News

“လက်..နက်..ကိုင်ဆောင်ခွင့်ရထားတဲ့ သတင်းပေး…ဘယ်သူ့ကိုမှ မပစ်ရသေးခင်…ကိုယ့်ဟာကိုယ် နှလုံးရပ်ပြီး ဂန့်”

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့က စစ်ကောင်စီ၏ သတင်းပေး ဒလန်ဟု နာမည်ကြီးသူ ရေယာဥ်အသင်း ဥက္ကဌ ဦးဇော်မင်းမှာ ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့က ရုတ်တရက် နှလုံးရပ်သေဆုံးသွားကြောင်း သိရသည်။

ရေယာဥ်အသင်း ဥက္ကဌ ဦးဇော်မင်းမှာ ဝါးခယ်မမြို့စီမံအုပ်ချုပ်ကောင်စီ ဗိုလ်မှူးမင်းထက် နှင့် နီးစပ်သူတစ်ဦးဖြစ်ပြီး ယမန်နေ့က နှလုံးလေဖြတ်ပြီး သေဆုံးသွားခြင်းဖြစ်ကြောင်းမြို့ခံအချို့ထံမှ သိရသည်။

“ဝါးခယ်မမြစ်ထဲမှာ ပဲ့တောင်တွေ စက်လှေတွေနဲ့ ဆန္ဒပြတုန်းက ရဲ နဲ့ ပဲ့တောင်ဦးမှာ သူကသေနတ် ကိုင်ပြီးတော့ လိုက်ပစ်တာ၊ ရဲတွေကိုသူကနေ အစီအစဥ်တွေဆွဲပြီး အဖမ်းအဆီးလုပ်ခဲ့တာတွေကို ကျွန်မတို့သိနေရတယ်။ တမြို့လုံးမှာအဖမ်းခံထားရတဲ့ ကလေးတွေ အားလုံးလိုလိုဟာ သူဖော်ထုတ်မူတွေကြောင့်ပဲဆိုတာသိတယ်။ ဘာမှမတတ်နိူင်ပေမဲ့ ကံကြမ္မာကို တော့သူရှောင်လို့မရဘူးလေ”ဟု ဝါးခယ်မမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၎င်းမှာ လက်နက်ကိုင်ဆောင်ခွင့်ရသည့် အရပ်သား သတင်းပေး ဒလန်တစ်ဦးဖြစ်ပြီး ရေယာဥ်များဖြင့် ဆန္ဒပြပွဲတွင်လည်း ပစ်သတ်လို့ရတယ်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သူဖြစ်ကြောင်း သိရသည်။

ဦးဇော်မင်းမှာ ဝါးခယ်မမြို့ပြပြောက်ကျားတပ်ဖွဲ့ (WSTF) က နိုဝင်ဘာလ ၆ ရက် ရက်စွဲဖြင့် သတိပေးထုတ်ပြန်ကာ လုပ်ရပ်များအား ရပ်တန်းမှ ရပ်ဖို့ သတိပေးထုတ်ပြန်ခံရသူတစ်ဦးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

#ဝါးခယ်မ #သတင်းပေး #ဒလန် #ရုတ်တရက်သေဆုံး

#Ayeyarwaddy_Times