ဗဟုသုတ

“ခုလို မကျည်းရွက်တွေ လှိုင်လှိုင်ပေါတဲ့အချိန်မှာ ပြုလုပ်ထားသင့်တဲ့ မကျည်းရွက်ချဉ်သိပ်နည်း”

မန်ကျည်းချဉ် သိပ်နည်း

♥️ မန်ကျည်းချဉ်လေး ခုတလော ခေတ်စားနေတာမို့ မန်ကျည်းချဉ် သိပ်နည်းလေး ပြောပြပေးလိုက်ပါတယ်။

ခု ကျမ ပြတဲ့ နည်းက ရေမပါဘဲ ဆားတစ်မျိုးတည်းနဲ့ မန်ကျည်းရွက်ကို နယ်ပြီး သိပ်တဲ့ မန်ကျည်းချဉ် သိပ်နည်းပါ။

ပုလင်းနဲ့ သိပ်သိပ်, စဉ့်အိုးနဲ့ သိပ်သိပ် ရပါတယ်။

မန်ကျည်းရွက်ကို ဆားနဲ့ နယ်ပြီး သိပ်ပြီးရင် ပုလင်း ( သို့ ) စဉ့်အိုးကို နေရောင်ခြည်တိုက်ရိုက် မကျတဲ့ နေပူရှိန်ရတဲ့ နေရာလေးမှာ ထားပေးပါ။

သိပ်ပြီး တစ်ပတ်နေရင် မန်ကျည်းချဉ်စားလို့ရပါပြီ။

လိုသလောက်ကို ခြောက်သွေ့တဲ့ ဇွန်းသန့်သန့်နဲ့ ခပ်ယူပြီး အဖုံး ပြန်အုပ်ထားပါ။

မန်ကျည်းချဉ်ကိုကြက်သွန်နီ ပါးပါးလှီးထည့်ပြီးမြေပဲဆီစစ်စစ် များများထည့်ကာဟင်းချိုမှုန့် နဲ့ သုပ်ပြီး ထမင်းစားရင် ခံတွင်းမြိန်စေပါတယ်။

ငရုတ်သီးစိမ်း, ငရုတ်သီးအကြတ်မှုန့်မြေပဲဆန်ထောင်း , ပဲအကြတ်မှုန့် ,ပုစွန်ခြောက်မှုန့် စသဖြင့်မိမိနှစ်သက်ရာ ထည့်သုပ်လို့လည်း ရပါတယ်။

ပုစွန်ခြောက်မှုန့် , ပုစွန်စိမ်းတို့နဲ့ ရောကြော်စားလို့လဲ ရပါတယ်။မန်ကျည်းချဉ် ငါးပိကြော်လဲ ကြော်စားလို့ရပါတယ်။

ကြက်, ဝက်, ဆိတ်, ပုစွန်, ငါး အစရှ်ိသဖြင့် ဟင်းချက်ရာမှာလည်း ထည့်ချက်လို့ရပါတယ်။

မှတ်ချက်

ခု ပြထားတာက လူကြီးတွေပါ စားလို့ရအောင် မန်ကျည်းရွက် ၁၅ ကျပ်သားကို ဆား ၁ ကျပ်သားနှုန်းနဲ့ ပါ။

မန်ကျည်းရွက် ၁၀ သားကို ဆား ၁ ကျပ်သားနှုန်းနဲ့ နယ်လည်း ရပါတယ်။

မန်ကျည်းချဉ် ဖြစ်သွားပြီးရင်တော့ ရေခဲသေတ္တာထဲတွင် သိမ်းဆည်းပါ။

Credit: Bago Daw Htwe Yee ပဲခူး ဒေါ်ထွေးရီ

Photo credit