News

“ဇိမ်ခံစားသောက်ဆိုင်ထဲသို့၀င်လာတဲ့ အဘိုးတစ်ဦးကို အပြင်ပန်းကြည့်ပြီး ဆက်ဆံခဲ့လို့ အလုပ်ထုတ်ခံလိုက်ရတဲ့ စားပွဲထိုးမလေးတစ်ဦး”

ဇိမ္ခံစားေသာက္ဆိုင္ထဲသို႔၀င္လာတဲ့ အဘိုးတစ္ဦးကို အျပင္ပန္းၾကည့္ၿပီး ဆက္ဆံခဲ့လို႔ အလုပ္ထုတ္ခံလိုက္ရတဲ့ စားပြဲထိုးမေလးတစ္ဦး
လူအမ်ားစုက ” စာအုပ္တစ္အုပ္ကို ၎ရဲ႕မ်က္ႏွာဖုံးျဖင့္ အကဲမျဖတ္ပါႏွင့္ ” ဆိုတဲ့စကားပုံႏွင့္ ရင္းႏွီးၾကေပမဲ့လည္း လူအမ်ားစုက ထိုစကားပုံကို အတိအက်မလိုက္နာႏိုင္ၾကပါဘူး။

Ani အမည္ရွိအမ်ိဳးသမီးတစ္ဦးဟာ အဆင့္ျမင့္ စားေသာက္ဆိုင္တစ္ခုမွာ စားပြဲထိုးဝန္ထမ္းအျဖစ္ အလုပ္လုပ္ကိုင္ၿပီး

Ani ရဲ႕လစဥ္ ၀င္ေငြမွာ $1000 ေက်ာ္ရွိသလို သူမဟာ ထိုစားေသာက္ဆိုင္ရဲ႕အေကာင္းဆုံးဝန္ထမ္းတစ္ဦးလည္းျဖစ္ပါတယ္။

ေဖာက္သည္မ်ားက သူမရဲ႕အျပစ္ကင္းတဲ့ဝန္ေဆာင္မႈအား သေဘာက်ၾကတဲ့အျပင္ သူမရဲ႕လွပမႈကလည္း ေဖာက္သည္မ်ားကို ဆြဲေဆာင္မႈအား တိုးေစပါတယ္။

တစ္ေန႔မွာ ႐ိုးရွင္းတဲ့အဝတ္အစားမ်ားကို ၀တ္ဆင္ထားတဲ့လယ္သမားအိုႀကီးတစ္ဦးက ထိုစားေသာက္ဆိုင္ထဲသို႔

ဝင္ေရာက္လာခဲ့ေပမဲ့ အဘိုးအိုက စားေသာက္ဆိုင္ရဲ႕အျပင္အဆင္ႏွင့္ အလြန္အမင္း ဆန႔္က်င္ဘက္ျဖစ္ေနခဲ့ပါတယ္။

ေဖာက္သည္မ်ားကိုေစာင့္ေမွ်ာ္ရန္ တာဝန္ရွိေနတဲ့ Ani ကလည္း ၎အတြက္ အနည္းဆုံးေတာ့ ပီတိမျဖစ္ေနခဲ့ပါဘူး။

သူမဟာ အဘိုးကို အနီးနားရွိ႐ြာတစ္႐ြာမွလွည့္လည္သြားေနတဲ့ ဆင္းရဲတဲ့လယ္သမားတစ္ဦးလို႔သာယုံၾကည္ေနခဲ့ၿပီး

အဘိုးက အလကားစားဖို႔အတြက္သာ ဆိုင္ထဲဝင္လာခဲ့တယ္လို႔ ထင္ေနခဲ့ပါတယ္။ ထို႔ေနာက္ Ani က အဘိုးထိုင္ေနတဲ့စားပြဲဆီသို႔

