ဖွတ်ကြီးအားမုဒိမ်းကျင့်မှုနဲ့ လူလေးဦးကို အိန္ဒိယမှာဖမ်းဆီးထားပါတယ်။
အိန္ဒိယနိုင်ငံ မဟာရာရှဒရာသစ်တောဌာန Maharashtra Forest Department) က အဲ့ဒီတရားခံ (၄) ယောက်ကို Sahyadri ကျားဘေးမဲ့ကြိုးဝိုင်းထဲမှာ CCTV ကနေခြေရာခံတွေ့ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလူ (၄) ယောက်ရဲ့ဖုန်းထဲကနေ ဖွတ်ကြီးကိုမဟားတရားလုပ်နေတဲ့ဗီဒီယိုကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဖွတ်ကြီးကို ဘာသဘောနဲ့ဒီလိုလုပ်တယ်ဆိုတာ မသိရသေးပါ။ ဘင်္ဂလားဖွတ်တွေဟာ ၅ ပေခွဲလောက်အထိရှည်နိုင်ပြီး ၁၉၇၂ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေး အက်ဥပဒေနဲ့ကာကွယ်ပေးထားတာပါ။
သစ်တောဝန်ထမ်းတွေဟာ အစက အဆိုပါလူ (၄) ယောက်ထဲက (၁) ယောက်ကိုပဲမိပြီး ကျန် (၃) ယောက်ကထွက်ပြေးသွားကြတာပါ။
ဒါပေမဲ့ အဲ့ဒီ (၃) ယောက်ကို Maharashtra ရှိ Ratnagiri ဒိစတြိတ် Hativ ရွာမှာမိခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖမ်းဆီးထားသူ (၄) ယောက်ကတော့ Sandeep Tukram, Pawar Mangesh, Janardhan Kamtekar နဲ့ Akshay Sunil တို့ဖြစ်ပါတယ်။
သူတို့ကို လောလောဆယ် the Indian Penal Code, Section 377 နဲ့တရားစွဲထားပါတယ်။
Richard Myo Thant
19-Apr-2022
Richard Myo Thant
19-Apr-2022