News

“ဒီအချိန် လမ်းပေါ် လူမရှိပေမယ့်လည်း…အိမ်လစာ ပေးဖို့ ထွက်ရောင်းရတာ သားရယ်”

နေ့လည် (၂)နာရီလောက် ဆေးခန်းမှ ထမင်းထွက်စား အပြန် အဖိုးတယောက် ဖရဲသီးလေးတွေ ခင်းပြီ ထိုင်နေတာတွေ့မိ။

အဖိုးရေ…ဘယ်လိုရောင်းလဲ ဗျ၊ တခု – ၅၀၀ပါ သား၊ ချိုရဲ့လား အဖိုး၊ သား မြည်းကြည့်ပါ…နေပူတော့ အရမ်းတော့ မချိုဘူး။

သင်္ကြန်တွင်း မနားဘူးလား အဖိုး။ မနားရပါဘူး သားရယ်…လမ်းပေါ် ဝယ်သူမရှိပေမဲ့လဲ…အချိန်တန်ရင် အိမ်လစာ ပေးဖို့…(၅)ရာ ရရ (၁)ထောင် ရရ…ထွက်ရောင်းရတာပါ သားရယ်။

ဟုတ် အဖိုး…သားကို (၅)ခု ပေးပါနော်။ ဒါဆို အဖိုး လျော့ပေးလိုက်မယ်…၂ထောင်ပဲပေးနော်…အဖိုး လှီးထည့်ပေးလိုက်မယ်။ ဟုတ် အဖိုး…ရော့ ၃၀၀၀၀ ကျပ်

သား အဖိုးမှာ ပြန်အမ်းဖို့ မပါဘူး။ (ခုမှ စျေးဦးပေါက်လား မသိဘူး)။ မအမ်းပါနဲ့ အဖိုး…အဲ့ဒါတွေ အကုန် အဖိုးယူလိုက်ပါ… သင်္ကြန်တွင်း မရောင်းရလဲ…အဖိုး အိမ်လစာတွက် စိတ်အေးရတာပေါ့ အဖိုး။ ကျေးဇူးတင်လိုက်တာ သားရယ်ဆိုပြီ….ဆုတွေ အများကြီး ပေးရှာတယ်။

(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖိုးကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)

ဪ…ကျနော်တို့တွေ သင်္ကြန်တွင်း အိမ်ထဲ နေသူ နေ…ခရီးသွားသူ သွားနဲ့ ကိုယ့်တွက် အနားယူနေကြပေမဲ့…ဆင်းရဲနွမ်းပါး အဖိုးအဖွားများကျ ဝမ်းရေးတွက် မနားပဲ…ဝယ်သူမရှိ နေပူတည်း စျေးရောင်းနေကြရတာပဲလား။

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက

ကိုပူတူးနှင့်ဘော်ဒါများ