News

“၂၀၂၂ မေလ မှာ ရွာသွန်းမြဲထက် ၃ဆ ပိုမိုရွာသွန်းနိုင်သည့်ဒေသများကို ခန့်မှန်းပေးလိုက်တဲ့ စုစုစံ”

၂၀၂၂ မေလ မှာ မြန်မာတစ်နိုင်ငံလုံးမှာမိုးဦးစောစွာရရှိနိုင်ပြီး မွန်ပြည်နယ် ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းပြည်နယ် စစ်ကိုင်းတိုင်းဒေသတွေမှာ

ရွာသွန်းမြဲထက် ၂ဆပိုမိုရွာသွန်းနိုင်ကာ ဧရာဝတီမြစ်ဖျားပိုင်း ကချင်ပြည်နယ်တွင် ရွာသွန်းမြဲထက် ၃ဆ ပိုမိုရွာသွန်းနိုင်သဖြင့် ဧရာဝတီမြစ်ရေ

အထူးသတိပြုရမည့် လဖြစ်ပါတယ် မကွေးတိုင်းအတွင်း ဧရာဝတီမြစ်အနောက်ဖက် ရခိုင်ရိုးမပေါ်တွင်လည်း ရွာသွန်းမြဲထက် ၂ဆ ပိုမိုရွာသွန်းနိုင်သဖြင့်

မုန်းဆည် ကြီးအုံကြီးဝဆည် မန်းဆည် စလင်းဆည် အိုင်းမဆည် တွေလည်း စီးဝင်ရေ အားကောင်းနိုင်ပါတယ် ခန့်မှန်းချိန် 22/04/2022

22/04/2022 တမူး ဟုမ္မလင်း ထမံသီ နန်းယွန်း ခန္တီး လဟယ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေနဲ့ ဖားကန့် မိုးရွာနိုင်ပါတယ်

ဖတို ပိန်းဇလုပ် သူဌေးကုန်း ကျောက်တံခါး လေမိုးလျှပ်စီးမိုးကြိုး မိုး၊ ပဲခူးတိုင်းအရှေ့ပိုင်း လေမိုးလျှပ်စီးမိုးကြိုး

ရှမ်းပြည်နယ်အရှေ့ပိုင်း စစ်ကိုင်းတိုင်းအောက်ပိုင်းမိုးရွာနိုင်ပြီး မန္တလေးခရိုင် ပြင်ဦးလွင်ခရိုင် ရွှေဘိုခရိုင် ကန့်ဘလူခရိုင် ကသာခရိုင်

ကျောက်မဲခရိုင် လားရှိုးခရိုင် မူဆယ်ခရိုင်ဒေသတွေမှာလည်း မိုးအသင့်အတင်မှမိုးပိုမိုနိုင်ကာ တောင်ကြီးခရိုင် လေထန်နိုင်ပါတယ်

မြန်မာနိုင်ငံမှာ မိုးကြိုကာလ ဒေသတော်တော်များများမှာ မုတ်သုန်ကြိုမိုးတွေရွာနိုင်ပါတယ် အထူးသတိထားရမည့်အချက်ကတော့ လျှပ်စီးမိုးကြိုး ရုတ်တရက်လေပြင်ထန်မှုအန္တရာယ်တွေရှိပါတယ်

Su Su San- စုစုစံ











Su Su San- စုစုစံ