News

“စကစတပ်မှ ကျဆုံးသွားတဲ့ တပ်သားတစ်ယောက်ထံ က တွေ့ရတဲ့ ဇနီးဖြစ်သူထံ မပို့ဖြစ်လိုက်ရတဲ့ စာ..”

သို့

မိန်းမရေ ငါပြန်မလာနိုင်ရင်လည်း နင်မငိုနဲ့

ငါသေမှာစိုးလို့ စာကြိုရေးထားတာ

ငါသေရင် PDF ကို မမုန်းနဲ့။ စစ်ဆင်ရေးက အစကတည်းက ငါတို့ကို တမင်တကာ အသေခံခိုင်းတာ။ အာဏာရူးတွေကို မုန်း။

ငါပြန်မလာနိုင်ရင် နင့်ဘဝနင် သေချာထိန်းကျောင်း။ မငိုနဲ့။ ငါ့သားကို ဘယ်တော့မှ စစ်ထဲမဝင်မိစေနဲ့။ နင် အဲ့ဒါသတိထား။

ကလေးအနာဂတ်အတွက် သူ့အဖွားနေတဲ့ မုဒုံကိုသွား။ အမေ့ကို ငါအပ်ထားတဲ့ပိုက်ဆံနဲနဲရှိတယ်။ ငါးသိန်းလောက်ရှိမယ်။ အဲ့ဒါတောင်းလိုက်။

ဒီမှာအခွင့်အရေးပေးရင် ငါတပ်ပြေးမယ်။

ဦးထွန်း ဗိုက်ဘာကနေ စာကို ပုံရိုက်ပြီး ပို့ပေးလိုက်မယ်။

မသေရင် မရောက်ရောက်အောင် မိသားစုဆီ ငါပြန်လာမယ်။ တပ်က တော်တော်အခြေအနေဆိုးနေပြီ။

အခုစစ်ပွဲတွေက အဓိပ္ပာယ်မရှိဘူး။ အာဏာရူးတပ်ချုပ်ကစတဲ့ အရှုပ်ထုပ်တွေကို တပ်မတော်သားတွေက အသက်ပေးပြီး ရှင်းနေရတာ။ ငါနင့်စကားကို နားထောင်ခဲ့သင့်တာ။ အခုတော့ စောစော တပ်မပြေးမိလို့ နောင်တရနေပြီ။

သတိရတယ် နီလာ

သားလေးကို ဂရုစိုက်ပါ

ဒါပဲ…

#Credit_Org

တပ်တွင်းအမျိုးသမီးထုကြီးရေ ကိုယ့်မိသားစုဘဝဟာ ဘာနဲ့မှ လဲသင့်တဲ့အရာမဟုတ်ပါ။

တုန့်ဆိုင်းနေမိခဲ့လို့ အချိန်လွန်မှ ကိုယ့်လင်ယောကျာ်း ဆုံးရှုံးပီးမှ ရတဲ့နောင်တ မဖြစ်ပါစေနဲ့။

ကူညီပေးမဲ့ အဖွဲ့စည်းတွေလည်း အသင့်ရှိနေပါတယ်။

ပြည်သူ့စစ်သား ဇနီးများ အဖွဲ့ကို ဆက်သွယ်နိုင်ပါတယ်။