ဗဟုသုတ

“ဒဏ္ဍာရီအမျိုးမျိုးနှင့် ယဉ်ကျေးမှု အမွေအနှစ်များရှိပြီး ထူးဆန်းတဲ့ ရှားပါးအပင်မျိုးစိတ် ကိုကိုဒီမာ(coco de mer)အကြောင်း”

ကိုကိုဒီမာ(coco de mer)လို့ အမည်ရတဲ့ ရှားပါးလာသဖြင့် တားမြစ်ထားသော အသီးအကြောင်း🌴🌊

အိန္ဒိယ သမုဒ္ဒရာထဲတွင် တည်ရှိ သော ဆေရှဲလ်စ်ကျွန်းစုများတွင်သာ ပေါက်ရောက်ပြီးရှားပါးသောအုန်းပင်မျိုးစိတ်ဖြစ်သည့် ကိုကိုဒီမာ(coco de mer)ဟုခေါ်သည့် အခွံမာသီးပါသော အပင်သည် ဒဏ္ဍာရီအမျိုးမျိုးနှင့် ယဉ်ကျေးမှု အမွေအနှစ်များရှိသည့် ထူးဆန်းသည့် အပင်တစ်မျိုးဖြစ်သည်။

၎င်းအပင်ကို လိုဒိုစီးယား(Lodoicea)ဟုခေါ်ပြီး မော်လ်ဒိုက်အုန်းသီး (Maldive coconut) ဟုလည်း လူသိများသည်။၎င်း၏ သိပ္ပံနည်းကျ အမည်မှာ Lodoiceamaldive ဖြစ်သည်။

ကိုကိုဒီမာသည် အာဖရိကတိုက် အရှေ့ ဘက် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ဆေ ရှဲလ်စ်ကျွန်းစုများဖြစ်သော ပရစ္စလင် နှင့် ကူရီယူးစ်ကျွန်းစုများတွင်သာ ပေါက်ရောက်သောရှေးအကျဆုံးအပင်ဖြစ်သည်။

ဆေရှဲလ်စ်ကျွန်းစုများကို လူတို့ရှာဖွေတွေ့ရှိခြင်းနှင့်အခြေချခြင်းမပြုမီက အဆိုပါအပင်မျိုးစိတ်များ၏အခွံမာသီးများသည် သမုဒ္ဒရာရေစီး ကြောင်းများကြောင့် ဝေးလံသော ပင်လယ်ကမ်းခြေများသို့ ရောက်ရှိသွားခဲ့ သည်။

ကိုကိုဒီမာအပင်သည် ကမ္ဘာပေါ်တွင် ထူးခြားသောအရွယ်အစား၊ ပုံစံနှင့် အရည် အသွေးများကြောင့် အဆိုပါအပင်သည် ဒဏ္ဍာရီပုံပြင်များစွာကို ဖြစ်ပေါ်စေသည်။
ထူးခြားအံ့သြဖွယ် ကောင်းသော ပုံသဏ္ဌာန်

သို့သော် ၎င်း၏ကျော်ကြားမှုသည် မျိုးစေ့ နှင့် အသီးများ၏ အရွယ်အစားကြောင့် မဟုတ်ဘဲ အသီးသည် ထူးခြားအံ့သြဖွယ် ကောင်းသော ပုံသဏ္ဌာန်ကြောင့်ဖြစ်သည်။

အသီး၏တစ်ဖက်တွင် အမျိုးသမီးတစ်ဦး၏တင်ပါးပုံရှိကာ အခြားတစ်ဖက်တွင် အမျိုး သမီးတစ်ဦး၏ ဝမ်းဗိုက်၊ ပေါင်ပိုင်းတို့နှင့် ဆင်တူနေသည်။

၎င်း၏ ရှေးက ရုက္ခဗေဒ အမည်မှာ Lodoiceacallipyge ဖြစ်ပြီး ဂရိတွင် Callipyge သည် “လှပသော တင်ပါး”ဟု အဓိပ္ပာယ်ရသည်။ ကိုကိုဒီမာဟူ သောစကားလုံးသည် ပြင်သစ်စကားဖြစ်ပြီး “ပင်လယ်အုန်းသီး”ဟု အဓိပ္ပာယ်ရပြီး အချစ်အခွံမာသီး၊နှစ်ထပ်အုန်းသီး၊တင်ပါး အုန်းသီး၊ဆေရှဲလ်အခွံမာသီးဟုလည်း ခေါ် ကြသည်။