ခပ္သြက္သြက္ေလွ်ာက္လာၿပီးေနာက္ အဘိုးက သူမအား “ေရတစ္ခြက္ေပးပါ၊ ငါ ေရငတ္ေနတယ္” လို႔ သူမအားေတာင္းဆိုတာကို

Ani က ” ဒီမွာ ေရမရွိဘူး၊ ေဈးႀကီးတဲ့ဝိုင္နဲ႔ ေသာက္စရာေတြပဲရွိတယ္၊ အဲဒါေတြကို မမွာခ်င္ရင္ ခ်က္ျခင္းထြက္သြားပါ “လို႔ ေဒါသတႀကီးနဲ႔တုံ႔ျပန္ခဲ့ပါတယ္။

အဘိုးက ” ငါ ဗိုက္အရမ္းဆာေနတယ္၊ ​​ေက်းဇူးျပဳၿပီး ငါ ေသာက္ခ်င္တယ္၊ ၿပီးရင္ မီႏူးတစ္ခုခုကိုမွာလိုက္မယ္ ” လို႔ဆက္ေျပာေနခဲ့ေပမဲ့

” ဒီမွာရွိတဲ့စားစရာနဲ႔ ေသာက္စရာေတြကို အဘိုး ေပးေခ်ႏိုင္မွာမဟုတ္ဘူး၊ ကြၽန္မတို႔ရဲ႕အခ်ိန္ေတြကိုမျဖဳန္းတီးပါနဲ႔ကြာ!” လို႔ Ani က အဘိုးအား စိတ္တိုစြာေျပာဆိုခဲ့ပါတယ္။

ထို႔ေနာက္ အဘိုးက တည္ၿငိမ္စြာ မတ္တပ္ထရပ္ၿပီး ဆိုင္ထြက္ေပါက္ကိုမ်က္ႏွာမူရင္း သူ မထြက္ခြါမီမွာ Ani ဘက္ျပန္လွည့္ၿပီး

“ သူတစ္ပါးကို ထင္ရာစိုင္းၿပီး မင္းဆက္ဆံခ်င္သလို ဆက္ဆံေနပါလား ” လို႔ ႐ိုင္းစိုင္းတဲ့စားပြဲထိုးမေလးကိုၾကည့္ေျပာခဲ့ၿပီးေနာက္

ထိုအဘိုးက စားေသာက္ဆိုင္မွထြက္သြားခဲ့ၿပီးေနာက္ Ani ဟာ အဘိုးေျပာသမွ်ကို ဆင္ျခင္တုံတရားမဲ့စြာျပန္ေတြးေနခဲ့ပါတယ္။

ေနာက္ေန႔ မနက္ေစာေစာ ဆိုင္မဖြင့္ခင္မွာ ဆိုင္မန္ေနဂ်ာက ဝန္ထမ္းအားလုံးကိုေခၚၿပီး ဒီေန႔ စားေသာက္ဆိုင္ပိုင္ရွင္နဲ႔ ဒါ႐ိုက္တာက ဆိုင္လာလည္ဖို႔ေၾကာင္း ေျပာၾကားလာခဲ့ပါတယ္။

ေနာက္ေန႔ ဒါ႐ိုက္တာလာၿပီလို႔ၾကားေတာ့ Ani က မွန္တစ္ခ်ပ္ဆီ ခ်က္ခ်င္းေျပးသြားၿပီး ဆံပင္ထဲက ျဖည္ထားတဲ့ႀကိဳးေတြကို ျပင္ၿပီး အက်ႌကို သန္႔သန္႔ရပ္ရပ္ႏွင့္အေကာင္းဆုံးျဖစ္ေအာင္ ျပင္လိုက္ပါတယ္။

Ani ဟာ သူမကိုယ္တိုင္ ရာထူးတိုးဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔ စားေသာက္ဆိုင္ထဲမွာ ေစာင့္ေနတဲ့ ဝန္ထမ္းေတြအားလုံးထဲက အေကာင္းဆုံးလို႔ ဒါ႐ိုက္တာကို သတိထားမိေစခ်င္ခဲ့ပါတယ္။

