News

စစ်ကိုင်းတိုင်းကို ထိုးဖောက်ချီတက်လာတဲ့ KIA ဗိုလ်ချုပ် မရန်ဂျယ်ရဲ့ ကိုယ်တိုင်ရေးတဲ့စာ

🔥အောက်ပြည်အောက်ရွာအထိတိုက်ပွဲဝင်ဖို့ရွှေးချယ်ခြင်းခံရတဲ့အချိန်စိတ်ထဲမှာဘဝင်တော့သိပ်မကျပေမဲ့​တာဝန်အရဆိုတော့လည်းငြင်းဆန်လို့မရ​​တဲ့အဆုံးအမိမြေကချင်​​ပြည်နယ်​ကြီးကိုစွန့်ခွာ​ပြီးတစ်ကြိမ်တစ်ခါမျှအိမ်မက်ပင်မမက်ခဲ့ဖူးသောအောက်ပြည်အောက်ရွာသို့စစ်ချီခဲ့ပါတယ်။ကချင်ပြည်နယ်မှစစ်ကိုင်းတိုင်းအထိသွားရတာခက်ခဲမှုပေါင်းများစွာနဲ့ပါ..

🔥ကျွန်တော်တို့သွားခဲ့တဲ့အောက်​ပြည် အောက်ရွာခရီးလမ်းတစ်လျှောက်လက်သီးလက်မောင်းသန်းကာအရေးတော်ပုံအောင်ရမည်ဆိုပြီးရွာတိုင်းလိုလို အသံကုန်အော်ဟစ်သောအသံများ….ကျွန်တော်တို့ကိုကယ်တင်ရှင်ကြီးများလိုအားကိုးနေသောမျက်လုံးများ စားစရာ ငှက်ပျောသီး မုန့်ဖက်ထုတ် ဆေးပေါလိပ် မုန့်မျိုးစုံဖျော်ရည် လမ်းတစ်လျှောက်ဧည့်ခံပေးသောရွာသားများ၏စေတနာနှင့်ချစ်ခြင်းမေတ္တာများ..ထမင်းစားသွားဖို့အကြိမ်ကြိမ်ခေါ်ကာသားတို့ရယ် စခများကိုနိုင်အောင်တိုက်ပေးပါနော်အမေကြီးတို့ရှိသမျှစည်းစိမ်ပြုတ်ရင်ပြုတ်ပါစေ..ခံရဲပါတယ်အခုလည်းအိမ်မရှိ​တော့ဘူးဒီကောင်​တွေကိုနိုင်​အောင် အမြစ်ပြတ်အောင်တိုက်ပေးကြတဲ့..🥺

🔥အခုအချိန်မှာသူတို့ရဲ့တော်လှန်ရေးစိတ်ဓာတ်ဟာကျွန်တော်တို့ကချင်​ပြည်သူတွေထက်အဆပေါင်းများစွာအားကြီးနေတာတွေ့ရတော့ ကျွန်တော်တို့KIAရဲဘော်များနှင့်PDFများတိုက်ပွဲဝင်ဖို့ပိုပြီးတာဝန်​ကြီးသလို ​အားအင်​တွေလည်းတက်ခဲ့ရပါတယ်။စစ်ကိုင်းတိုင်းမှာနေရတာကျွန်​တော်တို့ကချင်ပြည်နယ်ထက်နည်းနည်း​တော့ပူပေမဲ့ပြည်သူများ၏မေတ္တာစေတနာများ​​ ကြောင့်အေးမျှပါတယ်။သူတို့ရဲ့ဆုံးရှုံးနစ်နာမှုတွေကိုတွေ့မြင်ပြီးကျွန်တော့တို့နုလုံးသားတွေလည်းတို့ထိကာကိုယ်စွမ်းရှိသမျှအဆုံးထိတိုက်ပွဲဝင်ဖို့အားခဲထားကြပါတယ်။

🔥ပင်လယ်ဘူးတိုက်ပွဲဟာနှစ်ဦးနှစ်ဘက်အကြိတ်အနယ်တိုက်ခဲ့ရတဲ့တိုက်ပွဲပါ..နှစ်ရက်အတွင်းရန်သူများမှလေယာဥ်ဖြင့်ဆယ်ကြိမ်မကဗုံးကျဲတိုက်ခိုက်ခဲ့ကြတယ်..လက်နက်ကြီးငယ်အမြှောက်မော်တာအစုံဖြင့်တိုက်ခိုက်ခဲ့ကြတယ်..ကျွန်တော်တို့ဘက်မှာလည်းရှိသမျှလက်နက်များဖြင့်အားကုန်ယမ်းကုန်တိုက်ခိုက်ခဲ့ကြတယ်။လေယာဥ်ဗုံးကျဲအနိုင်ကျင့်တိုက်ခိုက်မှုကြောင့်သာ ဤတိုက်ပွဲမှာ KIA နှင့် PDFရဲဘော်များ၏အသက်များပေးဆပ်ခဲ့ယုံမကထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ပါတယ်..ရန်သူဘက်မှလည်းတော်တော်အထိနာသည့်ပွဲပါ.​၎င်းတို့၏လက်နက်ခဲယမ်းများနှင့်ရိက္ခာပစ္စည်းအမြောက်အများကိုလည်းသိမ်းပိုက်ရရှိခဲ့ပါတယ်။

🔥ကျွန်တော်ဘက်မှအားနည်းချက်မှာ နာ​ကြည်းချက်စုံပုံနေ​ပြီ​ဖြစ်သော ပြည်မဘက်မှ PDFလူငယ်များ၏စိတ်အားထက်တန်မှုနှင့်စ်ိတ်တတ်ကြွမှုကိုထိန်းချုပ်ဖို့ခက်ခဲ​ခြင်း စစ်ကိုင်းတိုင်းတစ်လျှောက်မြို့ရွာများမှပြည်သူများ၏ဆုံးရှုံးမှုပေးဆပ်အနစ်ခံမှုများနှင့် နိုင်အောင်တိုက်ပေးကြပါနော်သားလေးတို့ရယ်…ဆိုသည့်ရင်ကွဲသံများကြောင့် မိမိတို့အထက်ခေါင်းဆောင်များဆုတ်ဆိုသော်လည်းနာခံမှုမရှိနိုင်တော့ဘဲရှေ့တိုးတိုက်ခိုက်ခဲ့​ကြခြင်းတို့ကြောင့်ဖြစ်သည်။…နောက်​နောင်တိုက်ပွဲများတွင်ခံစားချက်ကိုရှေ့တန်းအလွန်အမင်းမထားမိဖို့..အထက်အမိန့်ကိုနာခံဖို့ ကျွန်​တော်တို့၏အဖိုးတန်လှသည့်အသက်များဖြင့်စတေးကာ မျက်ရည်များနှင့်အတူသင်ခန်းစာရရှိခဲ့တဲ့တိုက်ပွဲပါ။ဲ