ပူတင်ဟာစားပွဲခုံကိုတချိန်လုံးဆုပ်ကိုင်ထားပြီး ခပ်ကုပ်ကုပ်ပုံဖြစ်နေလို့ သူ့ကျန်းမာရေးကိုမေးခွန်းထုတ်နေကြပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu နဲ့ ဆွေးနွေးနေတဲ့ ဗီဒီယိုမှာ ၁၂ မိနစ်စာလုံးလုံးမသက်မသာဖြစ်နေတဲ့ပုံကိုတွေ့ရပါတယ်။
ဗြိတိသျှထောက်လှမ်းရေး MI6 ရဲ့ အကြီးအကဲ Sir Richard Dearlove နဲ့ နေတိုးအဖွဲ့ရဲ့အကြံပေးဟောင်း ပရော်ဖက်ဆာ Gwythian Prins တို့ရဲ့အပြောအရ ပူတင်ဟာအများပြောနေတဲ့ အာရုံကြောချို့ယွင်းမှုလက္ခဏာတွေ တွေ့နေရပြီလို့ ဆိုပါတယ်။
ကျနော်မြင်ယောင်မိတာက နာဇီအာဏာရှင်ဟစ်တလာဟာ နောက်ပိုင်းကျရှုံးခါနီးမှာ လက်တဖက်က ကတုန်ကယင်ဖြစ်လာပြီး အင်္ကျီလက်ရှည်နဲ့အမြဲဖုံးကွယ်ခဲ့ရတာကိုပါ။
အရင်ကလည်း ပူတင်ဟာ ပါကင်ဆန်ရောဂါရှိတာကို ဖုံးကွယ်ထားတယ်လို့ သတင်းတွေထွက်နေပါတယ်။
စတီးရွိုက်ကိုအချိန်ကြာမြင့်စွာသုံးစွဲခဲ့လို့ စိတ်မူသိပ်မမှန်တာတွေဖြစ်ပြီး ဒီလိုဆုံးဖြတ်ချက်အမှားတွေကို လုပ်ခဲ့တာလို့လည်း ထင်တဲ့သူတွေက ထင်ကြပါတယ်။
ကျနော်တွေးမိတာက ပူတင်ဟာကျန်းမာရေးမကောင်းတာမဟုတ်ဘူးဆိုရင် စကားပြောနေရင်းနဲ့ အီအီးညှစ်လေလည်ဖို့ကြိုးစားနေတာဖြစ်ရမယ်လို့ ထင်ပါတယ်။
သူ့ရုပ်ကအဲ့ဒီလိုမအီမလည်နဲ့ ထိုင်ခုံမှာမရိုးမရွဖြစ်နေပုံပါ။
မီတင်ဆိုရင် အီးခိုးခိုးပေါက်နေကျသမားတွေသိမှာပါ။
ရုပ်သံကြည့်ရန်
Sergei Shoigu ကအနံ့ရရင်တောင်ပြောရဲမှာမဟုတ်ပါ။ အဘကတော့ မီတင်ဆိုရင်လုပ်ပြီလို့ပဲ တိတ်တိတ်လေးတွေးပြီး အသက်အောင့်ထားမှာပါ။
😉
#RichardMyoThant