News

“စစ်ရှောင်နေရင်း လက်နက်ကြီးကျည်ထိသွားချိန်မှာ အခြားထိခိုက်သူတွေ နှင့် မိမိကိုယ်ကိုယ် ဓာတ်ပုံမှတ်တမ်းယူခဲ့ပြီး ကွယ်လွန်ခါနီးမှာ. . မြေတစ်ဆုပ်နဲ့ ကျိန်စာဆိုခဲ့တဲ့ (၁၀)တန်းကျောင်းသူလေး”

လူသား အမှန်တရားနဲ့ လွှတ်မြှောက်မှုကို ရှာဖွေရင်း ကြွေလွှင့်သွားတဲ့ အပြစ်မဲ့ ကြယ်ကလေးတွေ ကျနော်တို့နိုင်ငံမှာ ဘယ်လောက်များနေပြီလဲ..

ကြွေသွားတဲ့ ကြယ်ပွင့်လေးတွေထဲ ပေါက်မြို့နယ်တောင်ပိုင်း တံစူးရွာလေးက မဇင်ဇင်အောင်လည်း ပါ၀င်ခဲ့သည်။

အသက် ၁၆နှစ်အရွယ် ၁၀တန်းကျောင်သူ မဇင်ဇင်အောင်ဟာ မောင်နှစ်မသုံးယောက်ထဲက အငယ်ဆုံးဖြစ်သည်။ စစ်ကောင်စီ တပ်သားများ ပေါက်မြို့နယ်တောင်ပိုင်းကို အကြီးအကျယ် ထိုးစစ်ဆင်နေသော သတင်းများကြားရ၍ တံစူးရွာက ကြိုတင်ရှောင်ပုန်းနေသူတွေထဲ မဇင်ဇင်အောင်လည်း ပါ၀င်ခဲ့သည်။

ကျေးရွာအနောက်မြောက်ဘက် တောင်တန်းတစ်နေရာ တောတဲတိုက်ထဲ ရှောင်ပုန်းနေစဉ် စစ်တပ်က ရမ်းသမ်းပစ်လောက်သော လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် တံစူးရွာက ရှောင်ပုန်းနေသော စစ်ဘေးရှောင် ၉ ဦးကျဆုံးမှုတွင် မဇင်ဇင်အောင် ကံဆိုးစွာ ပါ၀င်သွားခြင်းဖြစ်သည်။

သေဆုံးသူ၉ဦးအနက် ၇ဦးက ပွဲချင်းပြီးကျဆုံးပြီး မဇင်ဇင်အောင်က ပေါင်နှစ်ဘက်ထိခိုက်ဒဏ်ရာနဲ့ ၁ နာရီအကြာမှာ ကျဆုံးခဲ့ပြီး ကျန်တစ်ဦးက ဆေးကုဖို့ ကြိုးစားရင်း ခရီးလမ်းမှာ ကျဆုံးခဲ့သည်ဟုဆိုသည် 😢😥

မဇင်ဇင်အောင်က စိတ်ဓာတ်ပြင်းသည်။ သူဒဏ်ရာရနေချိန် သူ့ဖုန်းနဲ့ သူ့ကိုယ်သူ ဓာပုံရိုက်ခဲ့သည်။ အခြားကျဆုံးသူတွေကိုလည်း သူ့ဖုန်းနဲ့ မှတ်တမ်းတင်ခဲ့သည်။

“သူက ဒဏ်ရာတန်းလန်းနဲ့ မျက်ရည်မကျပဲ မအလ စစ်တပ်ကို နာကျည်းစိတ်ဖြင့် အံကြိတ်ခံခဲ့တာဗျ သူမဟန်တော့တာသိတော့ မြေကြီးတစ်ဆုပ် ဆုပ်ယူပြီး စစ်တပ်ကို ကျိန်စာဆိုခဲ့သေးတယ်” လို့ သွားရောက်ကူညီခဲ့သူတစ်ဦးက ပြောပြသည်။

“မအလ စစ်တပ်က ဒီလို စစ်ရာဇ၀တ်တွေ ကျူးလွန်နေတာကို အမြန်ဆုံး အရေးယူနိုင်ဖို့ ကြိုစားပေးပါလို့ NUG ကိုပြောချင်တယ်၊

