ဗဟုသုတ

“ကား ကျော်တက်တော့မယ်ဆို သတိထားသင့်တဲ့ အချက်(၈)ချက်”

ကားတစီးနဲ့ တစီး အရှိန်နဲ့ကျော်တက်ခြင်းဟာ အရမ်းအန္တရာယ်များပါတယ်။ ကျော်တက်တော့မယ်ဆိုရင်လည်း ထည့်စဉ်းစားရမယ့် အချက်တွေအများကြီးပဲ။ကိုယ့်ကားရဲ့ အင်ဂျင်ပါဝါ၊သွားနေတဲ့အရှိန်၊ လမ်းအနေအထား အစရှိသဖြင့်ပေါ့။ဆိုတော့က ကားကျော်တက်တော့မယ်ဆို ကျနော်အခုပြောမယ့်အခြေခံအချက်လေးတွေတော့ ကြိုသိထားသင့်ပါတယ်။ဒါမှသာ အန္တရာယ်ကင်းကင်းနဲ့လိုရာခရီးကိုရှေ့ဆက်နိုင်မှာပေါ့နော်။

၁။နောက်ကြည့်မှန်၊ ဘေးမှန် တွေကိုအလကားမထားပါနဲ့။ ကား ကျော်တော့မယ်ဆိုအကုန်ပတ်ကြည့်ပါ။ အနဲဆုံး ၂ ခေါက်လောက်သေချာအောင်ကြည့်ပါ။ ၁ ခေါက်လောက်နဲ့ကိုယ့်မျက်စိကိုယ် မယုံပါနဲ့။ ဖြစ်သွားတဲ့မတော်တဆ တွေထဲမှာ နောက်ကြည့်မှန်သေချာမကြည့်တာကလဲ အချက်တချက်အနေနဲ့ပါနေတတ်ပါတယ်။

၂။ကိုယ့်မျက်စိတဆုံး ရှေ့ကိုလှမ်းမမြင်ရဘူးဆို လုံးဝလုံးဝ ကျော်တက်ဖို့မကြိုစားပါနဲ့။ ဥပမာ မြူ ကျနေတာပဲ ဖြစ်ဖြစ်၊ မိုးတအားသဲနေတာပဲဖြစ်ဖြစ်၊ကိုယ့်မျက်စိကသေချာ မြင်ရဘူးဆိုနောက်ကနေပဲ လိုက်ပါ။မကျော်တက်ပါနဲ့။

၃။ကားမကျော်တက်ဖို့လမ်းညွန်အမှတ်အသားတွေပြထားတဲ့နေရာတွေမှာ လုံးဝမကျော်တက်ပါနဲ့။အဲ့လို လမ်းညွန်အမှတ်အသားတွေကအလကားပြထားတာမဟုတ်ပါဘူး။ခဏခဏမတော်တဆဖြစ်တဲ့ နေရာတွေမှာ ပြထားတတ်တာများပါတယ်။

၄။အရေးအကြီးဆုံးအချက်ပါ။ ကိုယ့်ကား လက်ရှိသွားနေတဲ့အရှိန်နဲ့ ကိုယ်ကျော်မယ့်ကားရဲ့ အရှိန်ကို အချိန်တိုအတွင်းတွက်ချက်တတ်ရပါမယ်။ ကိုယ်ကျော်မယ်ဆိုတဲ့ အကြောင်းကိုအချက်အရင်ပြပါ ရှေ့ကားနောက်ကား မြင်အောင်။

အများအားဖြင့် မြို့ပြင်ဖက် အဝေးပြေးလမ်းတွေမှာအရှိန် နဲ့မောင်းနေတာဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်မြန်မြန်ချဖို့ လိုပါတယ်။ မျက်နှာခြင်းဆိုင်ကား မလာတဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းလိုမျိုးက ပြဿနာသိပ်မရှိပေမယ့် မျက်နှာခြင်းဆိုင် ကားလာတတ်တဲ့ လမ်းမျိုးတွေဆိုအန္တရာယ်များပါတယ်။