ကိုကိုဒီမာအပင်သည် ပင်စည်လုံးဝန်း ရှည်လျားပြီး မြေပြင်မှ အမြင့်ပေ ၁ဝဝနီးပါး ထိရှိသည်။ ၎င်းအပင်သည် အမြင့်ပေ ၈ဝ မှ ပေ ၁၁ဝ ထိ ကြီးထွားနိုင်ပြီး အမြင့်ဆုံး စံချိန်မှာ ၁၈၆ပေဖြစ်သည်။

အပင်၏ ထိပ် ပိုင်းတွင် အုန်းလက်၊ ထန်းလက်များကဲ့သို့ အရွက်အလက်များမှာ ပြွတ်သိပ်၍ ယပ် တောင်ပုံစံ ၁၆ပေခန့်အထိ ဖြာထွက်နေ သည်။

ထိုအသီး၏ အလေးချိန်သည် ၉၂ ပေါင်ခွဲခန့်ရှိပြီး ရင့်ကျက်သောမျိုးစေ့အဆန် ၏ အလေးချိန်သည် ၃၈ပေါင်ခန့်ရှိသဖြင့် ကမ္ဘာပေါ်တွင် အလေးဆုံးဖြစ်သည်။

အဖို ပင်နှင့် အမပင်ဟူ၍ ရှိပြီး အဖိုပင်၏ ပန်း သည် ကြောင်မြီးပန်းနှင့်တူကာ သုံးပေ ကျော်ထိ ရှည်လျားပြီး ၁ဝနှစ်တာကာလ အတွင်း ဝတ်မှုန်များကို ဆက်လက်ထုတ် လုပ်နိုင်သဖြင့် လူသိများသော သက်တမ်း အရှည်ဆုံးဝတ်မှုန်ကူးမှုဖြစ်သည်။

အသီး ရင့်မှည့်ရန် ခြောက်နှစ်မှ ခုနစ်နှစ်ထိ လိုအပ်ပြီး အပင်ပေါက်ရန် နောက်ထပ် နှစ် နှစ် လိုအပ်သည်။ ကိုကိုဒီမာအသီးသည် အုန်းသီးနှင့် မတူဘဲ သမုဒ္ဒရာရေပေါ်တွင် မျောပါသွား သော်လည်း သဘာဝအလျောက် ပျံ့နှံ့သွား ခြင်းမရှိချေ။

အသီးသည် ပင်လယ်ထဲသို့ ကျသွားသောအခါ ၎င်း၏ အလေးချိန် သိပ်သည်းဆများ သော ကြောင့် ရေပေါ်သို့ မတက်နိုင်ဘဲ ရေအောက်ခြေသို့နစ်မြုပ်သွား လေ့ရှိသည်။

ထို့နောက် အသီးများသည် ပင်လယ်ကြမ်းပြင်ပေါ်တွင် ကြာရှည်စွာ တည်ရှိပြီးနောက် အစေ့ခွံသည် ပြုတ်ထွက် သွားပြီး အသီး၏အတွင်းပိုင်းသည် ပျက်စီး သွားသည်။

အသီးအတွင်းမှ ဖြစ်ပေါ်လာ သော ဓာတ်ငွေ့များကြောင့် အသီး၏ အခွံ သည် ရေမျက်နှာပြင်ပေါ်သို့ တက်လာ သည်။

ထိုအချိန်တွင် အသီးသည် ပင်လယ်ရေစီးကြောင်းအတိုင်း ဝေးလံ သောကမ်းခြေသို့ မျောပါရောက်ရှိသွား သော်လည်း အသီးထဲတွင် အနှစ်မရှိ တော့သဖြင့် အပင်သစ်မပေါက်နိုင် တော့ပေ။

ကိုကိုဒီမာ(coco de mer) နှင့် ယုံကြည်မှု

မလေးသင်္ဘောသားများသည် ကိုကိုဒီ မာအသီးသည် ပင်လယ်ကြမ်းပြင်မှ အထက် သို့ ပေါ်လာသည်ကို တွေ့ရှိခဲ့ကြသဖြင့် ထိုအခွံမာသီးများသည် အိန္ဒိယသမုဒ္ဒရာ အောက်ခြေရှိ ရေအောက်သစ်ပင်များမှ ပေါက်ဖွားလာခြင်းဖြစ်မည်ဟု တွေးခဲ့ကြ သည်။

မလေးလူမျိုးတို့က ထိုအပင်သည် ကြီးမားသော ငှက်(သို့မဟုတ်)ငှက်ကဲ့သို့ ပုံသဏ္ဌာန်ရှိသည့် “ဂါယူဒါ”သတ္တဝါ၏အိမ်ဖြစ်မည်ဟု ယုံကြည်ကြသည်။

အာဖရိကယဇ်ပုရောဟိတ်များက “ဂါယူဒါ” သည် ဆင်နှင့် ကျားတို့ကို အမဲလိုက်နိုင် သည်ဟုယုံကြည်ကြသည်။

တစ်ခါတစ်ရံ ကိုကို ဒီမာအပင်များသည် သမုဒ္ဒရာမျက်နှာပြင် အထက်သို့ တက်လာသောအခါ သစ်ပင် များကြောင့် ဖြစ်ပေါ်လာသော လှိုင်းများ သည် အနီးအနားရှိ သင်္ဘောများကို ခရီး ဆက်လက်သွားနိုင်ခြင်းမရှိတော့ဘဲ အကူ အညီမဲ့နေသည့် သင်္ဘောသားများကို “ဂါယူဒါ”တို့က စားသုံးကြသည်ဟုယုံကြည် ကြသည်။

သမိုင်းကြောင်းအရ ကိုကိုဒီမာအသီး များကို အာရေဗျနှင့် ဥရောပတို့တွင် ကံဇာ တာကောင်းစေသည့် ပစ္စည်းအဖြစ် ရောင်း ချခဲ့ကြသည်။

မော်လ်ဒိုက်တွင် သမုဒ္ဒရာ အတွင်း၌ သို့မဟုတ် ကမ်းခြေများ၌ တွေ့ ရသော ကိုကိုဒီမာအခွံမာသီးကို ဘုရင်ထံ သို့ပေးအပ်ဆက်သရန်လိုအပ်သည်။

ထိုသို့ မဟုတ်ဘဲ အခွံမာသီးများကို သိမ်းဆည်း ထားခြင်း သို့မဟုတ် ရောင်းချခြင်းတို့ ပြု လုပ်ပါက သေဒဏ်ချမှတ်နိုင်သည်။ သို့သော် ရောမဧကရာဇ်ဘုရင် ရိုဒေါ့ဖ်-၂ သည် ရွှေဒင်္ဂါး ၄ဝဝဝ ပေးပြီး ကိုကိုဒီမာ အသီးကို ဝယ်ယူနိုင်ခဲ့သည်။

ပေါ်တူဂီသမိုင်းပညာရှင်ဖြစ်သော ဂျို ဝါးဒီဘားရို့စ်က ကိုကိုဒီမာသည် အံ့ဖွယ် ကုသနိုင်သော စွမ်းအားများရှိပြီး အဖိုးတန် ကျောက်အမြုတေထက် သာလွန်သည်ဟု ယုံကြည်သည်။

ဂျာမန်ရုက္ခဗေဒပညာရှင် ဒေါက်တာ ဘတ်သရိုကားလ်ဆီးမန်းက ကိုကိုဒီမာအသီးသည် အဆိပ်အားလုံးကို ချေဖျက်ပေးနိုင်သည်ဟု ယုံကြည်ကြောင်း ဖော်ပြခဲ့သည်။

၁၆ရာစုတွင် ဥရောပမှ မှူးမတ်များသည် ၎င်းတို့စုဆောင်းထား သည့် အဖိုးတန်ကျောက်မျက်ရတနာများကို ကိုကိုဒီမာအသီး၏ အခွံများဖြင့် ပွတ်တိုက် ပြီး အလှဆင်ကြသည်။ ၎င်းအသီးကို အိန္ဒိယနှင့် တရုတ်နိုင်ငံတို့တွင် တိုင်းရင်း ဆေးဝါးများဖော်စပ်ရာ၌ အသုံးပြုလေ့ရှိ သည်။

တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်း ပြည်နယ်တွင် ဟင်းချိုများကို အရသာတိုး မြှင့်ရာတွင် အသုံးပြုကြောင်း တွေ့ရှိရ သည်။

ကိုကိုဒီမာနှင့်ပတ်သက်သော ဒဏ္ဍာရီအသစ်များ

ကိုကိုဒီမာနှင့်ပတ်သက်သော ဒဏ္ဍာရီ အသစ်များသည် ၁၇၄၃ခုနှစ်နောက်ပိုင်း တွင် ၎င်းသစ်ပင်များကို ရှာဖွေတွေ့ရှိပြီး နောက် ပေါ်ပေါက်လာခဲ့သည်။ ကိုကိုဒီမာ အမပင်မှသာ အသီးများသီးလေ့ရှိပြီး အဖို ပင်များသည် အသီးမသီးဘဲရှည်လျားသော အဖူးတံများသာရှိသည်။

