SPREADING AWARENESS ♻️ အရေးကြီးလို့ ဖြန့်ပါ ‼️
ကမ္ဘာကြီးကို ကယ်တင်ဖို့ ၄ -၅ နှစ်လောက်ပဲ အချိန်ရပါတော့တယ်။ အခုလက်ရှိသုံးနေတဲ့ Fossil Fuel , Carbon Emissions တွေကြောင့် ရာသီဥတုဖောက်ပြန်မှုတွေ ဒီထက်ဆိုးလာပြီး နောင် ၁၂ နှစ်လောက်ထိသာ ကမ္ဘာကြီးက ရပ်တည်နိုင်တော့မယ်လို့ …
NASA ရဲ့ နာမည်ကြီး ရာသီဥတု သိပ္ပံပညာရှင်ဖြစ်တဲ့ Peter Kalmus ကိုယ်တိုင်အဖမ်းခံပြီးဆန္ဒပြခဲ့တာပါ။ ကမ္ဘာတစ်ဝှမ်းက သိပ္ပံပညာရှင်တွေကလည်း ဆန္ဒပြခဲ့ကြပါတယ်။
အဲ့ဒီ လို ၁၂ နှစ်မှာ ခံရမယ့် ရာသီဥတု ဆိုးရွားစွာဖောက်ပြန်မှုတွေကို မကြုံချင်ရင် ခုကတည်းက Save the Earth 🌍 ပါ ♻️
“သိပ္ပံပညာရှင်တွေ ပြောနေတာကို လစ်လျူရှုခဲ့လို့ ခံခဲ့ရတဲ့ ကမ္ဘာပျက်ကြောင်းရိုက်ပြတဲ့ movie တွေကြည့်ဖူးလား??”
“အခုလည်းအဲ့အတိုင်းပါပဲ”
“ကျွန်တော်တို့က ညာနေတာမဟုတ်ဘူး”
“ခြိမ်းခြောက်နေတာမဟုတ်ဘူး”
“အမှန်တရားတွေပြောနေတာပါ ”
ဆိုပြီး ပြောသွားပါတယ်။….
ဒီတော့ကမ္ဘာကြီးကို ကာကွယ်ဖို့ဆိုရင်ဘာတွေလုပ်ရမလဲ??
♻️ ပလတ်စတစ်တွေကို မလိုအပ်ရင် မသုံးပါနဲ့
ပြန်သုံးလို့ရတဲ့ အိတ်တွေနဲ့သာဈေးဝယ်ပါ
♻️ မလိုအပ်ရင် မီးပိတ်ပါ , ပလတ်ပေါက်ဆွဲနှုတ်ထားပါ
♻️ လက်ရေဆေးပြီးလို့ tissue မသုတ်ခင် ရေအရင်ခါလိုက်ပါ , tissue ကို လိုသလောက်သာသုံးပါ
♻️ ရေကိုချွေတာသုံးပါ
♻️ ကုန်သလောက်သာ အစားအစာ ကိုထည့်ပါ
လွှင့်မပစ်ပါနဲ့, ကုန်အောင်စားပါ
♻️ အမှိုက်လျှောက်မပစ်ပါနဲ့ (ကမ်းခြေမှာလည်း အမှိုက်တွေသောင်တင်နေတာ မြင်မကောင်းဘူး)
♻️ မလိုအပ်တဲ့ email တွေဖျက်ပါ ( carbon footprint အတွက်ပါ ) အောက်မှာရှင်းပြမယ်
♻️ သစ်ပင်စိုက်ပါ
‼️ Must control FOOD WASTE , E WASTE , & PLASTICS …
carbon footprints ဆိုတာ
Fossil Fuels တွေသုံးလို့ burn လို့ ထွက်လာတဲ့ Carbon dioxide တွေပါ
email တွေ spam emails တွေ က 2019 မှာ nearly 107 Billion ထိရှိတယ်လိုဆိုပါတယ်။
အကယ်၍ လူတစ်ဦးတစ်ယောက်တိုင်းက အဲ့ဒီ mail တွေကို ၁၀ ခုစီပဲဖျက်ရင်တောင် 1,725,00 Gb လောက် storage space လွတ်ပြီး around 55.2 million ကီလိုဝပ် အား ကို လျော့ချနိုင်မှာဖြစ်ပါတယ်။
ခု #LetTheEarthBreathe Campaign ကို ကမ္ဘာအနှံ့ပါဝင်နေကြပါတယ်.. Kpop cele တွေလည်း ပါဝင်လာကြပါပြီ .. ဒီကိစ္စဟာ မိမိတို့ တစ်ဦးချင်းစီကစ ကျင့်သုံးပြီး ကလေးတွေပါ အကျင့်ပါအောင် ထိန်းသိမ်းတတ်အောင် အသိပညာပေးကြပါ။
Dr.ထက်အိ 💕
#LetTheEarthBreathe #LetTheEarthBreath
Scientists are now getting arrested and getting desperate. We need to save the earth now!!! According to them, we only have 4-5 years. LET THE EARTH BREATH.