News

“(၃) ကြိမ်တိုင်တိုင် မီးရှို့ခံရတဲ့ နတ်ချောင်းရွာက ရွာသားတစ်ဦးရဲ့ ကျိန်စာ”

နတ်ချောင်းရွာသားတစ်ဦးရဲ့ကျိန်စာ

နတ်ချောင်းရွာကို စကစတပ်များက တတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ကြီးအိမ်ကောင်း အရေအတွက် ၉၀ ဆုံးရှုံး။ (စပါးကျီ ၊ နွားစာတိုက် လောင်ရုံနဲ့ ရှို့ခံရပြီး တစ်စိတ်တစ်ပိုင်းမျှ လောင်ရုံအနေအထားတို့ကို စာရင်းမထည့်ရသေး)။

မိမိတို့ ကျေးရွာသူ ကျေးရွာသားများအနေနဲ့သမာအာဇီဝဖြင့် ရိုးကုတ်စွာ ရှာဖွေစုဆောင်းပြီးရသော ဥစ္စာကို အရင်းတည်ကာဤအိမ်ကွန်သာယာတို့ကို ဆောက်ခဲ့ရပါသည်။

ဤ အိမ်သာယာကို အမှီပြု၍ ပြုခဲ့သမျှသော ကုသိုလ်အစုစုတို့၏ အဖို့ဘာဂကို သူတော်ကောင်းအပေါင်းအား အကြိမ်ကြိမ် မျှဝေခံစားပေးခဲ့ကြပါသည်။

ဤ အိမ်အမှီကို အကြောင်းပြု၍ အများပြည်သူအကျိုးစီးပွါးအား မထိပါး ၊မစော်ကား၊ မဖျက်ဆီးခဲ့ကြဘူးပါ။

ဤ မှန်သော သစ္စာစကားကြောင့်….

မိမိတို့အိမ်ရာကို မီးရှို့ဖျက်ဆီးသူများသည်….

ဘဝမခြား ရေနှယ် ခန်းခြောက်ကြပါစေ….။

ဘဝအဆက်ဆက် အမှီအကာမရှိ၊ တည်သမျှပျက် ၊ စုသမျှ ကုန်ကြ၍ သင့်ဖွယ်ရှိသော ဘေးအသီးသီးသည် အလွယ်တကူ ဆိုက်ဆိုက်မြိုက်မြိုက် သင့်ကြပါစေ….။

လောင်မြိုက်သော အပူဖြင့် ဘဝတဆုံး ဖြတ်သန်းကြရပါစေ။

Credit Aung Hsan Lin