News

“စစ်သင်္ဘောကြီး Moskva နစ်မြုပ်သွားပြီးနောက် တတိယကမ္ဘာစစ် စတင်ပြီလို့ ရုရှား ကြေငြာ”

မော်စကို ၊ ဧပြီ ၁၇

Moskva စစ်သင်္ဘော နစ်မြုပ်သွားပြီး နောက် အင်အား အပြည့်သုံး တိုက်ခိုက်တဲ့ တတိယ ကမ္ဘာစစ် စတင်နှင့်ပြီဖြစ်ကြောင်း ရုရှား အစိုးရ ထိန်းချုပ်ထားတဲ့ ရုပ်သံလိုင်း ကကြေညာပါတယ်။

ကရင်မလင် နန်းတော် ရဲ့ ထိပ်တန်း အကျဆုံး ထောက်လှမ်းရေး ဌာန အတွက် နောက်ဆုံး ထိုးနှက် ချက် တစ် ရပ် အ နေနဲ့ ယူကရိန်း မှာ နောက်ထပ် GRU စစ်ထောက်လှမ်းရေး ထိပ်တန်း အေးဂျင့် တစ်ဦး ကို ဆုံးရှုံး ခဲ့ရ ပြီး နောက် ထိပ်တန်း အစီအစဉ် တင် ဆက်သူ အိုလ်ဂါ ဆကာဗီယီဗာ ရဲ့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါ တယ်။

အရှိန်မြင့်တက်လာတဲ့ အခြေအနေ ကို တတိယ ကမ္ဘာ စစ် လို့ ခေါ်ဆိုနိုင်ပြီး ဒါ ဟာ လုံးဝ မှန်ကန် တယ်လို့ ၎င်းက Russiya 1 channel ရုပ်သံလိုင်း ပရိတ် သတ်များအား ပြောကြားပါတယ်။မိမိတို့ ဟာ အခုအချိန်မှာ နေတိုး အဖွဲ့ ရဲ့ အခြေခံ အဆောက်အဦးများ ကို တိုက်ခိုက်နေတာဖြစ်ပြီး သို့ မဟုတ်လို့ ရှိရင် နေတိုး အဖွဲ့ ကို တိုက်ရိုက် တိုက်ခိုက် နေတာဖြစ်ကြောင်း အဆိုပါ ဝါဒဖြန့် အစီအစဉ် တင် ဆက် သူက ပြောကြားပါတယ်။

ကရင်မလင် နန်းတော် ရဲ့ အဓိက ဝါဒ ဖြန့် ပါးစပ်ပေါက် ဖြစ်တဲ့ သတင်းဌာ နအတွက် ကြီးမား တဲ့ ထိုးနှက် ချက် အဖြစ် ရုရှား စစ်သင်္ဘော ကြီး တစ်စီး နစ်မြုပ်သွား ခဲ့ပြီး နောက် အထက်ပါ ကြေညာချက် ထွက်ပေါ်လာ တာ ဖြစ် ပါတယ်။

ပင်လယ်နက် ရှိ ရုရှား ရေယာဉ် အုပ်စု ရဲ့ ဦးဆောင် သင်္ဘော ကို ဒုံးကျည် နဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့ တယ် ဆိုတဲ့ယူကရိန်း ရဲ့ ပြောဆို ချက်ကို ရုရှား က အသိအမှတ် မပြုသေးပါဘူး။ယူကရိန်း ရဲ့ပြောဆိုချက် မှန်ကန် တယ် ဆိုရင် ဒါဟာ ရုရှား ကျူးကျော်ပြီး နောက်ပိုင်း ကိဗ် အစိုးရရဲ့ အကြီးမား ဆုံး စစ်ရေး အောင်မြင်မှု တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

အမှတ် ၂၅ ခွဲထွက်ရေး အုပ်စု GRU ရဲ့ ဗိုလ် ကြီး အလက်စီ ဗိုဂိုမိုလက်ဗ် ဟာ ယူကရိန်း မှာ စစ်ဆင်ရေး အတွင်း သေဆုံးသွားကြောင်း သောကြာ နေ့ က သတင်းထွက်ပေါ်ခဲ့ပါတယ်။

အနောက်တိုင်း က စစ်ပွဲ အတွက် ကြိုတင် ပြင်ဆင်နေတာ ကြာပြီ ဖြစ်ပြီး အနောက် တိုင်း နဲ့ အင်အား အပြည့်သုံး စစ်ပွဲ စတင်နေပြီ ဖြစ်ကြောင်း စစ်ဖက် ဆိုင်ရာ သတင်း တင်ဆက်သူ ဒီမီထရီ ဒရို ဇန်ကို ကလည်း ပြောကြားပါတယ်။ရုရှား စစ်သားများ ရောက်ရှိနေတာ မြင်ရလို့ ယူကရိန်း နိုင်ငံသားများ ပျော်ရွှင်နေတယ်လို့ လည်း ရုရှား သတင်းတွေ ကဝါဒ ဖြန့်နေ ကြပါတယ်။

myanmaplatform