News

ပရဟိတအလုပ် ဗန်းပြကာ မိန်းကလေးများကို ဆေးခတ်ပြီး ကာမလိမ်လည်ရယူနေတဲ့ ကြောင်သူတော် ကြွက်သူခိုးကို ဖမ်းလိုက်ပြီ

ဧပြီ၊ ၂၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မေတ္တာမီးအိမ် လူမှုကူညီရေးအဖွဲ့ တည်ထောင်သူ မျိုးဇော်ထွေးသည် အမျိုးသမီးငယ်များကို လူမှုကွန်ရက်မှ ရင်းနှီးအောင်ပြုပြီး၊ ဆေးခတ်၊ သား. .မယား ..ပြု..ကျင့်၍ ဓါတ်ပုံရိုက်ကာ ခြိမ်းခြောက် ကာမရယူနေသည့်အတွက် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဧပြီလ ၂၁ ရက်နေ့က ပခုက္ကူမြို့နယ်၊ မေတ္တာမီးအိမ် လူမှုကူညီရေးအဖွဲ့ တည်ထောင်သူ မျိုးဇော်ထွေး သည် ၎င်းနှင့် ပတ်သက်ခဲ့သည့် အမျိုးသမီးငယ်တစ်ဦးကို နေအိမ်တစ်လုံးတွင် ချုပ်နှောင်ကာ ကာမရယူနေစဉ် သက်ဆိုင်ရာက ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

မေတ္တာမီးအိမ် လူမှုကူညီရေးအဖွဲ့ တည်ထောင်သူ မျိုးဇော်ထွေး သည် ပခုက္ကူမြို့ ပရဟိတ္တလုပ်ငန်း၌ နာမည်ကြီးကာ၊ ပရဟိတ္တကျောင်းဖွင့်ပြီး အင်္ဂလိပ်စာ သင်ကြားနေသူ ဖြစ်သည်။

မျိုးဇော်ထွေး သည် မိမိပတ်၀န်းကျင်နှင့် မိမိနှင့်နီးစပ်ရာ အပျိုအရွယ်မိန်းကလေးများကို လူမှုကွန်ရက်မှတဆင့် ဖျားယောင်း၊ သွေးဆောင်ပြီး၊ တွေ့ဆုံစဉ် အိပ်ဆေး သိုမဟုတ် စိတ်ကြွဆေးတစ်ချို့သုံးကာ ကာမရယူခဲ့သူ ဖြစ်ကြောင်း ၎င်းနှင့် ပတ်သက်ခဲ့သည့် အမျိုးသမီး ၁ ဦး က ပြောသည်။

အဆိုပါ မေတ္တာမီးအိမ် လူမှုကူညီရေးအဖွဲ့ တည်ထောင်သူ မျိုးဇော်ထွေး ကို ဖမ်းမိသည့်အချိန်အထိ အမျိုးသမီးငယ် ၆ ဦး၏ ကာမကို ရယူ၍ ဓါတ်ပုံပြခြိမ်းခြောက်ကာ ကာမအကြိမ်ကြိမ် ရယူနေကြောင်း ၎င်းနှင့် ပတ်သက်ခဲ့သည့် အမျိုးသမီး ၁ ဦး က ပြောသည်။

#မကွေး၊ ပခုက္ကူ