News

“သင်္ကြန်ရက် ချောင်းသာသွားတဲ့ ခရီးသည်ကား လမ်းဘေးတိမ်းမှာက်”

ဧရာ၀တီတိုင်းမ်

ဧပြီလ ၁၅ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းက ချောင်းသာကမ်းခြေကို သင်္ကြန်ရက်လာတဲ့ ခရီးသည် တင်ကား ၁ စီး ဧပြီလ ၁၄ ရက်နေ့က လမ်းဘေးတိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။

ခရီးသည်တင်ကားဟာ အုပ်စုလိုက်စုပေါင်းငှားလာတဲ့ကားဖြစ်ပြီး ချောင်းသာကို မရောက်ခင် ဉတိုတံတားကို ဖြတ်ကျော်ကာ ကုန်းအတက်မှာ နောက်ပြန်ထိုးကျတိမ်းမှောက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ မနေ့က ဖြစ်သွားတာ ကုန်းမတက်နိုင်လို့ နောက်ပြန်ပြုတ်ကျတာ လူတွေတော့ ဘာမှဖြစ်မသွားဘူး ကားတော့ ဘော်ဒီထိသွားတယ် လူတွေက ပွန်းတာပဲ့တာလောက်ပဲဖြစ်သွားတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

အုပ်စုလိုက် လူစုပြီး ချောင်းသာကို သင်္ကြန်ပျော်ဖို့လာတဲ့ ခရီးသည်တင်ကားဟာ နေ့လည် ၁၂ နာရီလောက်မှာ ကုန်းပေါ်က နောက်ပြန်ပြုတ်ကျခဲ့တာဖြစ်ပြီး လူသေဆုံးထိခိုက်တာမျိုးတော့မရှိဘူးလို့ ဆိုပါတယ်။

ချောင်းသာနားရောက်ကာနီ ဉတိုတံတား ကုန်းတက်ဟာ မြင့်တာကြောင့် ခရီးလမ်းမကျွမ်းကျင်တဲ့ ကားသမား အချို့ သတိထားမောင်းနှင်ရတဲ့ နေရာဖြစ်ပြီး ဧည့်သည်ကားတချို့ မတော်တဆမှုဖြစ်တက်တဲ့နေရာလို့ ဒေသခံ တွေက ပြောပါတယ်။

#Ayeyarwaddy_Times