အကယ်၍ ကားကျော်တက်ဖို့ အရှိန်တင်လို့ လိုသလောက်အရှိန် မရဘူးဆိုရင် ဂီယာအကြီးနဲ့ကျော်သင့်ပါတယ်။ကျော်တက်မယ်ဆိုတိုင်းလမ်းရဲ့ဘယ်ဘက်
ခြမ်း(အပေါ်) ကနေပဲကျော်တက်ပါ။ ခြွင်းချက် အနေနဲ့ အခြေအနေအရ အောက်ကြောကနေ(ညာ)ကျော်ဖို့လိုတဲ့ နေရာတွေမှာတော့ သတိထားကျော်တက်ရပါမယ်။ (ဥပမာ ရှေ့ကားက ဘယ်ဘက်ကွေ့မယ်အချက်ပြထားလျှင်)

၅။ကျော်တက်ပြီးသွားပြီဆိုရင်လဲ ချက်ချင်း ကျော်တက်ပြီးတဲ့ ကားရဲ့လမ်းကြောင်းထဲကို ပြန်မဝင်ရပါဘူး။ အန္တရာယ်ကင်းတဲ့ အကွာအဝေးတခုရောက်မှ ညာဖက်လမ်းကြောကို ပြန်ဝင်သင့်ပါတယ်။(ကိုယ့် နောက်ကြည့်မှန်ကနေ ကျော်ခဲ့တဲ့ ကားကို လှမ်မြင်ရတဲ့ အနေအထား)။

နောက်တခုကဘယ်ဘက်ကြောမှာမောင်ပိုင်စီးပြီး တချိန်လုံးတက်မမောင်းနေရဘူးနော်။ ဘယ်ဘက်ကြောက တစီးနဲ့ တစီး ကျော်ဖို့ ပဲပေးထားတာ ကျော်ပြီးတာနဲ့ ညာဖက်လမ်းကြောကိုပြန်ဝင်ပေးရမယ်။

၆။ဟိုင်းဝေးအချက်ပြစနစ်တွေအနေနဲ့ကတော့ အားလုံးသိပြီးတဲ့ အတိုင်းသတ်မှတ်ထားတဲ့ စည်းကမ်းအသစ်တွေကို လိုက်နာဖို့လိုပါတယ်။ညာဖက်ပြထားလျင် ညာဖက်၊ ဘယ်ဖက် ပြထားရင် ဘက်ဖက် ကွေ့မယ်လို့ပဲ မှတ်ယူသင့်ပါတယ်။ဟိုးအရင် စနစ်တွေကို မေ့ထားလိုက်ဖို့ လိုပါတယ်။

ညာဖက်လမ်းကြောကနေ ဘယ်ဖက်လမ်းကြောကို ထွက်ပြီးစကျော်တော့မယ်ဆိုတာနဲ့ ဘယ်ဖက် အချက်ပြပါ။ ကျော်ပြီး ညာဖက်ပြန်ဝင်မယ်ဆိုတာနဲ့ ညာဖက်အချက်ပြန်ပြပါ။(စနစ်ဟောင်းအချက်ပြ စနစ်ကို ဆက်သုံးနေသူတွေ တချို့တော့ကျန်နေသေးတဲ့အတွက်သတိတော့ထားကြပါ)

၇။ကိုယ့ျမကြျစိ တဆုံးမမြင်ရတဲ့ အကွေ့အကောက်တွေ၊ ကုန်းတက်တွေ မှာ လုံးဝကျော်တက်ဖို့ မစဉ်းစားပါနဲ့နော်။

၈။ဘယ်သောအခါမှ ကားကျော်ရင် ၂ စီး ၃ စီး ဆင့်မကျော်ပါနဲ့(လုံးဝမလုပ်ပါနဲ့)။

ကားကျော်တင်ခြင်းဆိုင်ရာသိထားသင့်တဲ့အချက်များကို ဗဟုသုတအဖြစ်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ လိုရာခရီးကို အန္တရာယ်ကင်းစွာ အရောက်လှမ်းနိုင်ကြပါစေ။

#Credit