ဇိမ္ခံကားတစ္စီးက စားေသာက္ဆိုင္ရဲ႕ေရွ႕သို႔ေရာက္ခ်လာၿပီးေနာက္ အနက္ေရာင္ဝတ္႐ုံႏွင့္ အဘိုးတစ္ဦးက ထြက္လာတဲ့အခ်ိန္ စားေသာက္ဆိုင္ရွိဝန္ထမ္းအားလုံးက ထိုအဘိုးအား ဦးၫႊတ္အေလးျပဳကာ

“ႀကိဳဆိုပါတယ္ မစၥတာ ဒါ႐ိုက္တာ” လို႔ တညီတၫြတ္တည္း ႏႈတ္ဆက္ၾကပါတယ္။ အားလုံးထိုင္စားၿပီးတဲ့အခါ စားေသာက္ဆိုင္မန္ေနဂ်ာက “ဒါ႐ိုက္တာက မင္းနဲ႔ စကားတစ္ခြန္းေလာက္ ေျပာခ်င္တယ္” ဆိုၿပီး Ani ကိုလာေခၚခဲ့ပါတယ္။

Ani က သူမ မေန႔ညက ဆိုး႐ြားစြာ ဆက္ဆံခဲ့တဲ့အဘိုးက သူမတို႔ရဲ႕ဒါ႐ိုက္တာျဖစ္ေၾကာင္း သိလိုက္ရတာေၾကာင့္ သူမရဲ႕စိတ္က တုန္လႈပ္သြားခဲ့ပါတယ္။

ထို႔ေနာက္ သူမက ခြင့္လႊတ္မႈအတြက္ ေတာင္းဆိုခ်င္ခဲ့ေပမဲ့လည္း ဒါ႐ိုက္တာက သူမရဲ႕စိတ္ေနစိတ္ထားကိုျမင္ၿပီးျဖစ္တာေၾကာင့္ အခ်ိန္ေႏွာင္းသြားခဲ့ပါတယ္။

ေနာက္ဆုံး Ani ကို အလုပ္ထုတ္ၿပီး စားေသာက္ဆိုင္မွထြက္သြားခိုင္းခဲ့ပါတယ္။ ဤပုံျပင္က ကြၽန္ေတာ္တို႔ရဲ႕ေန႔စဥ္ဘ၀မွာ သတိထားသင့္တဲ့ သင္ခန္းစာတစ္ခုအျဖစ္ ရည္႐ြယ္ပါတယ္။

သူတစ္ပါးကို အေပၚယံအကဲျဖတ္ျခင္းက ၎တို႔ကိုအဓိပၸါယ္မေဖာ္ေစဘဲ ကိုယ့္ရဲ႕အဆင့္အတန္းကိုသာ သတ္မွတ္လိုက္သလိုပါဘဲ။

Mia – Credit

Unicode

လူအများစုက ” စာအုပ်တစ်အုပ်ကို ၎င်းရဲ့မျက်နှာဖုံးဖြင့် အကဲမဖြတ်ပါနှင့် ” ဆိုတဲ့စကားပုံနှင့် ရင်းနှီးကြပေမဲ့လည်း လူအများစုက ထိုစကားပုံကို အတိအကျမလိုက်နာနိုင်ကြပါဘူး။

Ani အမည်ရှိအမျိုးသမီးတစ်ဦးဟာ အဆင့်မြင့် စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ပြီး

Ani ရဲ့လစဉ် ၀င်ငွေမှာ $1000 ကျော်ရှိသလို သူမဟာ ထိုစားသောက်ဆိုင်ရဲ့အကောင်းဆုံးဝန်ထမ်းတစ်ဦးလည်းဖြစ်ပါတယ်။

ဖောက်သည်များက သူမရဲ့အပြစ်ကင်းတဲ့ဝန်ဆောင်မှုအား သဘောကျကြတဲ့အပြင် သူမရဲ့လှပမှုကလည်း ဖောက်သည်များကို ဆွဲဆောင်မှုအား တိုးစေပါတယ်။

