ဗဟုသုတ

“ကုန်ကျငွေ (၈၀၀)လောက်နဲ့ တစ်မိသားစုလုံး ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက် ချက်နည်း”

ဒီရာသီနဲ့လိုက်ဖက်သော

မျှစ် 300

ရုံးပတီသီး 200

ခရမ်းချဉ်သီး 1 လုံး

ဆူးပုတ်ရွက် 100 ဖိုး

ငရုပ်သီးစိမ်း 100 ဖိုး

ခရုဆီနည်းနည်း

ထမင်းမြိန်လှသော အသီးရွက်စားတဲ့ကိုယ့်အတွက်အကြိုက်ဆုံးဟင်း ဘတ်ဂျက်လည်းချွေတာပြီးသားဖြစ် ထမင်းလည်းမြိန် 🤤

မျှစ်ဖြူ 300 ဖိုးကို ရေဆေးပြီး လှီးထား။

ရုံးပတီသီး 200 ဖိုးကိုလည်း တစ်ထောင့် သုံးပိုင်းခန့်ကိုစောင်းစောင်းလေး လှီးထား။ လှီးပြီးမှ ရေမဆေးပါနဲ့ ၊ ရေအရင်ဆေး၊ ရေပြောင်အောင် တစ်ရှူးလေးနဲ့သုတ်ပြီးမှ လှီးပါ။ မဟုတ်ရင် အရမ်းချွဲပါတယ်။

ဆူးပုတ်ရွက် (၁) စီး တင်ထား။

ငရုပ်သီး အမှည့်ထောင့်( အခြောက်မဟုတ်ပါ)ကိုလည်း စောင်းစောင်းလေး လှီးထားပါ။

တရုတ်ကြက်သွန်ဖြူ အမြှောင့်ကြီး (၃) မြှောင့်ခန့်ကို မကြေတကြေလေး တစ်ပြားရိုက်ထားပါ။

ချက်ပြုတ်နည်း

ပထမဆုံး ဆီပူထဲကို နနွင့်းနည်းနည်းထဲ့ ပြီး ခရမ်းချည်သီးတစ်လုံးကို အိနေအောင် ကြော်ပါ။ (ရေနွေလေး နည်းနည်းထဲ့)

အိလာပါက ငပိ မြေပဲဆံစိခန့်ထဲမွှေပါ။ ငပိနှံ့ရင် ခရုဆီလေး နဲနဲထည့်ပါ ( မထည့်က ရပါသည်။)

အရသာ နဲနဲစီထဲ့(နဲနဲပဲ)၊ ကြက်သွန်ဖြူ ၊ မျှစ်ဖြူ၊ ငရုပ်နီထောင့် ထဲ့လှိမ့်ပါ။

ငရုပ်နီထောင့်လေး ပျော့သွားပြီဆို ဆူပုတ်ရွက် ၊ ရုံးပတီသီးထဲ့ ၊ ရေလေးနဲနဲထဲ့ပြီး အုပ်ထား။ (၃) မိနစ်ကနေ (၅) မိနစ်အတွင်းဆိုရပါပြီ။

ဆူးပုတ်နံ့သင်းသက်းမွှေးမွှေးလေးနဲ့ စားမြိန်ပါတယ်နော်။

စားကောင်းကြပါစေ။ 😘😘😘

SSL