သူကျဆုံးသွားလို့ အိပ်လို့လည်းမရဘူး စားလို့လည်းမ၀င်ဘူး လက်နက်သာရှိရင် သူသေကိုယ်သေ ယှဉ်တိုက်ပစ်ချင်တယ် ၊ ဘယ်တော့မှ ကမ္ဘာမကြေဘူး” လို့ နီးစပ်သူမိသားစု၀င်တစ်ဦးက ငိုပြီးပြောပြသည်။

ယုတ်မာရက်စက်သော မအလ စစ်တပ်ကို ဒီအတိုင်းကြည့်နေကြတောမှာလားဟု အားမလိုအားမရ ပြောပြရှာသည်။

ယခုအထိပင် စစ်တပ်က သက္ကယ်ကျင်းရွာနှင့် ကျောက်အိုးရွာတွင် တပ်စွဲလျက်ရှိပြီး ပေါက်မြို့နယ်တောင်ပိုင်းကျေးရွာအများအပြားကို မီးရှို့မှုများ ကျူးလွန်ထားသည်။ ဒေသခံပြည်သူများ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

မဇင်ဇင်အောင် ကျဆုံးမှုအတွက် လွန်စွာ ၀မ်းနည်း စိတ်မကောင်းဖြစ်ရပြီး လူယုတ်မာ စစ်တပ် အမြန်ကျဆုံးပါစေလို့ မျက်ရည်များနှင့် ဆုတောင်းမိတော့သည်။

(ပုံများကို အလျုခံခြင်းပို့စ်များတွင် အသုံးပြုခြင်း ခွင့်မပြုပါ)

တံစူး ကျေးရွာသတင်း

ဧပြီလ ၁၂ ရက်က မကွေးတိုင်း ပေါက်မြို့နယ် တံစူးကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေကိုလည်း ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၈ ဦးနဲ့ အမျိုးသားတစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၉ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလဆန်းပိုင်းကတည်းက ပေါက်မြို့နယ် တောင်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ပစ်ခတ်တိုက်ခိုက်မှုနဲ့ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပြီး တံစူးကျေးရွာအုပ်စုက တံစူး၊ လယ်ယာ၊ လက်ပံလှရွာတွေအပါအဝင် ကျေးရွာပေါင်း (၁၅)ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။

“အကြိုနေ့မတိုင်ခင် တစ်ရက် ညနေပိုင်းကြီးဖြစ်တာဗျ။ လက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်တာ။ အမျိုးသမီး ၇ ယောက် ပွဲချင်းပြီး သေသွားတယ်။ တခြားအမျိုးသမီးတစ်ယောက်နဲ့ သက်ကြီးအမျိုးသားတစ်ယောက် ဒဏ်ရာရတယ်။နောက်တော့ အဲဒီ ၂ ယောက်ပါ သေသွားတာဗျ” လို့ တံစူးရွာခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ရသူ ၉ ဦးဟာ ဒေါ်သန်းစော၊ ဒေါ်တင်မိုးလှိုင်၊ ဒေါ်ဌေးဝ၊ ဒေါ်စန်းခွေး၊ မလှမျိုးနွယ်၊ မလှမျိုးကြွယ်၊ မခင်သန်းနု၊ မဇင်ဇင်အောင်နဲ့ ဦးမြင့်ပိုတို့ဖြစ်တယ်လို့ ဒေသခံတွေက အတည်ပြုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေရဲ့ ယာယီတဲတွေအထိ လိုက်လံပစ်ခတ်မှုနဲ့ ထပ်မံ မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တာကြောင့် ဒေသခံတွေ ရိက္ခာအဖြစ် စုဆောင်းထားတဲ့ စပါးတင်း (၄၀၀)ကျော်လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိအချိန်မှာ ပေါက်မြို့နယ်နဲ့ ဆိပ်ဖြူမြို့နယ်က သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ နေရပ်စွန့်ခွာ ရှောင်တိမ်းနေရပြီး ရိက္ခာနဲ့ဆေးဝါး လိုအပ်ချက် အများအပြား ရှိနေတာကြောင့် လှူဒါန်းမှုတွေ ပြုလုပ်ကြဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

#Save_Myanmar

#Crd: