ဗဟုသုတ

သရက်သီးတွေ လှိုင်လှိုင်ပေါချိန်မှာ ပြုလုပ်ထားသင့်တဲ့ သရက်ယို ထိုးနည်း

မေ့ရဲ့ သရက်ယိုထိုးနည်းလေး မျှဝေပေးပါမယ်ရှင်

ပါဝင် ပစ္စည်း

– သရက်သီး – ၄လုံး

-သကြား -၃၀ သား

-ဆား -အနည်းငယ်

-ကွမ်းစားထုံး – ထမင်းစားဇွန်း ၂ဇွန်း

-မဆလာ – ၁ဇွန်း

-ငရုတ်သီးမှုန့်/အရောင်တင်မှုန့် – လဘက်ဇွန်း ၁ ဇွန်း

ပြင်ဆင်ပုံ

ပထမဦးဆုံး သရက်သီးကို အခွံခွာပြီး ကိုယ့်စိတ်ကြိုက်ပုံစံလှီးထားပါရှင်။ကွမ်းစားထုံးထည့်ပြီး သရက်သီးမြုပ်အောင် ရေစိမ်ထားပါနော်။နာရီဝက်စိမ်ပြီး ရေစင်အောင် စစ်ထားပါ။ရေစစ်ရင် သကြားနဲ့ဆားထည့်ပြီး နယ်ထားပါနော်။ပြုလုပ်နည်း

ယိုထိုးမဲ့အိုးထဲကို သကြားနယ်ထားသော သရက်သီးတွေထည့်ပါ။မီးပူလာသည်နှင့်အမျှ သကြားတွေ အရည်ပျော်လာပါလိမ့်မယ် မွှေပေးနေပါရှင်။’မေ’ထည့်တဲ့သကြားအချိုးစားအတိုင်းဆို ပုံထဲကလို ခပ်ခြောက်ခြောက်လေးပါနော်။အရမ်းလဲမချိုပါဘူး။ရွှဲရွှဲချိုချိုကြိုက်တဲ့သူက ၁၀သားလောက် ပိုကဲထည့်နိုင်ပါတယ်ရှင်။

သကြားရည် ပျစ်လာပြီး ညောင်စေးလဲကျပြီ သရက်သီးအဖတ်လေးတွေလဲ ကြည်လာပြီဆိုရင် မဆလာ ထည့်ပါ။အစပ်လေးစားချင်ပါက ငရုတ်သီးမှုန့်သော်လည်းကောင်း အရောင်တင်မှုန့် သော်လည်းကောင်း ထည့်နိုင်ပါတယ်နော်။သမအောင်မွှေပြီးရင် ချလို့ရပါပြီရှင်။

ကဲ…ဒီလိုဆို လုပ်ရလွယ်ပြီး ကလေး လူကြီး မရွေးစားလို့ရတဲ့ ဆေးသကြားမပါ ဓာတုဆိုးဆေးမပါတဲ့ သရက်ယိုလေး ရပါပြီနော်

အများကြီးလုပ်မယ် ဆိုရင်တော့ ဖော်ပြထားတဲ့ အချိုးအစားတွေအတိုင်း ဆတိုးပွားပြီး လုပ်ပါနော်

Credit မူရင်းရေးသားသူအားလေးစားစွာcrdပေးပါသည်🙏🙏#Food_by_may