News

“စစ်သားမဟုတ်ဘဲ စစ်ဝတ်စုံဝတ်ပြီး Live လွှင့်ကာ PDFတွေကို ခြိမ်းခြောက်လို့ (၈) ချက် အပစ်ခံရပေမယ့် မသေဘူးဆိုတဲ့ ဂြိုလ်သား(ရုပ်သံ)”

ထားဝယ်၊ ဧပြီ ၁၇

လက်နက်ကိုင်ဆောင်ထားပြီး စစ်ဝတ်စုံပေါင်းစုံဝတ် စစ်ကောင်စီကိုထောက်ခံ ၊ ဖေ့ဘွတ်ပေါ် Live လွှင့် PDF များကို ဖြုတ်မည်/သတ်မည် အမြဲခြိမ်းခြောက်နေသည့် ဦးစိုးသန်းနိုင်သည် ယနေ့ နှစ်ဆန်းတစ်ရက်နေ့က ၎င်းနေထိုင်ရာ တနင်္သာရီတိုင်း မလွှဲတောင်ဒေသတွင် သေနတ်ဖြင့် ၈ ချက်ပစ်ခတ်ခံရကြောင်း သိရသည်။

ယနေ့တွင် ဦးစိုးသန်းနိုင် သည် ၎င်းပိုင် သပြေခြံသို့အရောက် ခြံအတွင်းရှိ တဲအိမ်မှာ အရင်ပေါက်ကွဲ၍ မီးလောင်ကြောင်း၊ ယင်းအချိန်တွင် မီးငြိမ်းရန်အသွား ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သိရသည်။

ဦးစိုးသန်းနိုင်ကိုယ်တိုင်က ” သစ်ခတ်ဆွဲပြီး မီးငြိမ်းဖို့တဲထဲအဝင် ဘောင်း ဘောင်း ဘောင်းနဲ့ ကျနော် လန်ထွက်သွားတယ်။ ခံရတယ်ဗျ။ ဒါကြီးကယ်လိုက်တာ(ကျည်ကာကိုဆိုလို)။ စစ်သားပဲဗျာ။ ဒီလောက်ကတော့။ မီးကိုပဲစိတ်ရောက်နေတာ။ ဘယ်နားက ဘယ်လိုလုပ်လဲ သေချာမသိလိုက်ဘူး” ဟု လူမှုကွန်ရက်တွင် ပြောကြားထားသည်။

ယင်းသို့ တစ်ကြိမ်ပစ်ခတ်ခံရပြီး နောက်တစ်ကြိမ် ၃ ချက်ပစ်ခတ်ခံရကာ နောက်ထပ်မံလန်ကျချိန် အနောက်မှနေ၍ ကျောဘက်ကို ၂ ချက်ထပ်မံပစ်ခတ်ခံရကြောင်း ဦးစိုးသန်းနိုင်က ဆိုသည်။

ဦးစိုးသန်းနိုင် ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ ၎င်းကိုယ်တိုင်ပြောကြားထားသော ရုပ်သံကြည့်ရန်

News Ambassador – TV