News

“သရုပ်ဆောင် ခိုင်သင်းကြည် အတွက် ကြေငြာချက် နှင့်အတူ သေပြီးသားလူတွေ နှင့် ကိုယ့်က်ုယ်ကိုယ် ဘွဲ့တံဆိပ်တွေ ချီးမြှင့်လိုက်ပြန်တဲ့ စကစ”

လူမှုထူးချွန် (ဒုတိယအဆင့်) တံဆိပ်ချီးမြှင့်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်အား တံဆိပ်ပြန်လည်ရုပ်သိမ်းသည်ဟု စစ်ကောင်စီမှ ယနေ့ကြေညာသည်။
၂၀၀၉ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက် အပိုဒ် ၆၇ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ တို့အရ ပြန်လည်ရုပ်သိမ်းလိုက်သည်ဟု စစ်ကောင်စီသတင်းစာများဆွင် ဖော်ပြသည်။

ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်အား ၂၀၂၂ ခုနှစ်၊ မတ်လ(၂၇) ရက်က လူမှုထူးချွန်(ဒုတိယအဆင့်) တံဆိပ် ချီးမြှင့်ခဲ့ကြောင်း သတင်းစာမှတဆင့်ကြေညာပြီး ပြန်ရုပ်သိမ်းကြောင်း စစ်ကောင်စီက ပြန် ကြေညာခြင်းဖြစ်သည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ ဘွဲ့တံဆိပ်နှစ်ခု ပေးအပ်ချီးမြှင့်ကြောင်း ၎င်း၏ အမိန့်ဖြင့် ယနေ့ ကြေညာချက်ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ကြီးချုပ်ဟောင်း ဦးနု၊ သမ္မတ စန်းယု၊ ဝန်ကြီးချုပ်ဟောင်းနှင့်စစ်အာဏာရှင် နေဝင်း၊ စစ်အာဏာရှင်ဟောင်း သန်းရွှေ၊ ယာယီသမ္မတ ကြေညာထားသူ မြင့်ဆွေတို့ကို ဘွဲ့တံဆိပ်များ ချီးမြှင့်ကြောင်း ကြေညာခဲ့သည်။

မင်းအောင်လှိုင်က သူ့ကိုယ်သူလည်း ယနေ့တွင် သတိုးသီရိသုဓမ္မဘွဲ့၊ သတိုးမဟာသရေစည်သူ ဘွဲ့များ ပြန်လည် ပေးအပ်ကြောင်း ကြေညာခဲ့သည်။

Photo:ခိုင်သင်းကြည် FB

#MeKongNews