တစ်နေ့မှာ ရိုးရှင်းတဲ့အဝတ်အစားများကို ၀တ်ဆင်ထားတဲ့လယ်သမားအိုကြီးတစ်ဦးက ထိုစားသောက်ဆိုင်ထဲသို့

ဝင်ရောက်လာခဲ့ပေမဲ့ အဘိုးအိုက စားသောက်ဆိုင်ရဲ့အပြင်အဆင်နှင့် အလွန်အမင်း ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်။

ဖောက်သည်များကိုစောင့်မျှော်ရန် တာဝန်ရှိနေတဲ့ Ani ကလည်း ၎င်းအတွက် အနည်းဆုံးတော့ ပီတိမဖြစ်နေခဲ့ပါဘူး။

သူမဟာ အဘိုးကို အနီးနားရှိရွာတစ်ရွာမှလှည့်လည်သွားနေတဲ့ ဆင်းရဲတဲ့လယ်သမားတစ်ဦးလို့သာယုံကြည်နေခဲ့ပြီး

အဘိုးက အလကားစားဖို့အတွက်သာ ဆိုင်ထဲဝင်လာခဲ့တယ်လို့ ထင်နေခဲ့ပါတယ်။ ထို့နောက် Ani က အဘိုးထိုင်နေတဲ့စားပွဲဆီသို့

ခပ်သွက်သွက်လျှောက်လာပြီးနောက် အဘိုးက သူမအား “ရေတစ်ခွက်ပေးပါ၊ ငါ ရေငတ်နေတယ်” လို့ သူမအားတောင်းဆိုတာကို

Ani က ” ဒီမှာ ရေမရှိဘူး၊ ဈေးကြီးတဲ့ဝိုင်နဲ့ သောက်စရာတွေပဲရှိတယ်၊ အဲဒါတွေကို မမှာချင်ရင် ချက်ခြင်းထွက်သွားပါ “လို့ ဒေါသတကြီးနဲ့တုံ့ပြန်ခဲ့ပါတယ်။

အဘိုးက ” ငါ ဗိုက်အရမ်းဆာနေတယ်၊ ​​ကျေးဇူးပြုပြီး ငါ သောက်ချင်တယ်၊ ပြီးရင် မီနူးတစ်ခုခုကိုမှာလိုက်မယ် ” လို့ဆက်ပြောနေခဲ့ပေမဲ့

” ဒီမှာရှိတဲ့စားစရာနဲ့ သောက်စရာတွေကို အဘိုး ပေးချေနိုင်မှာမဟုတ်ဘူး၊ ကျွန်မတို့ရဲ့အချိန်တွေကိုမဖြုန်းတီးပါနဲ့ကွာ!” လို့ Ani က အဘိုးအား စိတ်တိုစွာပြောဆိုခဲ့ပါတယ်။

ထို့နောက် အဘိုးက တည်ငြိမ်စွာ မတ်တပ်ထရပ်ပြီး ဆိုင်ထွက်ပေါက်ကိုမျက်နှာမူရင်း သူ မထွက်ခွါမီမှာ Ani ဘက်ပြန်လှည့်ပြီး

“ သူတစ်ပါးကို ထင်ရာစိုင်းပြီး မင်းဆက်ဆံချင်သလို ဆက်ဆံနေပါလား ” လို့ ရိုင်းစိုင်းတဲ့စားပွဲထိုးမလေးကိုကြည့်ပြောခဲ့ပြီးနောက်

ထိုအဘိုးက စားသောက်ဆိုင်မှထွက်သွားခဲ့ပြီးနောက် Ani ဟာ အဘိုးပြောသမျှကို ဆင်ခြင်တုံတရားမဲ့စွာပြန်တွေးနေခဲ့ပါတယ်။