အချို့လူများက အဆိုပါသစ်ပင်များသည် မုန်တိုင်းထန် သောညများတွင် အလွန်ချစ်ခင်တွယ်တာ တတ်ကြောင်း ယုံကြည်ကြသည်။ ဒဏ္ဍာရီ အရ အဖိုပင်များသည် အမပင်များရှိရာသို့ ချဉ်းကပ်ကြပြီး ချစ်ခြင်းမေတ္တာပြုလုပ်လေ့ရှိ သည်။

၎င်းသစ်ပင်များသည် အလွန်ရှက် တတ်သောကြောင့် သစ်ပင်ချင်းချစ်နေကြ သည်ကို မြင်သွားသူရှိပါက ထိုသူသည် သေသွားနိုင်သည် (သို့မဟုတ်) မျက်စိကန်း သွားမည်ဟုဒဏ္ဍာရီတွင်ဖော်ပြထားသည်။

ယခုအချိန်ထိ ကိုကိုဒီမာပင်များ၏ ဝတ်မှုန်ကူးမျိုးပွားမှုကို အပြည့်အဝ နားမလည်သေးခြင်းသည် ဒဏ္ဍာရီနောက် ကွယ်ရှိ အချက်များအနက်မှ တစ်ခုဖြစ် သည်။

ဝိတိုရီယခေတ် ၁၈၈၁ခုနှစ်တွင် ဆေရှ်လ်စ်ကျွန်းများသို့ သွားရောက်လည် ပတ်ခဲ့သော ဗြိတိသျှစစ်ဘက်မှ ဗိုလ်ချုပ် ချားလ်စ်ဂျော့ခ်ျဂေါ်ဒွန်သည် ပရာစလင် ကျွန်းပေါ်ရှိ ဗာလဲဒီမေးနေရာသည် သမာ ကျမ်းစာတွင် ဖော်ပြထားသည့် မူလဧဒင် ဥယျာဉ်ဖြစ်သည်ဟု ယုံကြည်ခဲ့ပြီး

ကိုကိုဒီ မာအပင်သည် အကောင်းနှင့် အဆိုးကို သိမြင်နိုင်သော တားမြစ်ထားသည့်တပ်မက် စရာအသီးဖြစ်သည်ဟု ယုံကြည်ခဲ့သည်။

ဗိုလ်ချုပ်ဂေါ်ဒွန်က ကိုကိုဒီမာအသီး၏ အပြင်ဘက်သည် ဝမ်းဗိုက်နှင့် ပေါင်တို့ကို ကိုယ်စားပြုပြီး သွေးသားဆန္ဒများကို ပေါ် ပေါက်စေသည်ဟု ဆိုခဲ့သည်။

ဂေါ်ဒွန်၏ ရေးသားချက်အရ ကိုကိုဒီမာအသီးသည် ဘုရားသခင်က တားမြစ်ထားသော အသီး သာအမှန်ဖြစ်ပါက အလေးချိန် ပေါင် ၃ဝမှ ၆ဝခန့်ထိရှိသော ကြီးမားသည့် အသီးကို အာဒံအနေဖြင့် ဧဝကို ပေးအပ်ရန်အတွက် အလွန်ခက်ခဲသော အချိန်ဖြစ်လိမ့်မည်ဟု ယူဆခဲ့သည်။

ယနေ့အချိန်တွင် ကိုကိုဒီမာ အပင်များ ပေါက်ရောက်မှုရှားပါးလာသဖြင့် ၎င်းအပင်များကို ကာကွယ်ထိန်းသိမ်းစောင့် ရှောက်ထားသောမျိုးစိတ်အဖြစ် သတ်မှတ် ထားရှိကြောင်း ရေးသားတင်ပြလိုက်ရပါ သည်။

သိပ္ပံ အမည် – Lodoicea

အခြားသော အမည်တွေက@ Sea coconut, Coco de mer, Double coconut

အပင်ကတော့ ထန်းပင်သဏ္ဍန် သူ့အသီးကတော့ အုန်းသီးနဲ့ဆင်တူပြီး ရှားပါး အပင်တစ်မျိုး ဖြစ်သည့်အပြင် ဆေးဖက်လည်း ၀င်ပါတယ်။

Credit

#EiTone 🧸