖုံးအုပ်ထားပါ။ပွက်လာမှ လိုသလောက် ရေကို ထည့်ပါ။
အရသာ လိုသလို ထည့်ပြီး အဖုံးအုပ်ထားပါ။ အရမ်းပွက်လာပြီး အသီးနူးလာရင် မန်ကျည်းရည် လောင်းထည့်ပါ။ ကျက်ခါနီး မဆလာလေး အနည်းငယ် နဲ့ နံနံပင် ထည့်ပါရှင် 👩🍳
– နွေပူပူ မှာ အင်မတန်မှ စားကောင်းတဲ့ ချဥ်ရည်ဟင်းတခွက်ပါဘဲနော် 😋
– အဆင်ပြေ စားကောင်းကြပါစေရှင် 💙
#food_by_may👩🍳