News

“ဘေးအိမ်မှာပဲ သူ့ရဲ့ သခင်မလေး အ..thet ခံလိုက်ရတာကို မသိဘဲ သခင်မ ပြန်လာချိန်ကို လနဲ့ချီပြီး စောင့်နေခဲ့တဲ့ ခွေးလေး”

🐕 ယူကရိန်းရဲ့ခွေးလေးဟာချီကို

ယူကရိန်းနိုင်ငံမြို့တော်ကီယက်ဗ်နား Makariv မှာ ခွေးလေး Reeny ဟာ သူ့သခင်မကိုမျှော်နေတာ တစ်လရှိသွားပြီဖြစ်ပါတယ်။

ခွေးလေး Reeny မသိရှာတာက ရုရှားကျူးကျော်စစ်မှာ သူ့သခင်မလေးဟာ သူတို့အိမ်ဘေးကအိမ်မှာ မုဒိမ်းကျင့်ပြီးအသတ်ခံခဲ့ရတာဖြစ်ပါတယ်။

သူ့ခမျာဒီလူမဆန်တဲ့ရက်စက်မှုကိုမသိရှာပဲ ဘယ်သူလာခေါ်ခေါ်မလိုက်ပဲ အိမ်ဝကနေသူ့သခင်ပြန်လာကိုမျှော်နေရှာပါတယ်။

ဒါ့ကြောင့်သူ့ကို ယူကရိန်းကဟာချီကိုလို့ခေါ်ကြပါတယ်။ Reeny ဟာ Akita Inu ခွေးလေးဖြစ်ပါတယ်။

နောက်ဆုံးသိရတဲ့သတင်းအရ နောက်မွေးစားတဲ့သူက နေ့ပေါင်းများစွာမပြတ်လာအစာကျွေးတော့မှ အဲ့ဒီနောက်မွေးစားတဲ့သူကို လက်ခံလိုက်တယ်လို့ဆိုပါတယ်။

#RichardMyoThant

21-April-2022







#RichardMyoThant

21-April-2022