နောက်နေ့ မနက်စောစော ဆိုင်မဖွင့်ခင်မှာ ဆိုင်မန်နေဂျာက ဝန်ထမ်းအားလုံးကိုခေါ်ပြီး ဒီနေ့ စားသောက်ဆိုင်ပိုင်ရှင်နဲ့ ဒါရိုက်တာက ဆိုင်လာလည်ဖို့ကြောင်း ပြောကြားလာခဲ့ပါတယ်။

နောက်နေ့ ဒါရိုက်တာလာပြီလို့ကြားတော့ Ani က မှန်တစ်ချပ်ဆီ ချက်ချင်းပြေးသွားပြီး ဆံပင်ထဲက ဖြည်ထားတဲ့ကြိုးတွေကို ပြင်ပြီး အင်္ကျီကို သန့်သန့်ရပ်ရပ်နှင့်အကောင်းဆုံးဖြစ်အောင် ပြင်လိုက်ပါတယ်။

Ani ဟာ သူမကိုယ်တိုင် ရာထူးတိုးဖို့ မျှော်လင့်ချက်နဲ့ စားသောက်ဆိုင်ထဲမှာ စောင့်နေတဲ့ ဝန်ထမ်းတွေအားလုံးထဲက အကောင်းဆုံးလို့ ဒါရိုက်တာကို သတိထားမိစေချင်ခဲ့ပါတယ်။

ဇိမ်ခံကားတစ်စီးက စားသောက်ဆိုင်ရဲ့ရှေ့သို့ရောက်ချလာပြီးနောက် အနက်ရောင်ဝတ်ရုံနှင့် အဘိုးတစ်ဦးက ထွက်လာတဲ့အချိန် စားသောက်ဆိုင်ရှိဝန်ထမ်းအားလုံးက ထိုအဘိုးအား ဦးညွှတ်အလေးပြုကာ

“ကြိုဆိုပါတယ် မစ္စတာ ဒါရိုက်တာ” လို့ တညီတညွတ်တည်း နှုတ်ဆက်ကြပါတယ်။ အားလုံးထိုင်စားပြီးတဲ့အခါ စားသောက်ဆိုင်မန်နေဂျာက “ဒါရိုက်တာက မင်းနဲ့ စကားတစ်ခွန်းလောက် ပြောချင်တယ်” ဆိုပြီး Ani ကိုလာခေါ်ခဲ့ပါတယ်။

Ani က သူမ မနေ့ညက ဆိုးရွားစွာ ဆက်ဆံခဲ့တဲ့အဘိုးက သူမတို့ရဲ့ဒါရိုက်တာဖြစ်ကြောင်း သိလိုက်ရတာကြောင့် သူမရဲ့စိတ်က တုန်လှုပ်သွားခဲ့ပါတယ်။

ထို့နောက် သူမက ခွင့်လွှတ်မှုအတွက် တောင်းဆိုချင်ခဲ့ပေမဲ့လည်း ဒါရိုက်တာက သူမရဲ့စိတ်နေစိတ်ထားကိုမြင်ပြီးဖြစ်တာကြောင့် အချိန်နှောင်းသွားခဲ့ပါတယ်။

နောက်ဆုံး Ani ကို အလုပ်ထုတ်ပြီး စားသောက်ဆိုင်မှထွက်သွားခိုင်းခဲ့ပါတယ်။ ဤပုံပြင်က ကျွန်တော်တို့ရဲ့နေ့စဉ်ဘ၀မှာ သတိထားသင့်တဲ့ သင်ခန်းစာတစ်ခုအဖြစ် ရည်ရွယ်ပါတယ်။

သူတစ်ပါးကို အပေါ်ယံအကဲဖြတ်ခြင်းက ၎င်းတို့ကိုအဓိပ္ပါယ်မဖော်စေဘဲ ကိုယ့်ရဲ့အဆင့်အတန်းကိုသာ သတ်မှတ်လိုက်သလိုပါဘဲ။

Mia – Credit